ပဲခူး နိုဝင်ဘာ ၂၄

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှု မြို့မိ/မြို့ဖများပူးပေါင်းပါဝင်မှုတို့ဖြင့် ပဲခူးမြို့တွင် တန်ဆောင်မုန်းလပြည့်နေ့၌ စတုဒီသာ ကျွေးမွေးခြင်းအား နိုဝင်ဘာလ(၂၄)ရက်နေ့တွင် မနက်ပိုင်းက ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မဗိမ္မာန်ဝန်းအတွင်း စတုဒီသာမဏ္ဍပ်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဇနီး ဒေါ်စိုးစိုးသက်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများတို့သည် တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် မြို့မိ/မြို့ဖများပူးပေါင်း၍ ဒေသခံပြည်သူများနှင့် ပဲခူးမြို့သို့ လာရောက်လည်ပတ်ကြသူများ စုစုပေါင်း(၃၅၀၀၀)ဦးကျော်အား ထမင်း၊ ဝက်သား၊ ငါးပေါင်း၊ သီးစုံပဲဟင်း၊ ငါးခေါင်းမျှစ်ချဉ်ဟင်း၊ ငါးငပိချက်တို့ဖြင့် စတုဒီသာကျွေးမွေးနေမှုကို ကြည့်ရှုအားပေးခဲ့ပြီး စတုဒီသာ လာရောက်သုံးဆောင်သူများနှင့် စေတနာရှင်လုပ်အားပေးကြသော ပရဟိတအဖွဲ့များ၊ ဆရာမများ၊ သင်တန်းသား/သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website