Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ကုန်စည်စီးဆင်းမှု လွယ်ကူလုံခြုံမြန်ဆန်စေရေး ညောင်ခါးရှည် အမြဲတမ်းစစ်ဆေးရေးဂိတ်သို့ သွားရောက်ကြည့်ရှုစစ်ဆေး

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ကုန်စည်စီးဆင်းမှု လွယ်ကူလုံခြုံမြန်ဆန်စေရေး ညောင်ခါးရှည် အမြဲတမ်းစစ်ဆေးရေးဂိတ်သို့ သွားရောက်ကြည့်ရှုစစ်ဆေး

ပဲခူး စက်တင်ဘာ ၂၇

          ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ စက်တင်ဘာလ ၂၇ ရက်နေ့၊ နံနက်ပိုင်းက ကုန်စည်စီးဆင်းမှု လွယ်ကူလုံခြုံမြန်ဆန်စေရေး ဝေါမြို့နယ်၊ ညောင်ခါးရှည် (X-Ray) အမြဲတမ်းစစ်ဆေးရေးဂိတ်သို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

          ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ဝေါမြို့နယ်၊ ညောင်ခါးရှည် (X-Ray) အမြဲတမ်းစစ်ဆေးရေးဂိတ်သို့ ရောက်ရှိခဲ့ပြီး တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ စစ်ဆေးရေးဂိတ်များသည် လုံခြုံရေးနှင့် တရားမဝင် ကုန်သွယ်မှုပပျောက်စေရေး၊ မူးယစ်ဆေးဝါးနှင့် အခြားကန့်သတ်ပစ္စည်းများ ဝင်ရောက်မှုမရှိစေရေးအတွက် ဖွင့်လှစ်ပေးထားခြင်းဖြစ်၍ တရားဥပဒေနှင့်အညီ ထိထိရောက်ရောက် ဆောင်ရွက်ရန်နှင့် တစ်ဘက်တွင်လည်း ခရီးသွားပြည်သူများနှင့် တရားဝင်ခွင့်ပြုထားသည့် ကုန်ပစ္စည်း များအား ငွေကြေးကောက်ခံမှုမရှိဘဲ လွယ်ကူလုံခြုံလျင်မြန်စွာ သယ်ယူပို့ဆောင်နိုင်ရေး ဥပဒေနှင့် အညီဆောင်ရွက်ပေးရန် ဖြစ်ကြောင်း၊ စစ်တောင်းမြစ်အား ဖြတ်သန်း၍ တရားမဝင် ကုန်သွယ်ပစ္စည်းများ ဝင်ရောက်မှုမရှိစေရေး ရှောင်ကွင်းလမ်းကြောင်းများအား ဖော်ထုတ်ခြင်း၊ ပိတ်ဆို့ဖမ်းဆီးခြင်းများကိုလည်း ဆောင်ရွက်ရန်ဖြစ်ကြောင်းနှင့် လုပ်ငန်းဆောင်ရွက်မှု လုပ်ငန်းစဉ်အဆင့်ဆင့်အတိုင်း လုံခြုံရေးအထူး ဂရုပြု လုပ်ဆောင်ကြရန် လမ်းညွှန်မှာကြားခဲ့သည်။

          ထို့နောက် မူးယစ်တပ်ဖွဲ့စုမှူးနှင့် အကောက်အခွန်ဦးစီးဌာန တာဝန်ခံတို့က မူးယစ်ဆေးဝါးနှင့် တရာမဝင်ကုန်ပစ္စည်းများ ဖမ်းဆီးရရှိမှုနှင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ အား ရှင်းလင်းတင်ပြခဲ့သည်။ ၎င်းနောက် ပဲခူးတိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ညီလန်းချိုနှင့် ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး တင်မျိုးထူးတို့က လိုအပ်သည်များ အကြံပြုတင်ပြခဲ့ကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်လမ်းညွှန်မှာကြားခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ချီးမြှင့်ငွေများပေးအပ်ခဲ့ကာ ဝန်ထမ်းအိမ်ရာတည်ဆောက်နေမှုနှင့် ဝန်ထမ်းဆောင်များအား ကြည့်ရှုစစ်ဆေးခဲ့သည်။

          ယင်းနောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ညောင်ခါးရှည် (X-Ray) အမြဲတမ်းစစ်ဆေးရေး ပို့ကုန်ဂိတ်နှင့် သွင်းကုန်ဂိတ်များ၌ ခရီးသွားများအား FRS စနစ်ဖြင့် စစ်ဆေးနေမှု၊ ကုန်စည်ပို့ဆောင်သည့်ယာဉ်များအား X-Ray စက်ကြီးများဖြင့် စစ်ဆေးနေမှု၊ မော်တော်ယာဉ်ငယ်များအား လူနှင့် Mobile X-Ray စက်များဖြင့် စစ်ဆေးဆောင်ရွက်နေမှုတို့အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။