Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးမြို့၌ “၂ဝ၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့”အခမ်းအနားကျင်းပ

ပဲခူးမြို့၌ “၂ဝ၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့”အခမ်းအနားကျင်းပ

ပဲခူး ဩဂုတ် ၁၂

          “၂ဝ၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့” အခမ်းအနားအား ဩဂုတ်လ(၁၂)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့၊ မြို့တော်ခန်းမ၌ အခမ်းအနားကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ခဲ့သည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီ ဥက္ကဋ္ဌ၊ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ယနေ့ခေတ် လူငယ်များဟာ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် တန်ဖိုးမဖြတ်နိုင်သည့် လူ့စွမ်းအားအရင်းအမြစ်များဖြစ်ကြောင်း၊  လူငယ်များဟာ နိုင်ငံတော်၏ အနာဂတ်၊ နိုင်ငံတော်၏ အင်အား၊ နိုင်ငံတော်ကို တည်ဆောက်မည့်သူများဖြစ်တဲ့အတွက် လူငယ်ကဏ္ဍကို မြှင့်တင်ပေးရန်နှင့် ကျောင်းသား ကျောင်းသူများ အမှန်တကယ် ပညာပြည့်ဝအောင်၊ ဗလ(၅)တန်ဖွံ့ဖြိုးအောင်၊ လူတော်လူကောင်းများဖြစ် အောင် ဆောင်ရွက်ပေးရန် နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် အဲ့ဒီနိုင်ငံရဲ့ အနာဂတ်တာဝန်များကို ပခုံးပြောင်း လွှဲယူနိုင်မယ့် လူငယ်များရဲ့ စွမ်းဆောင်ရည်၊ ကိုယ်ကျင့်တရား၊ တာဝန်ယူမှု၊ တာဝန်ခံမှု၊ ဦးဆောင်နိုင်မှုနဲ့ စိတ်ဓာတ်ရေးရာ မြင့်မားခိုင်မာမှုစတဲ့ အချက်များအပေါ်မှာများစွာ မူတည်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ၂ဝ၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲတစ်နိုင်ငံလုံးတွင် ဝိဇ္ဇာဘာသာတွဲ အဆင့်(၁)ရရှိသူ၊ ၂ဝ၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်နှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင် စာမေးပွဲ တစ်နိုင်ငံလုံးတွင် စက်မှုအတတ်ပညာ(လျှပ်စစ်)အဆင့်ရရှိသူ နှင့် ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်နှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင် စာမေးပွဲ တစ်နိုင်ငံလုံးတွင် စိုက်ပျိုးရေး အတတ်ပညာ အဆင့်(၄)ရရှိသူတို့အား ဂုဏ်ပြုဆုများ ချီးမြှင့်ပေးအပ်ခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးတရားသူကြီးချုပ်နှင့် တာဝန်ရှိသူများက အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အထိမ်းအမှတ် ကဏ္ဍအလိုက် ဆုရရှိသူများအား ဂုဏ်ပြုဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ယင်းနောက် ကရင်တိုင်းရင်းသားလူမျိုးများ‌ရေးရာဝန်ကြီးက ၂၀၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အတွက် ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်မှပေးပို့သည့် သဝဏ်လွှာဖတ်ကြားခဲ့ပြီး လူငယ်ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းဆောင်ရွက်ချက် မှတ်တမ်း video clip အား ကြည့်ရှုခဲ့ကြသည်။ ၎င်းနောက် ပဲခူးတက္ကသိုလ်မှ ကျောင်းသား/သူများက လူငယ်ဂုဏ်ပြုတေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက် ခဲ့ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ဂုဏ်ပြုဆုငွေများ ပေးအပ်ခဲ့ပြီး ၂၀၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ အထိမ်းအမှတ် ဓာတ်ပုံပြခန်းအား လှည့်လည်ကြည့်ရှုကြကြောင်း သတင်းရရှိသည်။