Home / 2024 / May / 23

Daily Archives: May 23, 2024

ပဲခူးမြို့၊ ဆုတောင်းပြည့်ဆံတော်ရှင် ရွှေမော်ဓောစေတီတော်မြတ်ကြီးတွင် ကဆုန်ညောင်ရေသွန်းလောင်း ပူဇော်ပွဲ

ပဲခူး မေ ၂၃ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှဦးဆောင်၍ ကဆုန်လပြည့် (ဗုဒ္ဓနေ့)၊ မေလ(၂၂)ရက်နေ့ ညနေပိုင်းက ပဲခူးမြို့ ဆုတောင်းပြည့်‌ဆံတော်ရှင် ရွှေမော်ဓောစေတီတော်မြတ်ကြီး အရှေ့ဖက်မုခ် မဟာဗောဓိညောင်ပင်၌ ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ခြင်း မင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ကြည်ညိုခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီး၊ အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ဂေါပကအဖွဲ့များ၊ ဘာသာရေးအသင်းအဖွဲ့များ၊ ပဲခူးမြို့နေ ပြည်သူများက ရွှေမော်ဓောစေတီတော်မြတ်ကြီးအား လက်ယာရစ်လှည့်လည်ပူဇော်ကြသည်။ ထို့နောက် ဆုတောင်းပြည့်‌ဆံတော်ရှင် ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ (၇၃)ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ခြင်း မင်္ဂလာအခမ်းအနားအား အခမ်းအနားမှူးမှ “မဟာဗောဓိ ဒုမေနာထော ဗောဓိပူဇနာဝန္ဒနာ” ဂါထာဖြင့် ရွတ်ဖတ်ပူဇော်၍ အခမ်းအနား ကိုဖွင့်လှစ်ပြီး ဂေါပကအဖွဲ့မှ “မဟာဗောဓိပင်ဘုရားရှိခိုး” ရွတ်ဆို၍ ဗဟာဗောဓိပင်ကိုရှိခိုးပူဇော်ခြင်း၊ “ပတျာဝတ္တဂါထာ” ကိုရွတ်ဆို၍ မဟာဗောဓိပင်ကို ပန်း၊ ရေချမ်း ကပ်လှူပူဇော်ခြင်းများ …

Read More »

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ပထမအကြိမ် ဆီဆွမ်းလောင်းလှူပွဲ ကျင်းပပြုလုပ်

ပဲခူး မေ ၂၃           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ပထမအကြိမ် ဆီဆွမ်းလောင်းလှူပွဲအား ၁၃၈၆ ခုနှစ်၊ ကဆုန်လပြည့် ဗုဒ္ဓနေ့၊ မေလ(၂၂)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့၊ ရှေးဟောင်းသမိုင်းဝင် ဆံတော်ရှင် ကျိုက်ပညာယျစေတေီတော်မြတ်ကြီး၏ ရင်ပြင်တော်ပေါ်၌ ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်လောင်းလှူ ပူဇော်ခဲ့ကြသည်။           ရှေးဦးစွာ ကြွရောက်လာသည့် သံဃာတော်အပါး(၁၀၀၀)တို့က ရှေးဟောင်းသမိုင်းဝင် ဆံတော်ရှင် ကျိုက်ပညာယျစေတေီတော်မြတ်ကြီး နမောတဿ သုံးကြိမ်ရွတ်ဆို၍ ဘုရားကန်တော့ခဲ့ကြပြီး မေတ္တာသုတ် ပရိတ်တော်များ ရွတ်ပွားပူဇော်ခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦမျိုးဆွေဝင်းသည် ဌာနဆိုင်ရာ များ၊ စေတနာရှင် အလှူရှင်များနှင့် လူမှုရေးအသင်းအဖွဲ့တို့၏ ဆီဆွမ်းလောင်းလှူပွဲတွင် ပါဝင်လောင်းလှူမည့် လှူဖွယ်ဝတ္တုပစ္စည်းများ ခင်းကျင်းပြသထားမှုနှင့် စတုဒီသာကျွေးမွေးနေမှုတို့အား လိုက်လံကြည့်ရှုအားပေးခဲ့ပြီး အလှူရှင်များအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးခဲ့သည်။           ထို့နောက် …

Read More »