Home / 2024 / May / 19

Daily Archives: May 19, 2024

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပြည်ခရိုင်အတွင်း စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုအခမ်းအနားသို့ တက်ရောက်ချီးမြှင့်

ပြည် မေ ၁၉           ပြည်မြို့၊ သီရိခေတ္တရာရတနာခန်းမ၌ မေလ(၁၈)ရက်နေ့၊ နံနက်ပိုင်းက ပြည်ခရိုင်အတွင်း စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုအခမ်းအနား ကျင်းပ ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက် ချီးမြှင့်ခဲ့သည်။           ရှေးဦးစွာ ပြည်မြို့၊ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူများက စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုအခမ်းအနား “ပညာ ဘဏ်တိုက်၊ စာကြည့်တိုက်”သီချင်းဖြင့် စတင်ဖွင့်လှစ်ပေးခဲ့ပြီး “စာပဒေသာ ဝေဆာစေမည်” Video Clip အား ကြည့်ရှုခဲ့ကြသည်။           ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မိမိတို့နိုင်ငံ၏ အမျိုးသားရေး ရည်မှန်းချက်များ အောင်မြင်စေရန် ဖွံ့ဖြိုးတိုးတက်သော လူ့ဘောင်အသိုင်းအဝိုင်း၊ သာယာဝပြော သည့် အသိုက်အဝန်းနှင့် မြန်မာနိုင်ငံကို ကမ္ဘာနှင့်ယှဉ်ပြိုင်နိုင်သည့် လူ့ဘောင်တည်ဆောက်နိုင်ရန် အသိပညာ၊ …

Read More »

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သာယာဝတီခရိုင်အတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

သာယာဝတီ မေ ၁၈ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် မေလ(၁၇)ရက်နေ့၊ နံနက်ပိုင်းက သာယာဝတီခရိုင်အတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် သာယာဝတီမြို့နယ်၊ ကျွဲသတ်ကျေးရွာ၊ ကျွန်းကုန်းကွင်း၌ တစ်ကွင်းတစ်ဆက်တည်း နွေစပါး မြေဧရိယာ(၈၀၀)ဧက ကောင်း၊ သင့်၊ ညံ့ အပိုင်းလိုက် ခွဲခြားရိတ်သိမ်းနေမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့ရာ  တစ်ဧက လျှင် အစိုတင်းပျမ်းမျှ(၁၃၅)တင်းကျော် ထွက်ရှိခဲ့ကြောင်း သိရှိရသည်။ ၎င်းနောက် ဒေသခံ တောင်သူများနှင့်တွေ့ဆုံ၍ စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင်အထွက်နှုန်း ရရှိရေးနှင့် တောင်သူဝင်ငွေ တိုးတက်ရရှိစေရေး ရက်တိုသင်တန်းများ ဖွင့်လှစ်ပေးနိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီး ဒေသခံတောင်သူများအတွက် ပဲစဉ်းငုံမျိုးသန့်စေ့များ ထောက်ပံ့ပေး အပ်ခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လက်ပံတန်းမြို့နယ်၊ ချမ်းသာကုန်း ကျေးရွာအုပ်စု၌ လက်ဆွဲကောင်စိုက်စက်ဖြင့် စိုက်ပျိုးထားသည့် …

Read More »

ပဲခူးတိုင်းဒေသကြီး ၂၀၂၄ခုနှစ်၊ စာတတ်မြောက်ရေးလုပ်ငန်း ဂုဏ်ပြုပွဲအခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်

ပဲခူး မေ ၁၇ ပဲခူးမြို့၊ မြို့တော်ခန်းမ၌ မေလ(၁၆)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး ၂၀၂၄ခုနှစ်၊ စာတတ် မြောက်ရေးလုပ်ငန်း ဂုဏ်ပြုပွဲအခမ်းအနားကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် နှင့်ဇနီးတို့ တက်ရောက် ချီးမြှင့်ပေးခဲ့သည်။ ရှေးဦးစွာ ပဲခူးမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ ကျောင်းသူ များ က “ဒို့အင်အား”သီချင်းဖြင့် သီဆိုဖျော်ဖြေဖွင့်လှစ်ပေးသည်။           ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက စာမတတ်သူ ဦးရေလျော့ချသွား နိုင်မှာသာ အကောင်းအဆိုး အကြောင်းအကျိုး ခွဲခြားနိုင်ပြီး နှစ်အလိုက် စာတတ်မြောက်လာ စေရေးကို နှစ်အလိုက် စီမံချက်ချ ဆောင်ရွက်သွားရမှာဖြစ်ပြီး စာတတ်မြောက်ပြီးသူများအား စာဖတ်ချိန်မြှင့်တင်ခြင်း၊ ဝင်ငွေတိုးပွားအောင် ချိတ်ဆက်ဆောင်ရွက်ခြင်း၊ ကျန်းမာလုံခြုံသော ဘဝများပိုင်ဆိုင်ဖို့  “စဉ်ဆက်ပညာရေး”ကို ဆက်လက်ဆောင်ရွက်သွားကြရန်၊ အခြေခံစာတတ် မြောက်ရေးတွင် သင်ကြားပေးခဲ့သည့် သင်္ချာဘာသာရပ်၊ အရေးအဖတ်ဘာသာရပ်နှင့် သက်မွေး ပညာဘာသာရပ်များအား စဉ်ဆက်မပြတ် ဆက်လက်လေ့လာ ဆည်းပူးသွားရန် …

Read More »