Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပြည်မြို့နယ်အတွင်း စိုက်ပျိုးစွမ်းအားမြင့်မားစေရေး ကွင်းဆင်းဖြည့်ဆည်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပြည်မြို့နယ်အတွင်း စိုက်ပျိုးစွမ်းအားမြင့်မားစေရေး ကွင်းဆင်းဖြည့်ဆည်းဆောင်ရွက်

ပြည် ဇွန် ၂၁

            ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ဇွန်လ ၂၁ ရက်နေ့၊ နံနက်ပိုင်းက ပြည်မြို့နယ်အတွင်း စိုက်ပျိုးစွမ်းအားမြင့်မားစေရေး ကွင်းဆင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

             ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် လွှတ်တော်ဥက္ကဋ္ဌတို့သည် ပြည်မြို့နယ်၊ ငါးရွာကျေးရွာအုပ်စုတစ်ကွင်းတစ်ဆက်တည်း အကွက်ကျယ်စံပြကွက် ဧက(၆၀)၌ ပဲခူးတိုင်းဒေသကြီးမှ ထုတ်လုပ်ထားသည့် လက်ဆွဲကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးနေမှုအား ကွင်းဆင်းကြည့်ရှုအားပေးခဲ့ပြီး ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ မိုးစပါးနောက်မကျစေရေး ကြိုတင် ပျိုးထောင်စနစ်ဖြင့်စိုက်ပျိုးရန်နှင့် သဘာဝမြေဩဇာအဖြစ် ပိုက်ဆံလျှော်(သစ်စိမ်းမြေဩဇာ) ထည့်သွင်းမြှုပ်နှံစိုက်ပျိုးရန် မှာကြားခဲ့သည်။

            ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများသည် ပြည်မြို့နယ်၊ နတ္တလင်းကျေးရွာအုပ်စု၌ ဆင်းရတနာ(၃)နှင့် မကွေးနှမ်းနက် ၂/၁၄ မိုးနှမ်း ယှဉ်ပြိုင်စမ်းသပ်ကွက်အား သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး ဒေသခံနှမ်းစိုက်တောင်သူများနှင့်တွေ့ဆုံခဲ့ကာ အထွက်နှုန်းကောင်းပြီး ဒေသနှင့်ကိုက်ညီ၍ စျေးကွက်ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် သီးနှံအမျိုးအစားအား ရွေးချယ်စိုက်ပျိုးနိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။

            ယင်းနောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ပြည်မြို့နယ်၊ ထမ္မကောက်ကျေးရွာအုပ်စု၌ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းသည့် မိုးမြေပဲ စိုက်ခင်းများအား ကွင်းဆင်း ကြည့်ရှုအားပေးခဲ့ပြီး သီးနှံအထွက်တိုးပြီး တစ်ဧကစိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ်သက်သာစေရေး သဘာဝရွက်ဖြန်းမြေဩဇာများ ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲသွားရန်နှင့် တောင်သူတိုင်း မိမိတို့ နေအိမ်များတွင် တစ်ပိုင်တစ်နိုင် စားဖိုဆောင်သီးနှံများ စိုက်ပျိုးကြရန် မှာကြားခဲ့ကြောင်း သတင်းရရှိ သည်။