Home / 2024 / March / 23

Daily Archives: March 23, 2024

(၇၉)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပဲခူး-သနပ်ပင်-ခရမ်း-သန်လျင်လမ်းပေါ်ရှိ သနပ်ပင်မြို့တွင်းတံတားအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ဖွင့်လှစ်

ပဲခူး မတ်လ ၂၃ ===========           (၇၉)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပဲခူး-သနပ်ပင်-ခရမ်း-သန်လျင်လမ်း ပေါ်ရှိ သနပ်ပင်မြို့တွင်းတံတားဖွင့်ပွဲအား မတ်လ(၂၃)ရက်နေ့၊ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မူလသနပ်ပင်မြို့တွင်းတံတားသည် တစ်လမ်း သွားဘေလီတံတားဖြစ်ပြီး တံတားပေါ်ယာဉ်ဖြတ်သန်းစဉ် အခြားဘက်မှ ယာဉ်များစောင့်ဆိုင်းရခြင်း၊ ယာဉ် တစ်စီးချင်းစီသာ ဖြေးဖြေးမောင်းနှင့်ဖြတ်သန်းရခြင်း၊ ဒေသခံပြည်သူများ၊ ကျောင်းသား/သူများအတွက် ယာဉ်ကြောကြပ်တည်းခြင်းနှင့် ယာဉ်အန္တရာယ်ဖြစ်ပေါ်မှုများ ကင်းဝေးစေရန်၊ သနပ်ပင်မြို့အတွက် သာမက သီလဝါအထိ ချိတ်ဆက်မည့် လမ်းမကြီးပေါ်တွင် တည်ရှိခြင်းကြောင့် ကုန်စည်စီးဆင်းမှုမြန်ဆန် သွက်လက် စေရေးနှင့် ဒေသခံပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေးတို့အတွက် လိုအပ်လျက်ရှိသည့် သနပ်ပင်မြို့တွင်းတံတားအား နှစ်လမ်းသွားသံကူကွန်ကရစ်တံတားအဖြစ် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ငွေကျပ် (၃၇၁၇)သန်းဖြင့် တည်ဆောက်ပေးခဲ့ခြင်းဖြစ်ကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့သည်။           ထို့နောက် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းဖေက သနပ်ပင်မြို့တွင်းတံတား …

Read More »