Home / Bago Manager ZWL (page 108)

Bago Manager ZWL

ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း ဦးဆောင်၍ တိုင်းဒေသကြီး စက်မှုဇုန်များကြီးကြပ်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်

ပဲခူး ဇွန် ၈ ===============           ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ဇွန်လ (၈)ရက်နေ့၊ မွန်းလွဲ(၂)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း ဦးဆောင်၍ တိုင်းဒေသကြီး စက်မှုဇုန်များကြီးကြပ်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက ပဲခူးတိုင်း ဒေသကြီးအတွင်း တည်ဆောက်ပြီး၊ တည်ဆောက်ဆဲ၊ တည်ဆောက်ရန်လျာထားသည့် စက်မှုဇုန် များအား စက်မှုဇုန်ဥပဒေနှင့်အညီ ပြန်လည်အဆင့်မြှင့်တင်နိုင်ရေးသည် အလွန်အရေးကြီးကြောင်း၊ တချို့စက်ရုံ/အလုပ်ရုံများသည် စက်မှုစီးပွားဂရန် ရရှိထားခြင်းမရှိသဖြင့် ရသင့်ရထိုက်သည့် အခွန်ငွေများ ဆုံးရှုံးလျက်ရှိ၍ စက်မှုမြေများအား စက်မှုစီးပွားဂရန် လျှောက်ထားထုတ်ပေးနိုင်ရေး စီမံချက်ရေးဆွဲပြီး စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီ ဖွဲ့စည်းကာ ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ စက်မှုဇုန်ဝင်/ထွက်လမ်း သန့်ရှင်းသာယာလှပစေရေးနှင့် ယခုနှစ်မိုးရာသီတွင် အရိပ်ရ သစ်ပင်များ စိုက်ပျိုးသွားရန် လိုအပ်ကြောင်း၊ စက်ရုံအလုပ်သမား ကြို/ပို့ မော်တော်ယာဉ်များ ယာဉ်အန္တရာယ် ကင်းရှင်းစေရေးနှင့် …

Read More »

ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ငါးမွေးမြူခြင်းဆိုင်ရာ အခြေခံဆေးထိုး သားဖောက်ခြင်း သင်တန်းသို့ တက်ရောက်ဖွင့်လှစ်

ပဲခူး ဇွန် ၈ ===================            ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းသည် ဇွန်လ(၈)ရက်နေ့ နံနက်(၉)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာန၊ ငါးလုပ်ငန်းသင်တန်းကျောင်းတွင် ဖွင့်လှစ်သည့် ငါးမွေးမြူခြင်းဆိုင်ရာ အခြေခံဆေးထိုးသားဖောက်ခြင်းသင်တန်းအား ကောင်စီအဖွဲ့ ဝင်များနှင့်အတူ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။      ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက ပြည်သူများ အနေဖြင့် စားဝတ်နေရေးအတွက် အဖြစ်မနေ လုပ်ကိုင်ကြရာမှာ GAqP နှင့်အညီ ဘေးကင်းလုံခြုံ သော အစားအစာများ ထုတ်လုပ်နိုင်မှသာ အန္တရာယ်ကင်းပြီး အဟာရပြည့်ဝ ဉာဏ်ရည်ပြည့်မီမှာ ဖြစ်ကြောင်း၊ ပဲခူးတိုင်းဒေသကြီးအတွင်းမှ ထွက်ရှိသော ရေချိုငါးများအား ရန်ကုန်စံပြငါးဈေးကွက် သို့ နေ့စဉ် တန်ချိန်(၁၀၀)ကျော်ခန့် ဖြည့်တင်းဆောင်ရွက်ပေးနေရသလို နေ့စဉ်လူတိုင်း ငါးစားသုံးမှု  တိုးတက်မြင့်မားလာသည်ကိုလည်း တွေ့ရှိနေရကြောင်း၊ ရေချိုငါးမွေးမြူရေးလုပ်ငန်းသည် ဈေးကွက်ခိုင်မာမှုရှိပြီး စီးပွားရေးအရ တွက်ချေကိုက်သည့် လုပ်ငန်းတစ်ခုဖြစ်၍ သင်တန်းသားများ အနေဖြင့် သင်ကြားမှုများအား အလေးအနက်ထားသင်ယူ၍ အရည်အသွေးပြည့်မီသော …

