Home / 2026 / April / 25

Daily Archives: April 25, 2026

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ ဒေသတွင်း MSMEs စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံ

ပဲခူး ဧပြီ ၂၅           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဧပြီလ(၂၄)ရက်နေ့၊ မွန်းလွဲပိုင်းက ပဲခူးတိုင်းဒေသကြီးအတွင်းရှိ MSMEs လုပ်ငန်းများ အရှိန်အဟုန်ဖြင့် တိုးတက်လာစေရေး MSMEs စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံခဲ့သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက တိုင်းဒေသကြီး၏ အဓိက စီးပွားရေးမောင်းနှင်အားသည်  MSMEs လုပ်ငန်းများပေါ်တွင် မူတည်လျက်ရှိပြီး ဒေသတွင်း အလုပ်အကိုင် အခွင့်အလမ်းများ ဖော်ဆောင်ပေးနိုင်သည့် လုပ်ငန်းတစ်ခုဖြစ်ကြောင်း၊ ပဲခူးတိုင်းဒေသကြီးတွင် လယ်ယာ သုံးစက်ကိရိယာ မျိုးစုံထုတ်လုပ်နိုင်ခြင်း၊ စားသုံးကုန်နှင့် လူသုံးကုန်များလည်း ထုတ်လုပ်လျက်ရှိကြောင်း၊ လယ်ယာသုံးစက်ကိရိယာများတွင်လည်း စက်သုံးဆီအခြေပြုစနစ်မှ ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင်ဖြစ်သည့် Solar စနစ်သို့ ပြောင်းလဲထုတ်လုပ်သွားရမှာဖြစ်ကြောင်း၊ လယ်ယာကဏ္ဍကြီး တစ်ခုလုံး စက်မှုလယ်ယာ စနစ်သို့ ပြောင်းလဲပေးနိုင်ပါက ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝများ တိုးတက်ပြောင်းလဲလာ မှာဖြစ်ကြောင်း၊ စားသုံးကုန်များနှင့်ပတ်သက်၍ အရသာကောင်းမွန်မှုရှိသော်လည်း ထုတ်ပိုးမှုပါကင်စနစ် များ ပိုမိုအဆင့်မြှင့်တင်နိုင်ပါက …

Read More »