ပဲခူး ဇူလိုင် ၂၁ ==================== ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၏ ဧည့်ခန်းမသို့ ဇူလိုင်လ(၂၁)ရက်နေ့၊ နံနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရေးအတွက် KM Healthcare Myanmar Co., Ltd မှ ကျန်းမာရေး အထောက်အကူပြုပစ္စည်းများ လာရောက်လှူဒါန်းသည်။ ရှေးဦးစွာ KM Healthcare Myanmar Co., Ltd ၏ မန်နေးဂျင်းဒါရိုက်တာက လှူဒါန်းရခြင်း အကြောင်းအား ပြောကြားခဲ့ပြီး ပဲခူးတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် PPE Level(1) ဝတ်စုံ(၁၀၀၀)ခု၊ PPE Level(2) ဝတ်စုံ(၁၀၀၀)ခု၊ ဦးထုပ်(၁၀၀၀၀)လုံး၊ (၁၀၀၀)ခုတို့အား လှူဒါန်းပေးအပ်ရာ ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး ဂုဏ်ပြုမှတ်တမ်လွှာ …
Read More »Bago Manager ZWL
ပဲခူးတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ အချိန်တိုတွင်း ထိန်းချုပ်တိုက်ဖျက်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းဝေး (၁၂/၂၀၂၁) ကျင်းပပြုလုပ်
ပဲခူး ဇူလိုင် ၂၀ ===================== ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ဇူလိုင် လ (၂၀)ရက်နေ့၊ နံနက်(၁၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ အချိန်တိုတွင်း ထိန်းချုပ်တိုက်ဖျက်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းဝေး (၁၂/၂၀၂၁) အား Online Zoom Meeting System ဖြင့် ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၏ အစည်းအဝေးလမ်းညွှန်ချက်များအား ရှင်းလင်းပြောကြား ခဲ့ပြီးနောက် ကျေးရွာ/ရပ်ကွက်အတွင်း COVID-19 Mobile Swab Van များဖြင့် စစ်ဆေးပြီး ပြည်သူအတွင်း ပြန့်နှံ့နေသည့် ရောဂါပိုးသယ်ဆောင်သူများကို ရှာဖွေရန်လိုပါကြောင်း၊ ရပ်ကွက်/ ကျေးရွာများအတွင်း ဖျားနာသူများအား ရပ်/ကျေးအုပ်စု အုပ်ချုပ်ရေးမှူးများ၊ စေတနာ့ ဝန်ထမ်းများ နှင့် တစ်အိမ်ဆင်း တစ်အိမ်တက် ကျန်းမာရေးအခြေအနေမေးမြန်း၍ ရောဂါရှာဖွေရန်လို …
Read More »ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီမှ ဦးဆောင်၍ (၇၄)နှစ်မြောက်အာဇာနည်နေ့ အထိမ်းအမှတ် နေ့ဆွမ်းဆက်ကပ်လှူဒါန်း
ပဲခူး ဇူလိုင် ၁၉ ————————- ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီမှ ဦးဆောင်၍ ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မဗိမာန်တွင် ဇူလိုင်လ(၁၉)ရက်နေ့ နံနက်(၁၀)နာရီအချိန်က ဆရာတော်၊ သံဃာတော်အရှင်သူမြတ်(၉)ပါးအား (၇၄)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် ကျဆုံးသွားသည့် အာဇာနည်ခေါင်းဆောင်ကြီး များအား ရည်စူး၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်(၁၉)ရောဂါ စည်းကမ်းချက်များနှင့်အညီ နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်း အခမ်းအနား ကျင်းပပြုလုပ်ကြသည်။ ရှေးဦးစွာ ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များ၊ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း၊ တိုင်းဒေသကြီးတရားသူကြီးချုပ်နှင့် ကောင်စီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများက နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ပြီး ပဲခူးမြို့၊ မြို့မစာသင်တိုက် ပဓာနနာယကဆရာတော် အဘိဓဇမဟာရဌဂုရု၊ နိုင်ငံတော် ဩဝါဒါစရိယ၊ ဘဒ္ဒန္တဂန္ဓမာ မဟာထေရ်မြတ်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။ ထို့နောက် ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များက မေတ္တာသုတ်ပရိတ်တရားတော်များ ချီးမြှင့်တော်မူကြပြီး ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ …
Read More »ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း ပဲခူးမြို့၊ အထွေထွေရောဂါကု ဆေးရုံကြီး၌ လည်ပတ်နေသည့် Oxygen Plant စက်အသစ်အား သွားရောက်ကြည့်ရှုစစ်ဆေး
ပဲခူး ဇူလိုင် ၁၈ ====================== ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းသည် ဇူလိုင်လ(၁၈) ရက်နေ့၊ နံနက်(၉)နာရီအချိန်က ပဲခူးမြို့၊ အထွေထွေရောဂါကုဆေးရုံကြီး၌ လည်ပတ်နေသည် Oxygen Plant စက်အသစ်အား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။ ရှေးဦးစွာ ပဲခူးမြို့၊ အထွေထွေရောဂါကုဆေးရုံအုပ်ကြီး ဒေါက်တာဇော်လွင်က တိုင်းဒေသကြီး ဘတ်ဂျက်ဖြင့် Oxygen Plant စက်အသစ် လည်ပတ်နေမှုအခြေအနေနှင့် နေ့စဉ်အောင်စီဂျင် ထုတ်လုပ်နေမှု အခြေအနေများနှင့် ပြည်ထောင်စုဘတ်ဂျက်ဖြင့် ဆောင်ရွက်ဆဲဖြစ်သည့် Liquid Oxygen Plant တည်ဆောက်နေသည့် အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ရာ၊ ပဲခူးတိုင်း ဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက မိမိတို့တိုင်းဒေသကြီးကောင်စီ တာဝန်ယူ ခဲ့သည့် အချိန်ကစပြီး တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများအား လူမျိုး/ဘာသာ မခွဲခြားဘဲ တာဝန်ယူ စောင့်ရှောက်ပေးလျက်ရှိကြောင်း၊ ယခု COVID-19 ရောဂါ တတိယလှိုင်း စတင်ခံစား ရသည့် …
Read More »COVID-19 ရောဂါ တိုက်ဖျက်ရေးအား အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ရုံးပိတ်ရက်(၉) ရက်အတွင်း အောင်မြင်စွာဆောင်ရွက်နိုင်ရေး လမ်းညွှန်မှာကြား
ပဲခူး ဇူလိုင် ၁၆ ================ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ဇူလိုင် လ(၁၆)ရက်နေ့၊ မွန်းလွဲ(၂)နာရီအချိန်က COVID-19 ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁၁/၂၀၂၁)အား Online Zoom Meeting System ဖြင့် ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက ရုံးပိတ်ရက် (၉)ရက်သည် COVID-19 ရောဂါ ထိန်းချုပ်တိုက်ဖျက်နိုင်ရေးအတွက် အခွင့်အခါကောင်းဖြစ်၍ ထပ်မံကူးစက် ပြန့်နှံ့မှုမရှိစေရေး အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ထိထိရောက်ရောက် အောင်မြင်စွာ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အချို့ Stay at Home သတ်မှတ်ထားသည့် မြို့နယ် များတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များပေါ် ပြည်သူများ လိုက်နာမှုအားနည်းနေ သည်ကိုတွေ့ရှိရ၍ သက်ဆိုင်ရာ မြို့နယ်စီမံခန့်ခွဲမှုအဖွဲ့ တာဝန်ရှိ သူများ၊ တပ်ရင်းတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့နှင့် …