Read More »

ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ လျှင်မြန်စွာ ဖွံ့ဖြိုးတိုးတက်စေရေး ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး နှင့် ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းတို့ တွေ့ဆုံ

ပဲခူး ဇွန် ၆ =======================           ပဲခူးတိုင်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ လျှင်မြန်စွာ ဖွံ့ဖြိုးတိုးတက်စေရေး ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး နှင့် ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းတို့ တွေ့ဆုံပွဲအခမ်းအနားအား ဇွန်လ(၆)ရက်နေ့၊ နံနက်(၁၀)နာရီအချိန်က ပဲခူးတိုင်း ဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။           ရှေးဦးစွာ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက တိုင်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ခွင့်ပြုပေးခြင်း ဆောင်ရွက်ရာ တွင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းနှင့်အညီ ဖြစ်စေရေး၊ လုပ်ငန်းများ လွယ်ကူလျှင်မြန်စွာ ဆောင်ရွက်ပေးနိုင်ရေးနှင့် ဝန်ကြီးဌာန၏ ရှေ့ဆက်ဆောင်ရွက် မည့် လုပ်ငန်းစဉ်များအား အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။           ထို့နောက် ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက ပဲခူးဒေသ သည် ရထားလမ်း၊ ကားလမ်းဆုံရာ မြို့တစ်ခုဖြစ်ခြင်း၊ ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ် စီမံကိန်းရှိခြင်း၊ အဓိကပင်လယ်ရေထွက်ပေါက်တစ်ခုဖြစ်သည့် …

Read More »

ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးဆောင်၍ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် တွေ့ဆုံကာ ဒေသလိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေး ညှိနှိုင်းဆွေးနွေး

ပဲခူး ဇွန် ၅ ========================           ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ဇွန်လ (၅)ရက်နေ့၊ နံနက်(၁၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးဆောင်၍ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် တွေ့ဆုံကာ ဒေသလိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေး ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက ၂၀၂၀ ပြည့်နှစ်၊ ရွေးကောက်ပွဲ၌ နိုင်ငံသားစိစစ်ရေးကတ်မရှိဘဲ မဲစာရင်းများတွင် ပါဝင်မဲပေးခဲ့သဖြင့် ယခုအခါ “ပန်းခင်း စီမံချက်”ဖြင့် ရသင့်ရထိုက်သည့် နိုင်ငံသားနှင့်တိုင်းရင်းသားအားလုံး နိုင်ငံသားစိစစ်ရေးကတ်ပြား ရရှိရေး ဆောင်ရွက်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများအနေဖြင့် အထူးအလေးထား ပူးပေါင်းကူညီဆောင်ရွက်ပေးစေလိုကြောင်း၊ မိမိတို့တာဝန်ယူနေသည့် အချိန်ကာလအတွင်း မြို့ပြ ကျေးလက် ဆင်းရဲချမ်းသာကွာဟမှု လျှော့ကျစေရေးနှင့် မြို့ပြ ကျေးလက် ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်စေရေး အလျင်အမြန် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ စပါးစိုက်ဧက တိုးတက်ရေးထက် တစ်ဧကအထွက်တိုးတက်ရေးကို အထူးအလေးထား …

Read More »

ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးဆောင်၍ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်

