Home / 2026 / April / 28

Daily Archives: April 28, 2026

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပြည်မြို့နယ်အတွင်း စိုက်ပျိုးစွမ်းအား တိုးတက်မြင့်မား စေရေး ကွင်းဆင်းဖြည့်ဆည်းဆောင်ရွက်

ပြည် ဧပြီ ၂၈           ပဲခူးတိုင်းဒေကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ယမန်နေ့ မွန်းလွဲပိုင်းက ပြည်မြို့နယ်အတွင်း စိုက်ပျိုးစွမ်းအားတိုးတက်မြင့်မားစေရေး ကွင်းဆင်း ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပြည်မြို့၊ နဝဒေးရပ်ကွက်ရှိ ရွှေဝါထွန်း စိုက်ပျိုးရေးစက်ကိရိယာမျိုးစုံထုတ်လုပ်ရေး အလုပ်ရုံသို့သွားရောက်၍  မြေယာထွန်ယှက်စက် ဆန်းစပ်တီထွင်လုပ်နေမှု၊ ကြံလမိုင်းဖြတ်စက်ထုတ်လုပ်နေမှု၊ လက်ဆွဲမျိုးစေ့ချကိရိယာ Drum Seeder များ ထုတ်လုပ်နေမှုတို့အား ကွင်းဆင်းကြည့်ရှုအားပေးခဲ့ပြီး စက်ရုံအလုပ်ရုံများအားလုံး Solar စနစ်ကိုသုံးစွဲနိုင်ရေး၊ ပြည်ပသွင်းကုန်အစားထိုး ဒေသတွင်းစွန့်ဦးတီထွင်၍ လယ်ယာသုံးစက်ကိရိယာ ထုတ်လုပ်နေသူများအား အားပေးမြှင့်တင်ပေးရန်နှင့် လိုအပ်သည့်နည်းပညာရရှိရေး အားလုံးပူးပေါင်း ဆောင်ရွက်ပေးရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။           ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများသည် နဝဒေးရပ်ကွက် ရှိ  ဦးသိန်းနိုင်၏ “သာလီစွ”အမှတ်တံဆိပ်ဖြင့် သံပုရာ၊ ကွမ်း၊ …

Read More »

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း KG နှင့် Grade 1 သင်ပြနည်းစနစ်နှင့် မူကြိုသင်ပြနည်း စနစ် ချိတ်ဆက်ဆောင်ရွက်နိုင်ရေးအတွက် ရှေးဦးကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ တို်ငးဒေသကြီးအဆင့် ဆွေးနွေးပွဲတက်ရောက်

ပြည် ဧပြီ ၂၇           ပြည်မြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ သိရီရတနာခန်းမ၌ ဧပြီလ(၂၇)ရက်နေ့ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး (အနောက်) KG နှင့် Grade 1 သင်ပြနည်းစနစ်နှင့် မူကြိုသင်ပြနည်း စနစ် ချိတ်ဆက်ဆောင်ရွက် နိုင်ရေးအတွက် ရှေးဦးကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ တို်ငးဒေသကြီးအဆင့် ဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတို်ငးဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ခဲ့သည်။           ရှေးဦးစွာ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူများက “မြန်မာ့ကျောင်း” သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြသည်။ ယင်းနောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပညာရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံ ခြင်းသည် နိုင်ငံတော်၏ အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် တန်ဖိုးအရှိဆုံးသော ရင်းနှီးမြှုပ်နှံမှုဖြစ်သည့် အတွက် ပညာရေးကဏ္ဍဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး ဘက်ပေါင်းစုံမှ ဖြည့်ဆည်းဆောင်ရွက်ပေးသွားမှာ ကြောင်း၊ ပညာရေးအညွှန်းကိန်းများဖြစ်သော ကျောင်းဝင်နှုန်း၊ ကျောင်းနေနှုန်း၊ အတန်းပြီးမြောက်နှုန်း၊ အတန်းကူးပြောင်းနှုန်း၊ …

Read More »

ကာကွယ်ရေးဦးစီးချုပ်ရုံး(လေ)၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ပြည်)တို့မှ ပူးပေါင်းစီစဉ်ဖွင့်လှစ်သည့် လေကြောင်းလူငယ်အခြေခံသင်တန်း အမှတ်စဉ်(၁/၂၀၂၆)သို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ဖွင့်လှစ်ပေးခဲ့

