Home / 2026 / April / 17

Daily Archives: April 17, 2026

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ဆဌမအကြိမ်မြောက် မြန်မာနှစ်သစ်ကူး တရားအလှူတော် ဓမ္မသဘင်ပွဲ(ပထမ)ည ကျင်းပ

ပဲခူး ဧပြီ ၁၇         ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် ဆဌမအကြိမ်မြောက် မြန်မာနှစ်သစ်ကူး တရားအလှူတော် ဓမ္မသဘင်ပွဲ(ပထမ)ညကို ဧပြီလ(၁၇)ရက်နေ့၊ မြန်မာသက္ကရာဇ် ၁၃၈၈ခုနှစ်၊ ကဆုန်လဆန်း(၂)ရက်နေ့ ညပိုင်းအချိန်က ပဲခူးမြို့ ရုံးကြီးရပ်ကွက်၊ ဆေးရုံလမ်းနှင့် ပြည်တော်သာလမ်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးရှေ့ရှိ မြန်မာနှစ်သစ်ကူး တရားအလှူတော် ဓမ္မသဘင်မဏ္ဍပ်၌ ကျင်းပ ပြုလုပ်သည်။         ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊  ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီးဒေါ်စိုးစိုးသက်၊ အစိုးရအဖွဲ့ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ တိုင်းဒေသကြီးဥပဒေချုပ်၊ အစိုးရအဖွဲ့အတွင်းရေးမှူးနှင့်ဇနီး၊ တိုင်းဒေသကြီး၊ခရိုင်၊မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်ကျေးရွာများမှ တရားနာပရိတ်သတ်များက ပဲခူးမြို့ သာသနာ့မဏ္ဍိုင်ပါဠိတက္ကသိုလ်ကျောင်းတိုက်၊ တိုက်အုပ်စာချဆရာတော် ဘဒ္ဒန္တသုန္ဒရ (အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ)၊ (နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်) ထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။            ထို့နောက် ပဲခူးမြို့ သာသနာ့မဏ္ဍိုင်ပါဠိတက္ကသိုလ်ကျောင်းတိုက်၊ တိုက်အုပ်စာချဆရာတော် ဘဒ္ဒန္တသုန္ဒရ (အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ)၊ (နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်)က “သိင်္ဂါလောဝါဒ သုတ္တန်” တရားခေါင်းစဉ်ဖြင့် ဟော‌ကြားတော်မူပြီး ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းက …

Read More »

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှဦးဆောင်၍ ၁၃၈၈ ခုနှစ်၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့ ဇီဝိတဒါနငါးလွှတ်ပွဲ နှင့် သက်ကြီး ဘိုးဘွားများအား ပူဇော်ကန်တော့ပွဲ ကျင်းပပြုလုပ်

ပဲခူး ဧပြီ ၁၇           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှဦးဆောင်၍ ၂၀၂၆ခုနှစ်၊ ဧပြီလ(၁၇)ရက်၊ မြန်မာသက္ကရာဇ် ၁၃၈၈ခုနှစ်၊ နှစ်ဆန်းတစ်ရက်နေ့ နံနက်ပိုင်းအချိန်က ဇီဝိတဒါနငါးလွှတ်ပွဲနှင့် သက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့ခြင်း အခမ်းအနား ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ ပဲခူးမြို့၊ ဟံသာဝတီရှေးဟောင်းကျုံးရေပြင်၌ ဇီဝိတဒါနငါးလွှတ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီး ဒေါ်စိုးစိုးသက်၊ ပဲခူးတိုင်း ဒေသကြီးလွှတ်တော် ဥက္ကဋ္ဌနှင့် ဇနီး၊ တရားလွှတ်တော် တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ ဥပဒေချုပ်၊ အတွင်းရေးမှူးနှင့် တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာ များမှ ငါးမြစ်ချင်း၊ ငါးကြင်းရွှေဝါ၊ ငါးခုံးမကြီး စုစုပေါင်းအကောင်ရေ (၁၅၀၀၀၀) အား ကျုံးရေပြင် အတွင်းသို့ လွှတ်ပေးခဲ့ကြသည်။ ၎င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး တာဝန်ရှိသူများက ငှက်မျိုးစုံ(၁၅၀) ကောင်အား ကုသိုလ်ပြုလွှတ်ပေးခဲ့ကြကြောင်း သိရှိရသည်။           …

Read More »

ပဲခူးတိုင်းဒေသကြီး မဟာသင်္ကြန်ပွဲတော် ပိတ်ပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ

ပဲခူး ဧပြီ ၁၇        ၁၃၈၇ခုနှစ် ပဲခူးတိုင်းဒေသကြီး မဟာသင်္ကြန်ပွဲတော် ပိတ်ပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဧပြီလ (၁၆)ရက်နေ့ ညနေပိုင်းအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးရှေ့ရှိ ဗဟိုမဏ္ဍပ်၌ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ပေးခဲ့သည်။           ရှေးဦးစွာ ပြိုင်ပွဲဝင် ယိမ်းအဖွဲ့များအား ဆုချီးမြင့်ခြင်းပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီး ဒေါ်စိုးစိုးသက်တို့က ပထမဆုရရှိသော ဘုရားကြီးမြို့ကိုယ်စားပြု အတာတန်ခူးမေ သံသာထွဋ်ဇေယိမ်းအဖွဲ့နှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကိုယ်စားပြု ယိမ်းအဖွဲ့တို့အား ချီးမြှင့်ငွေကျပ် (၂၅)သိန်းစီနှင့် တံခွန်စိုက်ဆုဖလားတို့ကိုအသီးသီး ပေးအပ်ချီးမြှင့်ကြပြီး ဒိုင်အဖွဲ့၊ အနုပညာရှင်များအား ဂုဏ်ပြုငွေ နှင့် ဂုဏ်ပြုပန်းခြင်း ပေးအပ်ချီးမြှင့်ခဲ့သည်။       ထို့နောက် ဒုတိယဆုရရှိသော နွေဦးမဒီယိမ်းအဖွဲ့နှင့် ပဲခူးတိုင်းဒေသကြီးရဲတပ်ဖွဲ့ကိုယ်စားပြု ဟင်္သာဌာနေ ရဲပျိုမေယိမ်းအဖွဲ့တို့အား ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌနှင့်ဇနီးတို့က ချီးမြှင့်ငွေကျပ် (၂၀)သိန်းနှင့် ဆုတံဆိပ်တို့ကို ပေးအပ်ချီးမြှင့်ကြပြီး ပူးတွဲတတိယဆုရရှိသည့် ညောင်အင်းပိတောက်ပျိုမေ ယိမ်းအဖွဲ့နှင့် …

Read More »