ပဲခူး ဇွန် ၂ ===============================           ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း ဦးဆောင်၍ ‌ဇွန်လ(၂) ရက်နေ့၊ မွန်းလွဲ(၂)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီရုံး တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာလုပ်ငန်းညှိနှိုင်း အစည်းအဝေး    ကျင်းပပြု လုပ်သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက ပန်းခင်းစီမံချက် ဖြင့် ရသင့်ရထိုက်သည့် နိုင်ငံသားနှင့်တိုင်းရင်းသားအားလုံး နိုင်ငံသားစိစစ်ရေးကတ်ပြားရရှိရေး ဆောင်ရွက်ရာတွင် သွေးစစ်ဆေးခနှင့် ဓါတ်ပုံရိုက်ခများအား တိုင်းဒေသကြီးဘဏ္ဍာရန်ပုံငွေမှ ကျခံသုံးစွဲပေးသွားမည်ဖြစ်၍ စာရင်းဇယားအချက်အလက်များ စာရင်းစစ်ခံယူနိုင်ရေး စနစ်တကျ ပြုစုထားရန်လိုအပ်ကြောင်း၊ တိုင်းဒေသကြီးအတွင်း ရသင့်ရထိုက်သည့် အခွန်ဘဏ္ဍာငွေ ရာနှုန်းပြည့် ကောက်ခံရရှိနိုင်ရေး သက်ဆိုင်ရာအထောက်အကူပြုအဖွဲ့များမှ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ကျေးရွာထင်းစိုက်ခင်း(၁)ရွာလျှင် အနည်းဆုံး(၂)ဧကနှင့် အထက် စိုက်ပျိုးနိုင်ရေး သစ်တောဦးစီးဌာနမှ အောက်ခြေအထိ ကွင်းဆင်းဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ တိုင်းဒေသကြီးအတွင်း ကျေးလက်နှင့်မြို့ပြ လူမှုစီးပွားဘဝကွာဟမှု လျော့ချနိုင် ရေးအတွက် …

Read More »

ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း ၂၀၂၀-၂၀၂၁ ပညာသင်နှစ် အခြေခံပညာကျောင်းများ ဖွင့်လှစ်သင်ကြားနေမှုအား ကြည့်ရှုအားပေး

ပဲခူး ဇွန် ၁ ==================           ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီး ကောင်စီအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးပညာရေး ညွှန်ကြားရေးမှူး၊ ခရိုင်/မြို့နယ်အဆင့် ဌာန ဆိုင်ရာများလိုက်ပါလျက် ဇွန်လ(၁)ရက်နေ့၊ နံနက်(၁၁)နာရီအချိန်က ပဲခူးမြို့တွင်း ၂၀၂၀-၂၀၂၁ ပညာသင်နှစ် အခြေခံပညာကျောင်းများ ဖွင့်လှစ်သင်ကြားနေမှုအား ကြည့်ရှုအားပေးခဲ့သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ပဲခူးမြို့၊ ကလျာဏီရပ်ကွက်ရှိ အမှတ်(၇) အခြေခံပညာအထက်တန်းကျောင်းသို့ ရောက်ရှိခဲ့ရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဖြူဖြူဝင်းမှ ကျောင်းသား/သူများ စာသင်ကြားနေမှုအခြေအနေနှင့် စာသင်ခုံလိုအပ်ချက်များ တင်ပြခဲ့ရာ၊ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက စာသင်ခုံလိုအပ်ချက်အပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး ကျောင်းသား/သူ မိဘများနှင့် ရင်းရင်း နှီးနှီးတွေ့ဆုံနှုတ်ဆက် အားပေးစကား ပြောကြားခဲ့သည်။           ဆက်လက်၍ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ပဲခူးမြို့၊ ဥဿာ(၄)ရပ်ကွက်ရှိ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းသို့ ရောက်ရှိခဲ့ရာ တာဝန်ခံ …

Read More »

ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌဖလား အသက်(၂၁)နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ

