Home / 2024 / March / 16

Daily Archives: March 16, 2024

သနပ်ပင်မြို့နယ်အတွင်း တိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် တစ်နှစ်နွေစပါး(၂)သီးမှ ပထမသီးနှံ နွေစပါး ရိတ်သိမ်းနေမှုနှင့် ဒုတိယသီးနှံ နွေစပါး စိုက်ပျိုးနေမှုတို့အား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပဲခူး မတ် ၁၆ ==================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် မတ်လ(၁၅)ရက်နေ့၊ မွန်းလွဲပိုင်းက သနပ်ပင်မြို့နယ်အတွင်း တိုင်းဒေသကြီးအစိုးရအဖွဲ့အစီအစဉ်ဖြင့် ဆောင်ရွက်ထားမှုအခြေအနေအား ကွင်းဆင်း ကြည့်ရှု စစ်ဆေးခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် သနပ်ပင်မြို့နယ်၊ ကျိုက်ပဒိုင်ကြီး ကျေးရွာသို့ရောက်ရှိခဲ့ပြီး ကျိုက်ပဒိုင်ကွင်းသည် ရေကြီးရေနက်ကွင်းဖြစ်ပြီး ယခင်က ရေကျနောက်စိုက် နွေစပါး(၁)သီးသာ လယ်မြေအနည်းငယ်တွင် စိုက်ပျိုးနိုင်သည့် ဒေသဖြစ်သော်လည်း သီးထပ်စွမ်းအားနှင့် သီးနှံစိုက်စွမ်းအား တိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်ပေးနိုင်ခဲ့မှုကြောင့် ယခုအခါ နွေစပါး(၂)သီး၊ မြေ ဧရိယာ(၂၀၂၀)ဧက အောင်မြင်စွာ စိုက်ပျိုးနိုင်ခဲ့သည်ကို လက်တွေ့တွေ့မြင်နေရပြီဖြစ်ကြောင်း၊ ဒေသခံ တောင်သူများအနေဖြင့်  မိရိုးဖလာစိုက်ပျိုးနည်းစနစ် ပြောင်းလဲခြင်း၊  မျိုးကောင်းမျိုးသန့် ပြောင်းလဲခြင်း နှင့်အတူ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဒေသခံလယ်သမားများ၏ စိုက်ပျိုးမြေများ အဆင့်မြှင့်တင်ပေးခြင်း၊ စိုက်ပျိုးရေရရှိရေး ဆောင်ရွက်ပေးခြင်းတို့ကြောင့် စိုက်ပျိုးသီးနှံများ အချိန်တိုအတွင်း တိုးတက်ထုတ်လုပ် ရရှိခဲ့ခြင်းကို …

Read More »