ပဲခူး အောက်တိုဘာ ၁၄ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ အောက်တိုဘာလ ၁၄ ရက်နေ့၊ နံနက်ပိုင်းက စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးတိုင်းဒေသကြီးသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အဓိကအခြေခံသည့် တိုင်းဒေသကြီးတစ်ခုဖြစ်ပြီး စိုက်ပျိုးရေးနှင့် မွေးမြူရေး ထုတ်ကုန်များ စဉ်ဆက်မပြတ် တိုးတက်ထုတ်လုပ်နိုင်ရေး ဘက်ပေါင်းစုံမှ နည်းလမ်းပေါင်းစုံဖြင့် ပံ့ပိုး ဆောင်ရွက်ပေးရန်ဖြစ်ကြောင်း၊ ပန်းတိုင်အထွက်နှုန်း မရရှိသေးသည့် နေကြာ၊ ပဲဇဉ်းငုံ၊ နှမ်းစသည့် သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး ကြိုးစားဆောင်ရွက်ရန်ဖြစ်ကြောင်း၊ အယ်နီညိုရာသီဥတုဖြစ်စဉ် ကြောင့် အပူဒဏ်နှင့် ရေအနည်းလို သီးနှံများကို ပြောင်းလဲစိုက်ပျိုးသွားရန်နှင့် စိုက်ပျိုးရေခက်ခဲမှုမရှိ စေရေး ချောင်းပိတ်မြောင်းပိတ်လုပ်ငန်းများကို ကြိုတင်ဆောင်ရွက်ထားရန်ဖြစ်ကြောင်း၊ ခရိုင်/မြို့နယ် အလိုက် မြေအမျိုးအစား အားသာချက်များအပေါ်မူတည်ကာ သီးနှံ Export …
Read More »Daily Archives: October 14, 2026
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သာယာဝတီခရိုင်အတွင်း စိုက်ပျိုးစွမ်းအားနှင့် MSME ကဏ္ဍ တိုးတက်မြင့်မားစေရေး ကွင်းဆင်းဖြည့်ဆည်းဆောင်ရွက်
ပဲခူး အောက်တိုဘာ ၁၄ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့်အတူ တာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့ နံနက်ပိုင်းက သာယာဝတီခရိုင်အတွင်း စိုက်ပျိုးစွမ်းအားနှင့် MSME ကဏ္ဍ တိုးတက်မြင့်မားစေရေး ကွင်းဆင်းဖြည့်ဆည်းဆောင်ရွက်ခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများသည် ကြို့ပင်ကောက် မြို့၊ လုပ်ငန်းရှင် ဦးဇေယျာဝင်း၏ “သဘာဝ” Resin ပရိဘောဂနှင့် အမှတ်တရပစ္စည်း အရောင်းပြခန်းသို့ ရောက်ရှိခဲ့ပြီး ဒေသထွက်ကုန်ကြမ်းပစ္စည်းများဖြင့် တန်ဖိုးမြှင့်လူသုံးကုန်ထုတ်လုပ်ခြင်းဖြစ်၍ တာဝန်ရှိသူ များက ကုန်ကြမ်းပစ္စည်းများ လွယ်ကူစွာရရှိနိုင်ရေး ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် လက်ပံတန်းမြို့နယ်၊ ချမ်းသာကုန်းကျေးရွာ၌ ကျေးရွာသူ/သားများ၏ စုပေါင်းစားဖိုဆောင်သီးနှံ စိုက်ခင်းသို့ ရောက်ရှိစစ်ဆေး ခဲ့ပြီး စဉ်ဆက်မပြတ် စိုက်ပျိုးနိုင်ရေးနှင့် သဘာဝမြေဩဇာကိုသုံးစွဲ၍ ဩဂဲနစ်သီးနှံစိုက်ခင်းအဖြစ် ဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။ ၎င်းနောက် …
Read More »
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website