Read More »ပဲခူးမြို့ ပြည်သူ့ဆေးရုံးကြီး၌ တာဝန်ထမ်းဆောင်နေသည့် ကျန်းမာရေးဝန်ထမ်းများနှင့် COVID-19 ရောဂါ ကုသရေးစင်တာများရှိ ကျန်းမာရေးဝန်ထမ်းများအား အခြေခံစားသောက်ကုန်များ သွားရောက်ထောက်ပံ့
ပဲခူး ဇူလိုင် ၁၄ ==================== ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းသည် ဇူလိုင်လ(၁၄) ရက်နေ့၊ နံနက်(၁၀:၃၀)အချိန်က ပဲခူးမြို့၊ ကုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကုဆေးရုံကြီးသို့ သွာရောက်၍ တာဝန်ထမ်းဆောင်နေသည့် ကျန်းမာရေးဝန်ထမ်းများအား အခြေခံစားသောက် ကုန်များ သွာရောက်ထောက်ပံ့၍ အားပေးစကား ပြောကြားခဲ့သည်။ ရှေးဦးစွာ ပဲခူးမြို့၊ ကုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကုဆေးရုံကြီး၌ ပြည်ထောင်စု ဘတ်ဂျက်ဖြင့် တည်ဆောက်ဆဲ Liquid Oxygen Plant အား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး စာချုပ်ချုပ်ဆို တည်ဆောက်သည့် ကုမ္ပဏီနှင့်အမြန်ဆုံးချိတ်ဆက်၍ ပြည်သူများအတွက်အမြန်ဆုံး အောက်စီဂျင် လုံလောက်စွာ ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ရေးနှင့် လိုအပ်သော ကုန်ကြမ်းပစ္စည်းများ ကြိုတင်မှာယူတင်သွင်း သယ်ယူနိုင်ရေးတို့အား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။ ထို့နောက် ပဲခူးမြို့၊ ကုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကုဆေးရုံကြီး အစည်းအဝေးခန်းမ၌ ဆေးရုံအုပ်ကြီး ဒေါက်တာဇော်လွင်မှ ဆေးရုံ၌ COVID-19 ရောဂါ ကုသပေးနေမှု …
Read More »ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းဦးဆောင်၍ တိုင်းဒေသကြီးအတွင်း COVID-19 ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၁၀/၂၀၂၁) ကျင်းပပြုလုပ်
ပဲခူး ဇူလိုင် ၁၂ ================== ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ဇူလိုင် လ(၁၂)ရက်နေ့၊ မွန်းလွဲ(၂)နာရီအချိန်က COVID-19 ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁၀/၂၀၂၁)အား Online Zoom Meeting System ဖြင့် ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက မိမိတို့တိုင်းဒေသကြီးအတွင်း များများစစ်၊ များများတွေ့၊ များများ Facility Quarantine ထည့် စနစ်ဖြင့် ဆောင်ရွက်နေကြောင်း၊ COVID-19 ရောဂါ ကူးစက်မှုမခံရစေရေးအတွက် တစ်ဦးချင်း ကျန်းမာရေး အသိစိတ်ဓါတ်ဖြင့် ကာကွယ်ခြင်း၊ Stay at Home သတ်မှတ်ထားသည့် မြို့နယ်များ တွင် ထုတ်ပြန်ထားသည့် SOP နည်းလမ်းများ အတိုင်း လိုက်နာစေရေး ကြီးကြပ်ဆောင်ရွက်မှသာ ကုသရေးအပိုင်းတွင် ထိထိရောက်ရောက် ဆောင်ရွက်နိုင်မည်ဖြစ်ပြီး သေဆုံးမှုများလည်း …
Read More »ပဲခူးမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း
