ပဲခူး ဧပြီ ၁၈ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ဧပြီလ(၁၈)ရက်နေ့၊ နံနက်ပိုင်းက ဇီးကုန်းမြို့နယ်နှင့် ကြို့ပင်ကောက်မြို့နယ်တို့ရှိ လေပြင်း တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် နေအိမ်များအတွက် သွားရောက်ပံ့ပိုးဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများသည် ဇီးကုန်းမြို့၊ အမှတ်(၁)ရပ်ကွက်၊ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)သို့ ရောက်ရှိခဲ့ပြီး လေဘေးသင့်ပြည်သူများနှင့် တွေ့ဆုံအားပေးစကားပြောကြားခဲ့ပြီး ပြိုလဲနေအိမ်အတွက် တစ်လုံးလျှင်(၂)သိန်းနှုန်းနှင့် ကယ်ဆယ်ရေး ပစ္စည်း (၁၆)မျိုးပါ Family Kit (၁)ပုံး၊ တစ်စိတ်တစ်ပိုင်း ပျက်စီးနေအိမ် တစ်လုံးလျှင် (၅)သောင်းနှုန်းနှင့် ထိခိုက်ခဲ့သည့် ဘုန်းတော်ကြီးကျောင်း တစ်ကျောင်းလျှင် (၅)သိန်းနှုန်းဖြင့် စုစုပေါင်းငွေကျပ် (၂၃၂,၅၀,၀၀၀) ပံ့ပိုးဆောင်ရွက်ပေးခဲ့ပြီး စာသင်ကျောင်းအတွင်း သန့်ရှင်းရေးဆောင်ရွက်ပေးနေသည့် တပ်မတော်သားများအား ချီးမြှင့် ငွေများ ပေးအပ်ခဲ့သည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့ …
Read More »
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website