တောင်ငူ ဖေဖော်ဝါရီ ၂၀
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ယမန်နေ့၊ နံနက်ပိုင်းက တောင်ငူမြို့နယ်အတွင်း ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များ ပြန်လည်ဖော်ထုတ် ထိန်းသိမ်းရေးနှင့် စိုက်ပျိုးရေးကဏ္ဍဘက်စုံ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဆောင်ရွက် ခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တောင်ငူမြို့၊ ရှေးဟောင်းသမိုင်းဝင် လေးကျွန်းမင်္ဂလာကန်တော်ကြီး ဘက်စုံအဆင့်မြှင့်တင်နေမှုအား ကွင်းဆင်းကြည့်ရှုခဲ့ပြီး အများပြည်သူ အပန်းဖြေနိုင်ရန်၊ ပန်းအလှပင်များ စိုက်ပျိုးသွားရန်၊ အရိပ်ရအပင်များအောက်တွင် ထိုင်ခုံများ ထပ်မံ တပ်ဆင်ရန်၊ အတွင်းကန်ပတ်လမ်းအား ပြန်လည်ဖော်ထုတ်သွားရန်၊ ပန်းခြံအတွင်း မီးတိုင်များ ပြန်လည်စစ်ဆေးရန်နှင့် စိမ်းလန်းစိုပြေ သန့်ရှင်းသပ်ရပ်စေရေး စဉ်ဆက်မပြတ် ကြီးကြပ်ဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။ ၎င်းနောက် တောင်ငူမြို့၊ ထီးလှိုင်းလမ်းဘေး အများပြည်သူ အပန်းဖြေနေရာတစ်ခုအဖြစ် ဖော်ထုတ်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး သတ်မှတ် ဒီဇိုင်းပုံစံအတိုင်း အပိုင်းလိုက်ဆောင်ရွက်သွားရန်နှင့် ယာဉ်ရပ်နားရန်နေရာအား မြေဖို့ခြင်းလုပ်ငန်း စတင် ဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်ငူမြို့၊ ကေတုမတီရှေးဟောင်း မြောက်ဘက် မြို့ရိုး တူးဖော်ထားရှိမှုနှင့် မော်ကွန်းတံခါးပေါက် ပြန်လည်ဖော်ထုတ်မှုတို့အား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ ပြီး ယဉ်ကျေးမှု အမွေအနှစ်များ ပြန်လည်ဖော်ထုတ်ခြင်းအားဖြင့် မျိုးဆက်သစ်လူငယ်များအား မျိုးချစ် စိတ်ဓါတ် ရှင်သန်ထက်မြက်ရေးနှင့် မိမိတို့၏ သမိုင်းဆိုင်ရာယဉ်ကျေးမှု အမွေအနှစ်များကို တန်ဖိုးထား ထိန်းသိမ်းတတ်စေရန် ဆောင်ရွက်ပေးရခြင်းဖြစ်၍ မြို့ရိုးတူးဖော်မှုနှင့်ပတ်သက်ပြီး တွေ့ရှိလာသည့် အထောက်အထားများအား စနစ်တကျ မှတ်တမ်းတင်ထားရှိရန်၊ မော်ကွန်းတံခါးပေါက်နှင့် နန်းတော် ဟောင်းလမ်းအား ပြန်လည်ချိတ်ဆက်ရန်၊ ကျုံးအပြင်ဘက်နှင့် မော်ကွန်းတံခါးပေါက်ဆက်သွယ်ထားသည့် တံတားဟောင်းနေရာအား ပြန်လည်ဖော်ထုတ်ရန်နှင့် ကေတုမတီရှေးဟောင်းမြို့ရိုးနှင့် ကျုံးကြားတွင် နွံကျုံး ရှိခဲ့သည့် အထောက်အထားများအရ ပြန်လည်ဖော်ထုတ်ခြင်းအား ဆက်လက်ဆောင်ရွက်ရန် တာဝန်ရှိသူများ အား လမ်းညွှန်မှာကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်ငူမြို့နယ်၊ မဟင်းကျေးရွာ၌ တစ်ကွင်း တစ်ဆက်တည်း တစ်နှစ် နွေစပါး(၂)သီး ဧက(၂၀၀) စံပြစိုက်ခင်း အောင်မြင်ဖြစ်ထွန်းနေမှုအား ကွင်းဆင်း ကြည့်ရှုအားပေးခဲ့ပြီး ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ မြေလပ်မရှိစိုက်ပျိုးသွားရန်နှင့် စိုက်ပျိုးသည့် သီးနှံ အလိုက် ပန်းတိုင်အထွက်နှုန်း ကျော်လွန်ထွက်ရှိစေရေး ရှင်းလင်းပြောကြားခဲ့သည်။ ၎င်းနောက် တိုင်းဒေသ ကြီးအစိုးရအဖွဲ့၊ ခွင့်ပြုရန်ပုံငွေကျပ်သန်း(၂၄၂.၈၅)သန်းဖြင့် စက်မှုလယ်ယာစနစ်ကျလယ်မြေ(၁၃၀)ဧက ဖော်ထုတ်နေမှုအား ကွင်းဆင်းကြည့်ရှုခဲ့ပြီး စိုက်ပျိုးချိန်အမီ လုပ်ငန်းများ အမြန်ဆုံးပြီးစီးရေး ဆောင်ရွက်ရန်၊ တစ်ကွက်ပြီး တစ်ကွက်စိုက်စနစ်ဖြင့် ဆောင်ရွက်ရန်နှင့် ကျန်ရှိသည့်လယ်မြေများအတွက် ကြိုတင်ပျိုးထောင် ထားရှိရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။