ပဲခူး အောက်တိုဘာ ၁၃ ပဲခူးမြို့၊ မြို့တော်ခန်းမ၌ အောက်တိုဘာလ ၁၃ ရက်နေ့၊ မွန်းလွဲပိုင်းက ၂၀၂၆ ခုနှစ်၊ အပြည်ပြည် ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပ ပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ၂၀၂၆ ခုနှစ်၊ အပြည်ပြည် ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့ အထိမ်းအမှတ် အခမ်းအနား၌ အဖွင့်အမှာ စကား ပြောကြားခဲ့သည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ၂၀၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသူများအား ဂုဏ်ပြုဆုများ ချီးမြှင့်ပေးအပ်ခဲ့သည်။ ၎င်းနောက် ကုလသမဂ္ဂ …
Read More »Daily Archives: October 13, 2026
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပြည်မြို့နယ်အတွင်း စိုက်ပျိုးရေးနှင့် MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်
ပြည် အောက်တိုဘာ ၁၂ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ယမန်နေ့ မွန်းလွဲပိုင်းက ပြည်မြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေး၊ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး လိုအပ်သည်များ ကွင်းဆင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများသည် ထမ္မကောက် ကျေးရွာအုပ်စု၌ တောင်သူဦးအောင်ကို၏ ဆီထွက်ပဲပုတ်စိုက်ခင်း အောင်မြင်ဖြစ်ထွန်းနေမှုအား ကြည့်ရှု အားပေးခဲ့ပြီး ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ ဆီထွက်ပဲပုတ်အား တစ်ကွင်းတစ်ဆက်တည်း တိုးချဲ့ စိုက်ပျိုးရန်နှင့် သဘာဝရွတ်ဖြန်းမြေဩဇာသုံးစွဲနိုင်ရေး တိုက်တွန်းပြောကြားခဲ့သည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် အနောက်လက်ခုပ်ပင် ကျေးရွာအုပ်စု၌ တိုင်းဒေသကြီးအစိုးရအဖွဲ့ အနီးကပ်ကြီးကြပ်လမ်းညွှန်မှုဖြင့် ထုတ်လုပ်ထားသည့် နေရောင်ခြည်စွမ်းအင်သုံး လက်တွန်းထွန်စက်ဖြင့် တွဲဖက်သုံး သီးနှံမျိုးစုံ မျိုးစေ့ချစက် စမ်းသပ်မောင်းနှင် နေမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များ …
Read More »ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပပြုလုပ်သော ပြည်မြို့၌ မြန်မာ့ရိုးရာ ပြည်ဒေသအစားအစာ ပြိုင်ပွဲ ကျင်းပပြုလုပ်
ပြည် အောက်တိုဘာ ၁၂ ပြည်မြို့၊ ခေတ္တရာပြည်သု့ခန်းမ၌ အောက်တိုဘာလ ၁၂ ရက်နေ့၊ နံနက်ပိုင်းက မြန်မာ့ရိုးရာ ပြည်ဒေသအစားအစာပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း နှင့် ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ခဲ့သည်။ ရှေးဦးစွာ ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပြည်ဒေသသည် သရေ ခေတ္တရာ အမွေအနှစ်မြေဖြစ်သည့် ပျူမြို့ဟောင်းတည်ရှိရာနေရာတစ်ခုဖြစ်ပြီး ဒေသရိုးရာအစားအသောက် ယဉ်ကျေးမှုစုဝေးရာမြို့တစ်ခုလည်းဖြစ်ကြောင်း၊ ဒေသတစ်ခု၏ အစားအသောက် ယဉ်ကျေးမှုဆိုတာ ထိုဒေသရဲ့ ရာသီဥတု၊ စိုက်ပျိုးရေးထွက်ကုန်၊ လူနေမှုဘဝနဲ့ သမိုင်းကြောင်းတို့ရဲ့ ပေါင်းစပ်ရောင်ပြန်ဟပ် မှုဖြစ်ကြောင်း၊ ခေတ်သစ်ကမ္ဘာ့အမြင်မှာ အစားအသောက်ခရီးသွားလုပ်ငန်း (Food Tourism) ဟာ ဒေသတစ်ခုရဲ့ စီးပွါးရေးနှင့် ခရီးသွားကဏ္ဍကို မောင်းနှင်ပေးနိုင်တဲ့ အရေးပါသော ကဏ္ဍတစ်ခု ဖြစ်ကြောင်း၊ ယခုပြိုင်ပွဲသည် ဒေသထွက် အစားအစားများအား ဘေးကင်းလုံခြုံပြီး အဆင့်အတန်းမီမီ အရသာရှိရှိဖြင့် …
Read More »တပ်မတော်(ကြည်း၊ရေ၊လေ) မိသားစုများနှင့် ပြည်တောင်တန်းတောရကျောင်းများဆန်လှူအသင်းတို့မှ (၄၅)ကြိမ်မြောက် ဆွမ်းဆန်တော်လောင်းလှူပွဲ အခမ်းအနား ကျင်းပပြုလုပ်
ပြည် အောက်တိုဘာ ၁၁ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ် အဆင့် ဌာနဆိုင်ရာများနှင့်အတူ အောက်တိုဘာလ ၁၁ ရက်နေ့၊ မွန်းလွဲပိုင်းက ပြည်မြို့၊ ရှေးဟောင်းသမိုင်းဝင် လေးဆူဓါတ်ပျော် ရွှေဆံတော်စေတီတော်မြတ်ကြီး ရှိ ပုညကရဏလေးထပ်ဓမ္မာရုံတော်ကြီး၌ ကျင်းပပြုလုပ်သော တပ်မတော်(ကြည်း၊ရေ၊လေ) မိသားစုများနှင့် ပြည်တောင်တန်းတောရကျောင်းများဆန်လှူအသင်းတို့မှ (၄၅)ကြိမ်မြောက် ဆွမ်းဆန်တော် လောင်းလှူပွဲ အခမ်းအနားသို့ တက်ရောက်လောင်းလှူခဲ့သည်။ ရှေးဦးစွာ ကြွရောက်လာသည့် ဆရာတော်၊ သံဃာတော်များနှင့် ဧည့်ပရိတ်သတ်များက နမော တဿ (၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားအား ဖွင့်လှစ်ပေးခဲ့ပြီး ပြည်မြို့၊ မဟာသုဒဿနာရာမ ပရိယတ္တိစာသင်တိုက် ဦးစီးပဓာနနာယက နိုင်ငံတော်ဩဝါဒါစရိယ “အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တသေဋ္ဌိလအရှင်သူမြတ်ထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ် အမှူးပြုသော ဧည့်ပရိတ်သတ် အပေါင်းတို့က (၅)ပါး …
Read More »
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website