ပြည် ဧပြီ ၂၇           ပြည်မြို့၊ ခေတ္တရာရတနာခန်းမ၌ ဧပြီလ(၂၇)ရက်နေ့၊ နံနက်ပိုင်းက ကာကွယ်ရေးဦးစီးချုပ်ရုံး (လေ)၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ပြည်)တို့မှ ပူးပေါင်းစီစဉ်ဖွင့်လှစ်သည့် လေကြောင်းလူငယ်အခြေခံသင်တန်းအမှတ်စဉ်(၁/၂၀၂၆)သို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက လေကြောင်းလူငယ်သင်တန်း တက်ရောက် ခြင်းအားဖြင့် လေကြောင်းဆိုင်ရာပညာရပ်များ အခြေခံအဆင့် ကျွမ်းကျင်တတ်မြောက်ခြင်း၊ စိတ်ဓါတ်၊ စည်းကမ်း ကောင်းမွန်ပြီး ကျန်းမာကြံ့ခိုင်စွာဖြင့် စုပေါင်းဆောင်ရွက်တက်မှု အလေ့အကျင့်ကောင်းများ ရရှိစေခြင်း၊ လေကြောင်းနှင့်အာကာသသိပ္ပံပညာရပ်များတွင် စိတ်ဝင်စားမှု ပိုမိုတိုးပွားလာပြီး နိုင်ငံတော် အတွက် အနာဂတ်ကာလမှာ စိတ်ဓာတ်နှင့်အကျင့်စာရိတ္တမြင့်မားသည့် အင်အားသစ်လူငယ်များ ပေါ်ထွက် လာစေရေး ဖွင့်လှစ်သင်ကြားပေးရခြင်းဖြစ်ကြောင်း၊ ယခုသင်ကြားပေးသည့် လေကြောင်းလူငယ်သင်တန်း မှ ထူးချွန်သည့် ကျောင်းသား/သူများသည် လေယာဉ်/ရဟတ်ယာဉ်အစစ်တွေကို နည်းပြလေသူရဲများနှင့် အတူ လိုက်ပါစမ်းသပ်ပျံသန်းခွင့်ရရှိနိုင်မှာဖြစ်သည့်အပြင် နောင်နှစ်တွင်ဖွင့်လှစ်မည့် တန်းမြင့်လူငယ် လေကြောင်းသင်တန်းကို တက်ရောက်ခွင့်ရရှိမှာဖြစ်ကြောင်းနှင့် …

Read More »

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း နတ်တလင်းခရိုင်အတွင်း စိုက်ပျိုးရေးကဏ္ဍ ဘက်စုံဖွံ့ဖြိုး တိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်

နတ်တလင်လင်း ဧပြီ ၂၆             ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်တူ ဧပြီလ(၂၆) ရက်နေ့၊နံနက်ပိုင်းက နတ်တလင်းခရိုင်အတွင်း စိုက်ပျိုးရေးကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။             ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် နတ်တလင်းမြို့နယ်၊ ရွာသာကုန်း ကျေးရွာအုပ်စု၌ ရေဆင်းပေါ်ဆန်း(၁) မျိုးသန့်မျိုးစေ့ထုတ်စိုက်ခင်း (၄၀)ဧက စိုက်ပျိုးအောင်မြင်ဖြစ်ထွန်း နေမှု၊ ဓါတ်မြေဩဇာနှင့် သဘာဝမြေဩဇာ စုပေါင်းကြဲပတ်နေမှုအား ကွင်းဆင်းကြည့်ရှုအားပေးခဲ့ပြီး ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ သဘာဝမြေဩဇာ ကိုယ်တိုင်ပြုလုပ်ပြီး ကျယ်ကျယ်ပြန့်ပြန့်သုံးစွဲရန်၊ ဒေသနွားမွေးမြူရေးနှင့် သဘာဝရွက်ဖြန်းမြေဩဇာသုံးစွဲနိုင်ရေးနှင့် လာမည့်မိုးစပါးရာသီတွင် တန်ဖိုးမြှင့် ပေါ်ဆန်းစပါး ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးနိုင်ရေး စီစဉ်ဆောင်ရွက်ပေးရန် တာဝန်ရှိသူများအား လမ်းညွှန် မှာကြားခဲ့သည်။               ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်သည် နတ်တလင်းမြို့၊ ရွှေလင်းခန်းမ ဘက်စုံ အဆင့်မြှင့်တင်ပြီးစီးမှုအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး အများပြည်သူနှင့်သက်ဆိုင်သည့် အခမ်း အနားများ …

Read More »