ပဲခူး ဇူလိုင် ၂၄

ပဲခူးတက္ကသိုလ် ဘက်စုံအားကစားခန်းမ၌ ဇူလိုင်လ ၂၄ ရက်နေ့၊ နံနက်ပိုင်းက ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ အမျိုးသား၊ အမျိုးသမီး ဘတ်စကက်ဘော ပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်း အနား ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ခဲ့ကြသည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌနှင့် ဇနီး၊ တရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဋ္ဌနှင့် ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ဌာနဆိုင်ရာများ၊ ပဲခူးတက္ကသိုလ်ပါမောက္ခချုပ်နှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/သူများက အမျိုးသားပြိုင်ပွဲအနေဖြင့် သတ္တဗေဒဘာသာရပ်အသင်းနှင့် ရူပဗေဒဘာသာရပ်အသင်း တို့၏ ဗိုလ်လုပွဲယှဉ်ပြိုင်နေမှုနှင့် အမျိုးသမီးပြိုင်ပွဲအနေဖြင့် သတ္တဗေဒအသင်းနှင့် သင်္ချာဘာသာရပ် အသင်းတို့၏ ဗိုလ်လုပွဲယှဉ်ပြိုင်နေမှုတို့အား ကြည့်ရှုအားပေးခဲ့ကြသည်။
ထို့နောက် ဆုချီးမြှင့်ပွဲအား ဆက်လက်ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အမျိုးသားတံခွန်စိုက်ဖလားရရှိသည့် သတ္တဗေဒဘာသာရပ်အသင်းကိုလည်းကောင်း၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ ဇနီး ဒေါ်စိုးစိုးသက်က အမျိုးသမီးတံခွန်စိုက်ဖလားရရှိသည့် သတ္တဗေဒဘာသာ ရပ် အသင်းကိုလည်းကောင်း အသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြသည်။ ၎င်းနောက် အမျိုးသား၊ အမျိုးသမီး အကောင်းဆုံးအားကစားသမားဆုတို့ကို ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌနှင့် ဇနီးတို့ကလည်းကောင်း၊ အမျိုးသား/အမျိုးသမီး ပထမ၊ ဒုတိယ၊ တတိယဆုရရှိသည့် အသင်းများအား တာဝန်ရှိသူများက တစ်ဦးချင်း ဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေများကိုလည်းကောင်း၊ ပဲခူးတက္ကသိုလ် ပါမောက္ခချုပ် ဆရာမကြီးက ဒိုင်အဖွဲ့များ အတွက် ဂုဏ်ပြုငွေအားလည်း အသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြသည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများက ဘတ်စကက်ဘော ပြိုင်ပွဲဝင် ကျောင်းသား/သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးစကား ပြောကြားခဲ့ကြောင်း သတင်းရရှိ သည်။
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website