ပဲခူး မေ ၁

ပဲခူးမြို့၊ မြို့တော်ခန်းမ၌ မေလ ၁ ရက်နေ့၊ နံနက်ပိုင်းက ၂၀၂၆ ခုနှစ်၊ အလုပ်သမားနေ့ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ခဲ့သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပြည်ထောင်စုမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံမှ ပေးပို့သည့် အလုပ်သမားနေ့ သဝဏ်လွှာအား ဖတ်ကြားခဲ့သည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဇနီး ဒေါ်စိုးစိုးသက်၊ အလုပ်သမား ဝန်ကြီးဌာန၊ဒုတိယဝန်ကြီးနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ၂၀၂၆ ခုနှစ်၊ အလုပ်သမားနေ့ အထိမ်းအမှတ် Video Clip အား ကြည့်ရှုခဲ့ကြသည်။ ၎င်းနောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အလုပ်သမားနေ့ အခမ်းအနား တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေး ခဲ့ကြောင်း သိရှိရသည်။
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website