Home / 2024 / March / 03

Daily Archives: March 3, 2024

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး ပန်းတောင်းမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်း ကြည့်ရှုစစ်ဆေး

ပြည် မေ ၃ ================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် မေလ(၂)ရက်နေ့က ပြည်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သော ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး ပန်းတောင်း မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။        ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပြည်မြို့၊ အထွေထွေ ရောဂါကု ဆေးရုံကြီး၌ ဆေးကုသမှုခံယူနေသော ပန်းတောင်းမြို့နယ်၊ ဗောဓိတစ်ထောင်ဆရာတော်ကြီးအား သွားရောက်ဖူးမြော်ခဲ့ပြီး လှူဖွယ်ဝတ္တုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ပြည်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သည့် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိ ပညာပေးဆွေးနွေးပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ကာ ပြည်သူ့စစ်မှုထမ်းဥပဒေပြဌာန်းရခြင်းဆိုင်ရာ ကိစ္စရပ်များ၊ ပြည်သူ့စစ်တစ်ဦး၏ ရပိုင်ခွင့်နှင့် အကျိုးခံစားခွင့်များ၊ လုပ်ငန်းတာဝန်များနှင့် ရပ်ရွာဒေသ လုံခြုံရေးဆိုင်ရာကိစ္စရပ်များအား အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာသည့် ဒေသခံ ပြည်သူများအား ရင်းရင်းနှီးနှီး …

Read More »

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ပဲခူးတိုင်း(အနောက်ခြမ်း) ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု စစ်ဆေး

ပြည် မတ် ၂ ==================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေဿကြီးအဆင့် ဌာနဆိုင်ရာများလိုက်ပါလျက် မတ်လ(၁)ရက်နေ့၊ မွန်းလွဲပိုင်းက ပဲခူးတိုင်း (အနောက်ခြမ်း) ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် နတ်တလင်းမြို့၊ အထွေထွေရောဂါကု တိုးချဲ့(၂)ထပ် အဆောက်အဦသစ် ဆောက်လုပ်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး သတ်မှတ်စံချိန် စံညွှန်းများနှင့် အချိန်မီပြီးစီးရေး ဆောင်ရွက်သွားရန်၊ သတ်မှတ်အခန်းများအလိုက် လိုအပ်သည့် စက်ပစ္စည်းများနှင့် အသုံးအဆောင်ပစ္စည်းများ အချိန်မီတပ်ဆင်သွားရန်နှင့် ဆေးရုံဝန်းအတွင်း မြေယာ ရှုခင်းများ လှပသေသပ်စေရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ပြီး ဆေးရုံအတွင်း လှည့်လည် ကြည့်ရှုခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပြည်မြို့နယ်၊ တီတွတ်ကျေးရွာအနီး ဘက်စုံမွေးမြူရေးဇုံ အကောင်အထည်ဖော် ဆောင်ရွက်နေမှုများ ကွင်းဆင်းကြည့်ရှုခဲ့ရာ မွေးမြူသည့် တိရစ္ဆာန်အမျိုးအစားလိုက်ခွဲခြားပြီး …

Read More »

ပဲခူးတိုင်းဒေသကြီး(အနောက်ခြမ်း)တွင် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံ ဆောင်ရွက်လျက်ရှိသော တပ်မတော်သားများနှင့် ရဲတပ်ဖွဲ့ဝင်များအတွက် စားသောက် ဖွယ်ရာများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်

ပြည် မတ် ၁ ============= ဒေသကွဲကပ်ကဲမှုစစ်ဌာနချုပ်(ပြည်)၊ ဧည့်ခန်းမနှင့် ပြည်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးတို့၌ မတ်လ(၁)ရက်နေ့၊ မွန်းလွဲပိုင်းက ပဲခူးတိုင်းဒေသကြီး(အနောက်ခြမ်း)အတွင်း လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံ ဆောင်ရွက်လျက်ရှိသော တပ်မတော်သားများနှင့် ရဲတပ်ဖွဲ့ဝင်များအတွက် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် ဆန်းဌေးမောင်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တပ်မတော်မှ အရာရှိကြီးများ၊ သာယာဝတီခရိုင်၊ နတ်တလင်းခရိုင်နှင့် ပြည်ခရိုင်တွင်းရှိ မြို့ပေါ်ဈေးသူ/ဈေးသားများ တက်ရောက်ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များဟာ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး၊လုံခြုံရေးကိစ္စရပ်များ၊ ပြည်သူ့အကျိုးပြုလုပ်ငန်းများအား နေ့ညမနား စွမ်းစွမ်းတမံဆောင်ရွက်နေမှုအပေါ် ပြန်လည်ကျေးဇူး တုံ့ပြန်သောအားဖြင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် မြို့နယ် ၂၈ မြို့နယ်ရှိ မြို့ပေါ် ဈေးသူ/ဈေးသားများက အသင့်စား စားသောက်ဖွယ်ရာများ လှူဒါန်းရရှိမှုကို ယနေ့လာ‌ရောက်ပံ့ပိုး ထောက်ပံ့ပေးရခြင်းကြောင်း ဂုဏ်ပြုအမှာစကား …

Read More »