Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးမြို့၊ ဆုတောင်းပြည့်ရွှေမော်ဓောစေတီတော်မြတ်ကြီး ဘက်စုံပြုပြင်မွမ်းမံနေမှုအား ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သွားရောက်ကြည့်ရှု ဖြည့်ဆည်းဆောင်ရွက်ပေး

ပဲခူးမြို့၊ ဆုတောင်းပြည့်ရွှေမော်ဓောစေတီတော်မြတ်ကြီး ဘက်စုံပြုပြင်မွမ်းမံနေမှုအား ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သွားရောက်ကြည့်ရှု ဖြည့်ဆည်းဆောင်ရွက်ပေး

ပဲခူး ဧပြီ ၂၃

          ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဧပြီလ(၂၃)ရက်နေ့၊ နံနက်ပိုင်းက အစိုးရ အဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ပဲခူးမြို့၊ ဆုတောင်းပြည့်ရွှေမော်ဓောစေတီတော်မြတ်ကြီး ဘက်စုံပြုပြင် မွမ်းမံနေမှုအား ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သွားရောက်ကြည့်ရှု ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့သည်။

          ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဆုတောင်းပြည့်ရွှေမော်ဓောစေတီ တော်မြတ်ကြီး ရင်ပြင်တော်ပေါ်ရှိ ဂေါပကအဖွဲ့ရုံး၌ တာဝန်ရှိသူများနှင့်တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံတွင် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ ရင်ပြင်တော်ပေါ်၌ ရာသီမရွေးဘုရားဖူး လာပြည်သူများ စိတ်အေးချမ်းသာစွာ ဘုရားဖူးနိုင်ရေး မကြာမီက တပ်မတော်ကြည်း၊ရေ၊လေ မိသားစုများ ၏ ကောင်းမှုဖြင့် နေပူခံစကျင်ကျောက်ပြား ခင်းကျင်းလှူဒါန်းခဲ့ပြီးဖြစ်ကြောင်း၊ တစ်ချိန်တည်းမှာပဲ စေတီတော်မြတ်ကြီး၏ရင်ပြင်တော်ပေါ်ရှိ အာရုံခံတန်ဆောင်းများ၊ ကျောက်စာရုံများနှင့် အခြားသာသနိက အဆောက်အဦများကို အမြင်တင့်တယ်မှုရှိစေရေး ပြင်ဆင်ခြင်းများ ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ ယခု အခါ လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူခြင်းနှင့် စေတီတော်မြတ်ကြီး ရေရှည်တည်တံ့ခိုင်မြဲစေရေးနှင့် ငလျင်ဒဏ်ခံနိုင်စေရေး အတွင်းလှိုင်ခေါင်း ကြံ့ခိုင်မှုပြင်ဆင်ခြင်းကို ဆောင်ရွက်နေဆဲကာလဖြစ်၍ မိုးရာသီမရောက်မီ စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေး တာဝန်ရှိသူ အဆင့်ဆင့်မှ အနီးကြပ်ကြီးကြပ်၍ ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ ရွှေမော်ဓောစေတီတော်မြတ်ကြီးအား ဘက်စုံပြုပြင်မွမ်းမံမှုများ ဆောင် ရွက်ရာတွင် အများပြည်သူ၏လှူဒါန်းငွေများဖြင့် ဆောင်ရွက်ခြင်းဖြစ်၍ ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်း များအတိုင်း စနစ်တကျသုံးစွဲရန်နှင့် ရင်ပြင်တော်ပေါ်ရှိ တည်ဆောက်ပြီးလုပ်ငန်းများအားလုံး ရေရှည် တည်တံ့စေရေး အားလုံးဝိုင်းဝန်းသိမ်းဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့သည်။

          ထို့နောက် ပဲခူးတိုင်းဒေသကြီးလူမှုရေးရာဝန်ကြီးက ရွှေမော်ဓောစေတီတော်မြတ်ကြီးအား ဘက်စုံ ပြုပြင်မွမ်းမံမှုများအား ရှင်းလင်းတင်ပြခဲ့သည်။ ၎င်းနောက် တက်ရောက်လာသည့် တည်ဆောက်ရေး လုပ်ငန်းအဖွဲ့များက လုပ်ငန်းဆောင်ရွက်လျက်ရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ကြရာ ပဲခူးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက လုပ်ငန်းစဉ်တစ်ခုချင်းအလိုက် လိုအပ်သည်များ လမ်းညွှန်မှာကြား ခဲ့ပြီး ရွှေမော်ဓောစေတီတော် မြတ်ကြီး၏ ရင်ပြင်တော်ပေါ်၌ ဘက်စုံပြုပြင်မွမ်းမံနေမှုတို့အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

          ဆက်လက်၍ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများသည် ကမ္ဘောဇ သာဒီနန်တော်ကြီး ဘက်စုံအဆင့်မြှင့်တင်နေမှုတို့အား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး တည်ဆောက်ရေး လုပ်ငန်းအားလုံး ပွင့်လင်းရာသီအမီ အချိန်မီပြီးစီးရေးနှင့် မြေယာရှုခင်းအလှများ တင့်တယ်လှပစေရေး၊ နန်းတော်ရာဝင်းအတွင်း ဆယ့်နှစ်ရာသီ ပန်းရောင်စုံဖူးပွင့်ဝေဆာစေရေး၊ အမှိုက်နှင့် ခြုံနွယ်များ ရှင်းလင်း ခြင်းလုပ်ငန်းကို စဉ်ဆက်မပြတ် ဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်း ရရှိသည်။