ပဲခူး မေ ၃၁ =======================       ပဲခူးမြို့ ဟင်္သာလမ်းရှိ ဟံသာဝတီယူနိုက်တက် ဘောလုံးအားကစားကွင်းတွင် မေလ(၃၁) ရက်နေ့ ညနေ(၃:၃၀) နာရီအချိန်က ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌဖလား (၄)ခရိုင် အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပပြုလုပ်သည်။        အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းနှင့် ကောင်စီဝင်များ၊ ပဲခူးတိုင်းဒေသကြီးအားကစားနှင့် ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးစိုးအောင်နှင့် တိုင်းဒေသကြီး/ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ပြိုင်ပွဲကျင်းပရေး ကော်မတီဝင်များ တက်ရောက်ကြပြီး နောက်ဆုံးဗိုလ်လုပွဲအဖြစ် ပဲခူးခရိုင်အသင်းနှင့် သာယာဝတီ ခရိုင်အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုအား ကြည့်ရှုအားပေးရာ ပဲခူးခရိုင်အသင်းက(၂:၁)ဂိုးဖြင့် အနိုင်ရဗိုလ်စွဲသွားခဲ့သည်။      ထို့နောက် ညနေ(၅:၃၀)နာရီအချိန်တွင် ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပပြုလုပ်ရာ ပဲခူးတိုင်း ဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌဖလား (၄)ခရိုင် အသက်(၂၁)နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲတွင် ဒုတိယရရှိသော သာယာဝတီခရိုင်အသင်းအား တစ်ဦးချင်းဆုတံဆိပ်ကို …

Read More »

ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ အများပြည်သူ စိတ်လက်အပန်းဖြေနိုင်စေရေး ကမ္ဘောဇသာဒီနန်းတော် အဆင့်မြှင့်တင် ဆောင်ရွက်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေး

ပဲခူး မေ ၃၁ ==========================           ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းသည် မေလ(၃၁)ရက်နေ့ နံနက်ပိုင်းက အများပြည်သူ စိတ်လက်အပန်းဖြေနိုင်စေရေး ကမ္ဘောဇသာဒီနန်းတော် အဆင့်မြှင့်တင် ဆောင်ရွက်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။           ရှေးဦးစွာ ပဲခူးမြို့၊ ကမ္ဘောဇသာဒီနန်းတော်ရာဝန်းအတွင်းရှိ မြေနန်းပြဿဒ်ဆောင်နှင့် ဘမရာသနပလ္လင်တော်ဆောင်သို့ သွားရောက်ခဲ့ပြီး နန်းတော်ကုန်း ပြန်လည်တူးဖော်စဉ် ရရှိခဲ့သည့် ကျွန်းတိုင်များ၊ မှတ်တမ်းဓါတ်ပုံများပြသထားရှိမှုနှင့် ထပ်မံအဆင့်မြှင့်တင်ဆောင်ရွက်မည့် အခြေအနေများအား ပဲခူးတိုင်းဒေသကြီးရှေးဟောင်းသုတသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမြင့်ဇော်က လိုက်လံရှင်းလင်းတင်ပြခဲ့ရာ၊ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက ကမ္ဘောဇသာဒီနန်းတော်အား ၁၅၅၆ ခုနှစ်တွင် ဘုရင့်နောင်မင်းတရားကြီးက တည်ဆောက်ခဲ့ပြီး ၁၆ရာစုရှိ မြန်မာ့အင်ပါယာ၏ ခန့်ငြားထည်ဝါမှုကို ဖော်ပြနေသော ပြယုဒ်ဖြစ်၍ ရေရှည်တည်တံ့စေရေး၊ နောင်မျိုးဆက်သစ်များထိတိုင် မျိုးချစ် စိတ်ဓါတ် ရှင်သန်ထက်မြက်စေရေးတို့အတွက် စဉ်ဆက်မပြတ် ထိန်းသိမ်းစောင့်ရှောက်ရမည်ဖြစ် ကြောင်း၊ ယင်းသို့ ထိန်းသိမ်းစောင့်ရှောက်ရာတွင်လည်း ရှေးမူလက်ရာမပျက် …

Read More »

ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း ဦးဆောင်၍ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ(၁/၂၀၂၁) အစည်းအဝေး ကျင်းပပြုလုပ်

