Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ဒုတိယအကြိမ် ရှေ့တန်းရောက်တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ဘာသာပေါင်းစုံချစ်ကြည်ညီညွှတ်ရေးအဖွဲ့မှ စားသောက်ဖွယ်ရာများ ပေးပို့လှူဒါန်း

ဒုတိယအကြိမ် ရှေ့တန်းရောက်တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ဘာသာပေါင်းစုံချစ်ကြည်ညီညွှတ်ရေးအဖွဲ့မှ စားသောက်ဖွယ်ရာများ ပေးပို့လှူဒါန်း

ပဲခူး ဩဂုတ် ၆

          နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံ ဆောင်ရွက်နေသည့် တပ်မတော် သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်းခြင်းအား ပဲခူးတိုင်း ဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ဩဂုတ်လ(၆)ရက်နေ့၊ နံနက်ပိုင်းက ကျင်းပ ပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီးဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ တာဝန်ရှိသူများက ပဲခူးတိုင်း ဒေသကြီးလုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးထံ စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်းခဲ့သည်။

          နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွန့်လွှတ်စွန့်စားလိုစိတ် ထက်သန်စွာဖြင့် ဒို့တာဝန်အရေးသုံးပါကို ဦးထိပ်ထားကာ အသက်ကိုပဓာနမထားဘဲ စွမ်းစွမ်းတမံ ထမ်းဆောင်နေကြသည့် ရှေ့တန်းရောက်တပ်မတော်သားများအတွက် တိုင်းဒေသကြီး/ပြည်နယ်အသီးသီမှ ဌာနဆိုင်ရာများ၊ စေတနာရှင် အလှူရှင်များ၊ တပ်မတော်ချစ်သူများက စားသောက်ဖွယ်ရာများ ပေးပို့လှူဒါန်းလျက်ရှိရာ ယနေ့တွင် ဒုတိယအကြိမ်မြောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဘာသာပေါင်းစုံချစ်ကြည်ညီညွှတ်ရေး အဖွဲ့တို့မှ ပြည်သူများက တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ တိုင်းပြည်အတွက် အနစ်နာခံမှု၊ ပေးဆပ်မှု၊ ကိုယ်စွန့်မှု၊ ရဲဝင့်စွန့်စားမှုများအပေါ် စေတနာမေတ္တာ တုံ့ပြန်သောအားဖြင့် ပဲခူးမြို့၊ ဗုဒ္ဓအသံ ဓမ္မဗိမာန်တော်ကြီး၌ စားသောက်ဖွယ်ရာများ စုပေါင်းကြော်လှော် ချက်ပြုတ်ခဲ့ကြပြီး ပေးပို့လှူဒါန်းနိုင်ရေး ပြင်ဆင်ထုပ်ပိုးနေမှုများအား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက လိုက်လံကြည့်ရှု အားပေးခဲ့ကြသည်။

          နိုင်ငံတော်လုံခြုံရေးနှင့် နယ်မြေဒေသကာကွယ်ရေးအတွက် မိမိတို့၏ အသက်ကို ပဓာနမထားဘဲ စွန့်လွှတ်စွန့်စားစွာဖြင့် ရှေ့တန်းတွင် တိုက်ပွဲဝင်နေကြသည့် တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင် များအတွက် ငါးခြောက်၊ အသားတုနှင့် ငရုတ်သီးကြော်၊ ငါးပိငံပြာရည်ကြာ်၊ ပဲမျိုးစုံကြော်၊ လက်ဖက်၊ ဆေးလိပ်နှင့် အခြားစားသောက်ဖွယ်ရာများအား ပဲခူးတိုင်းဒေသကြီး ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေး အဖွဲ့မှ တိုင်းရင်းသားပြည်သူများက “တရားသောစစ် အမြန်ဆုံးအောင်မြင်ပါစေ၊ နိုင်ငံတော်ကို ကာကွယ် စောင့်ရှောက်နေသော တပ်မတော်သားများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ အန္တရာယ်ကင်းရှင်းပါစေ၊ တိုင်းပြည်၏ အန္တရာယ်ရန်စွယ်အပေါင်းကို တွန်းလှန်တိုက်ခိုက်နေသည့် တပ်မတော်သားများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ အား လေးစားဂုဏ်ယူလျက်ရှိမှု၊ တပ်မတော်သားများ၏ စွမ်းရည်နှင့်သတ္တိကို ယုံကြည်ကိုးစားနေမှု၊ မကြာမီ တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ အေးချမ်းစွာပြန်လည်နေထိုင်ရတော့မည်ကို ယုံကြည်မျှော်လင့်နေမှု၊ တိုက်ပွဲတိုင်း အောင်မြင်ပါစေ၊ အိမ်အပြန်လမ်းမှာ အောင်သပြေပန်းနှင့် ကြိုဆိုရန် စောင့်စားနေကြောင်း” စသည့် မေတ္တာစာလွှာများကို ဖတ်ကြားထည့်သွင်းပေးခဲ့ကြသည်။

          ရှေ့တန်းရောက် တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ပဲခူးတိုင်းဒေသကြီး အစိုးရ အဖွဲ့နှင့် စေတနာရှင်ပြည်သူများမှ စုပေါင်း၍ ဩဂုတ်လ(၁)ရက်နေ့တွင် တန်ဖိုးငွေကျပ်(၂၅၀)သိန်းကျော် စားသောက်ဖွယ်ရာများ ပေးပို့လှူဒါန်းခဲ့ပြီးဖြစ်ရာ ယခုအခါ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ပဲခူးတိုင်း ဒေသကြီးဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့မှ တိုင်းရင်းသားပြည်သူများ စုပေါင်း၍ ဒုတိယအကြိမ် အဖြစ် ငွေကျပ်သိန်း(၁၀၀)ကျော် စားသောက်ဖွယ်ရာများ ထပ်မံပေးပို့ လှူဒါန်းခြင်းဖြစ်ကြောင်း သတင်းရရှိသည်။