Home / 2026 / April / 29

Daily Archives: April 29, 2026

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီ ဥက္ကဋ္ဌများနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပပြုလုပ်

ပဲခူး ဧပြီ ၂၉           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ဧပြီလ ၂၉ ရက်နေ့၊ နံနက် ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ခရိုင်/မြို့နယ်စီမံ ခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌများနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးတိုင်းဒေသကြီး၏ လူဦးရေအားလုံး၏ ၇၅ ရာခိုင်နှုန်းခန့်သည် ကျေးလက်ဒေသများတွင် နေထိုင်သူများဖြစ်ကာ စိုက်ပျိုးရေး၊ မွေးမြူရေးကို အခြေခံသည့် အသက်မွေးဝမ်းကြောင်းနေကြသူများဖြစ်ကြောင်း၊ တိုင်းဒေသကြီး၏ စီးပွား ရေး ဖွံ့ဖြိုးတိုးတက်မှုသည် ကျေးလက်ဒေသရှိ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများအပေါ် အခြေခံထား သည့်အတွက် စိုက်ပျိုးရေးနှင့် မွေးမြူရေးထွက်ကုန်များ ပိုမိုတိုးတက်ထုတ်လုပ်လာနိုင်စေရေး ဘက်ပေါင်း စုံမှ နည်းလမ်းပေါင်းစုံဖြင့် မြှင့်တင်ပေးသွားရမှာဖြစ်ကြောင်း၊ မြို့နယ်အလိုက် မိသားစုတိုင်း အိမ်ထောင်စု တိုင်း စားသုံးနိုင်ရေး …

Read More »

ပဲခူးတိုင်းဒေသကြီး၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ စီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲပြုလုပ်

ပဲခူး ဧပြီ ၂၉           ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ပဲခူးတိုင်းဒေသကြီး၏ ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန် ပေးအပ်ခြင်း အခမ်းအနားကို ဧပြီလ ၂၉ ရက်နေ့ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက  ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် ဒေသန္တရစီမံကိန်းများအားရေးဆွဲ အတည်ပြုပြီး၍ တာဝန်ပေးအပ်ခြင်းကို သာမန်လုပ်ရိုးလုပ်စဉ် သဘောမထားဘဲ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ထူးခြားလေးနက်သည့် လုပ်ငန်းတာဝန်များအဖြစ် ခံယူဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ စီမံကိန်းပါလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် စောင့်ကြည့်သုံးသပ်ခြင်းနှင့် အကဲဖြတ်ခြင်းတို့ဖြင့် လျာထားချက်အတိုင်း အောင်မြင်အောင် အကောင် အထည်ဖော် ဆေင်ရွက်သွားရမှာဖြစ်ပြီး ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းနှင့်အညီ စနစ်တကျသုံးစွဲနိုင်ရေး အဆင့်ဆင့်ကြီးကြပ် ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ နိုင်ငံတော်ဘဏ္ဍာငွေအား ထိထိရောက်ရောက် အကျိုးရှိစွာသုံးစွဲနိုင်ရေး လွန်စွာအရေးကြီးပြီး ဆောင်ရွက်သည့်လုပ်ငန်းများ အရည် အသွေးပြည့်မီစေရေး၊ လုပ်ငန်းပမာဏနှင့်ညီမျှသည့် ဘဏ္ဍာငွေကြေးသုံးစွဲမှုဖြစ်စေရေး အလေးထား …

Read More »

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပန်းတောင်းမြို့နယ်အတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်းများ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်

ပန်းတောင်း ဧပြီ ၂၈           ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ယမန်နေ့ မွန်းလွဲပိုင်းက ပန်းတောင်းမြို့နယ်အတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ ဘက်စုံဖွံ့ဖြိုးတိုးတက် စေရေး ကွင်းဆင်းဆောင်ရွက်ခဲ့သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပန်းတောင်းမြို့နယ်၊ ညောင်ပင်သာ ကျေးရွာရှိ မွေးမြူရေးလုပ်ငန်းရှင် ဒေါ်စန်းစန်းမော်၏ နို့စားနွား(၂၃)ကောင် မွေးမြူထားရှိမှုအား ကွင်းဆင်း ကြည့်ရှုအားပေးခဲ့ပြီး နွားနို့အား တန်ဖိုးမြှင့်ကုန်ချောပစ္စည်းအဖြစ် ထုတ်လုပ်ရောင်းချရန်၊ တိရစ္ဆာန်အစာ နေဗီယာမြက်စိုက်ပျိုးကြရန်၊ နွားကျင်ငယ်ရည်နှင့် စွန့်ပစ်ပစ္စည်းများအား သဘာဝ မြေဩဇာနှင့် ရွက်ဖျန်း မြေဩဇာထုတ်လုပ်နိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိင်း ဆောင်ရွက် ပေးခဲ့သည်။           ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ပန်းတောင်းမြို့နယ်၊ ငါးဆယ်ပေးကျေးရွာအုပ်စု၊ အုတ်ဖိုကျေးရွာသို့ ရောက်ရှိခဲ့ပြီး နွေစပါးစိုက်တောင်သူများနှင့်တွေ့ဆုံ၍ ဓါတ်မြေဩဇာလွန်ကျွံစွာ သုံးစွဲမှုကြောင့် လယ်မြေအများစုသည် မြေဆီဩဇာများ …

Read More »