Home / 2026 / April / 23

Daily Archives: April 23, 2026

ပဲခူးမြို့၊ ဆုတောင်းပြည့်ရွှေမော်ဓောစေတီတော်မြတ်ကြီး ဘက်စုံပြုပြင်မွမ်းမံနေမှုအား ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သွားရောက်ကြည့်ရှု ဖြည့်ဆည်းဆောင်ရွက်ပေး

ပဲခူး ဧပြီ ၂၃           ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဧပြီလ(၂၃)ရက်နေ့၊ နံနက်ပိုင်းက အစိုးရ အဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ပဲခူးမြို့၊ ဆုတောင်းပြည့်ရွှေမော်ဓောစေတီတော်မြတ်ကြီး ဘက်စုံပြုပြင် မွမ်းမံနေမှုအား ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သွားရောက်ကြည့်ရှု ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဆုတောင်းပြည့်ရွှေမော်ဓောစေတီ တော်မြတ်ကြီး ရင်ပြင်တော်ပေါ်ရှိ ဂေါပကအဖွဲ့ရုံး၌ တာဝန်ရှိသူများနှင့်တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံတွင် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ ရင်ပြင်တော်ပေါ်၌ ရာသီမရွေးဘုရားဖူး လာပြည်သူများ စိတ်အေးချမ်းသာစွာ ဘုရားဖူးနိုင်ရေး မကြာမီက တပ်မတော်ကြည်း၊ရေ၊လေ မိသားစုများ ၏ ကောင်းမှုဖြင့် နေပူခံစကျင်ကျောက်ပြား ခင်းကျင်းလှူဒါန်းခဲ့ပြီးဖြစ်ကြောင်း၊ တစ်ချိန်တည်းမှာပဲ စေတီတော်မြတ်ကြီး၏ရင်ပြင်တော်ပေါ်ရှိ အာရုံခံတန်ဆောင်းများ၊ ကျောက်စာရုံများနှင့် အခြားသာသနိက အဆောက်အဦများကို အမြင်တင့်တယ်မှုရှိစေရေး ပြင်ဆင်ခြင်းများ ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ ယခု အခါ လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူခြင်းနှင့် စေတီတော်မြတ်ကြီး …

Read More »