ပဲခူး ဇူလိုင် ၁၂ =============== ပဲခူးမြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ မြို့တော်သန့်ရှင်းသာယာလှပရေးအတွက် တည်ဆောက်ရေးလုပ်ငန်းများအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ဆောင်ရွက်သွား မည်ဖြစ်၍ ပြည်တွင်းမြန်မာနိုင်ငံသား လုပ်ငန်းရှင်များ သိရှိနိုင်စေရန် အသိပေး အပ်ပါသည်- အပြည့်အစုံကြည့်ရှုရန်——————-
Read More »ဘေးအန္တရာယ်အပေါင်းနှင့် ကပ်ရောဂါကင်းဝေးစေရေးအတွက် ပဋ္ဌာန်းရွတ်ဖတ်ပူဇော်ကြသည့် ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်း
ပဲခူး ဇူလိုင် ၁၀ ===================== ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းသည် ကောင်စီအဖွဲ့ဝင်များနှင့်အတူ ဇူလိုင်လ(၁၀)ရက်နေ့ နံနက်(၁၀:၃၀)နာရီအချိန်က ပဲခူးမြို့ ဆုတောင်းပြည့် ရွှေမော်ဓော စေတီတော်မြတ်ကြီး ရင်ပြင်ပေါ်ရှိ ဧတဒဂ်ရပုဂ္ဂိုလ်ထူးများ၏ စံကျောင်းတော်ကြီး၌ သတ္တဝါများ ဘေးအန္တရာယ်အပေါင်းနှင့် ကပ်ရောဂါအပေါင်းမှ ကင်းဝေးစေရေးအတွက် ပဋ္ဌာန်းရွတ်ဖတ်ပူဇော်ကြ သည့် ဆရာတော်၊ သံဃာတော်များအား ဖူးမြော်ကန်တော့ပြီး နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်းနှင့် ဆရာတော်(၁၅)ပါးအတွက် နဝကမ္မအလှူငွေ ကျပ်(၇၅၀၀၀ဝိ)လှူဒါန်းခြင်းများ ပြုလုပ်ခဲ့သည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်မြတ်ကြီးအား လှည့်လည် ဖူးမြော်ခဲ့ကြသည်။ အဆိုပါ အသံမစဲမဟာပဋ္ဌာန်းမြတ်ရွတ်ဖတ်ပူဇော်ခြင်းအားဖြင့် ပဲခူးတိုင်းဒေသကြီးအတွင်း သတ္တဝါများ ဘေးအန္တရာယ်အပေါင်းမှ ကင်းဝင်းစေရန်၊ ကျရောက်နေသည့် ကပ်ရောဂါအပေါင်းမှ ကင်းဝေးစေရန်ရည်ရွယ်၍ ပဲခူးမြို့နယ်အတွင်းရှိ သုံးဂိုဏ်းဝင်ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များက ကိုဗစ်-၁၉ရောဂါ ညွှန်ကြားချက်၊ စည်းကမ်းချက်များ …
Read More »ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းဦးဆောင်၍ တိုင်းဒေသကြီးအတွင်း COVID-19 ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၉/၂၀၂၁) ကျင်းပပြုလုပ်
ပဲခူး ဇူလိုင် ၉ ================== ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ဇူလိုင် လ(၉)ရက်နေ့၊ မွန်းလွဲ(၂)နာရီအချိန်က COVID-19 ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၉/၂၀၂၁)အား Online Zoom Meeting System ဖြင့် ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက COVID-19 ရောဂါကြောင့်သေဆုံးသူအများစုသည် ဆေးရုံသို့နောက်ကျမှ ရောက်ရှိလာသည့်အပြင် သွေးထဲတွင် အောက်စီဂျင် အလွန်ကျဆင်းနေသည်ကို တွေ့ရှိရကြောင်း၊ ဒါကြောင့် ရပ်ကွက်/ကျေးရွာများအတွင်းရှိ မကျန်းမာသူများ၊ အနံပျောက်ခြင်း၊ဖျားနာခြင်း၊ အသက်ရှုကြပ်ခြင်းများ ဖြစ်ပေါ်လာပါက ချက်ခြင်းပြည်သူ့ဆေးရုံသို့ သွားရောက်၍ ဆေးကုသမှုခံယူရန် အသိပညာပေးခြင်းအား ထပ်ခါ ထပ်ခါ နှိုးဆော်ပေးသွားရမည် ဖြစ်သည့်အပြင် မြို့နယ် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ၏ Hot Lineတယ်လီဖုန်းနံပါတ်များအား အများပြည်သူသိရှိနိုင်ရေး လူစည်ကား …
Read More »