ပဲခူး မေ ၂၈ ================           ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း ဦးဆောင်၍ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ(၁/၂၀၂၁) အစည်းအဝေးအား မေလ(၂၈)ရက်နေ့၊ နံနက်(၁၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက ပဲခူးဒေသ သည် မီးရထားလမ်း၊ ကားလမ်းဆုံရာမြို့တစ်ခုဖြစ်ပြီး မြန်မာနိုင်ငံ၏ အဓိကပင်လယ်ထွက်ပေါက် တစ်ခုဖြစ်သည့် သီလဝါအပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းနှင့်လည်း ကားလမ်းများ တိုက်ရိုက်ချိတ်ဆက် ထားမှုရှိ၍ ပြည်တွင်း/ပြည်ပ ရင်းနှီးမြှုပ်နှံသူများ အထူးစိတ်ဝင်စား၍ ရင်းနှီးမြှုပ်နှံရန် မဟာဗျူဟာအရ အရေးပါသည့် တိုင်းဒေသကြီးတစ်ခုဖြစ်ကြောင်း၊ ရင်းနှီးမြှုပ်နှံမှုများ တိုးတက် လာပါက ဒေသတွင်း အလုပ်အကိုင် အခွင့်အလမ်းများ ပေါများလာမည်ဖြစ်ပြီး တိုင်းဒေသကြီး၏ GDP လည်း တိုးတက်လာမည်ဖြစ်ကြောင်း၊ ပြည်တွင်း/ပြည်ပ ရင်းနှီးမြှုပ်နှံမှုများအား ဥပဒေ၊ နည်း ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ မြန်မြန်ဆန်ဆန် …

Read More »

၂၀၂၁-၂၀၂၂ပညာသင်နှစ် ပဲခူးတိုင်းဒေသကြီး ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပပြုလုပ်

ပဲခူး မေ ၂၇ ===================        ၂၀၂၁-၂၀၂၂ပညာသင်နှစ် ပဲခူးတိုင်းဒေသကြီး ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို မေလ(၂၇)ရက်နေ့ နံနက်(၉)နာရီအချိန်က ပဲခူးမြို့ အမှတ်(၁)အ‌ခြေခံပညာအထက်တန်းကျောင်း၊ သီရိပညာခန်းမတွင် ကျင်းပပြုလုပ်သည်။        ရှေးဦးစွာ အမှတ်(၁)အ‌ခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူများက “ကျောင်းအပ်ကြစို့” သီချင်းဖြင့် သီဆိုဖျော်ဖြေကြပြီး ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ ဦးမျိုးဆွေဝင်းက အေးချမ်းသာယာပြီး  “ပညာရေးဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီး တည်ဆောက်အံ့”ဟူ‌သော နိုင်ငံတော်ရဲ့ ပညာရေးဆိုင်ရာ ဆောင်ပုဒ်နှင့်အညီ လူတိုင်းပညာတတ်မှ အေးချမ်းသာယာပြီး ခေတ်မီတိုးတက်သော နိုင်ငံတော်ကြီး တည်ဆောက်နိုင် မှာဖြစ်ကြောင်း၊ ပညာရေးဝန်ကြီးဌာနမှ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းသို့ရောက်ရှိရေး အတွက် မေလ(၂၄)ရက်နေ့မှ (၃၁)ရက်နေ့အထိ ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် သတ်မှတ်ပြီး တစ်နိုင်ငံလုံး တစ်ပြိုင်နက် အကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိကြောင်း၊ ပညာရေးဝန်ကြီးဌာန အနေဖြင့် မည်သည့်ခွဲခြားမှုမျှမရှိဘဲ မည်သူတစ်ဦးတစ်ယောက်ကိုမျှ ချန်မထားဘဲ ကျောင်းထွက်သူ မရှိစေရေးတို့ကို အ‌ခြေခံပြီး ကျောင်းနေအရွယ်ကလေးများအားလုံး …

Read More »