Home / Bago Manager ZWL (page 95)

Bago Manager ZWL

COVID-19 ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းစဉ်များအား အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် အထူးအလေးထား ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြား

ပဲခူး ဇူလိုင် ၅ ================           ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း ဦးဆောင်၍ ဇူလိုင်လ(၅) ရက်နေ့၊ မွန်းလွဲ(၂)နာရီအချိန်က  ပဲခူးတိုင်းဒေသကြီး COVID-19 ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၈/၂၀၂၁) အား Online Zoom Meeting System ဖြင့် ကျင်းပခဲ့သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက ယခု  COVID-19 ရောဂါပိုးသည် အလွန်ကူးစက်မှု မြန်ဆန်ပြီး သေဆုံးမှုနှုန်းလည်း မြင့်မားလျက်ရှိသည်ကို နေ့စဉ်သတင်းတင်ပြချက်များအရ သိရှိနေရကြောင်း၊ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ အနေဖြင့် Mobile Lab စနစ်ကိုအသုံးပြုပြီး ရပ်ကွက်/ကျေးရွာများအထိ စစ်ဆေးဆောင်ရွက်ပေး မည်ဖြစ်ကြောင်း၊ ဒါမှသာ ကျန်းမာရေးအတွက် လိုအပ်ချက်များကို အချိန်မီသိရှိနိုင်ပြီး ချက်ခြင်း ဖြေရှင်းဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း၊ COVID-19 ရောဂါပိုးတွေ့ရှိခဲ့သည့် စာသင်ကျောင်းများ နှင့် Stay at …

Read More »

ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ငါးမျိုးစိုက်ထည့်ခြင်းနှင့် သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားများသို့တက်ရောက်

ပဲခူး ဇူလိုင် ၂ ———————       ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းသည် ဇူလိုင်လ(၂)ရက်နေ့  နံနက်(၈)နာရီအချိန်က ပဲခူးမြို့နယ်နှင့် ကျောက်တံခါးမြို့နယ်တို့တွင် ကျင်းပပြုလုပ်သည့် ငါးမျိုး စိုက်ထည့်ခြင်းနှင့် သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားများသို့ တက်ရောက်ခဲ့သည်။        ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းသည် ကောင်စီ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့်အတူ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၄၆)မိုင် (၂)ဖာလုံအနီး ပဲခူးမြို့နယ်အတွင်းရှိ ဝါးကတုတ်ဆည်သို့ သွားရောက်ခဲ့ပြီး ပဲခူးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှ ဝါးကတုတ်ဆည်အတွင်း၌ ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားသို့ တက်ရောက်ကာ ဆည်အတွင်းသို့ ငါးမြစ်ချင်းအကောင်ရေ(၁)သိန်းခွဲ၊ တောင်ပေါ်ငါးသလောက် အကောင်ရေ(၅)သောင်းနှင့်  ငါးခုံးမကြီးအကောင်ရေ (၅)သောင်းတို့ကို စိုက်ထည့်ပေးခဲ့ကြသည်။      ဆက်လက်၍ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းနှင့် အဖွဲ့သည် ရန်ကုန်-မန္တလေး အမြန်လမ်းမိုင်တိုင်အမှတ်၊ ၈၇/၆ အနီး၊ ကျောက်တံခါးမြို့နယ်၊ အိုင်တုံကြိုးဝိုင်း၊ အကွက်အမှတ်(၇၇)ရှိ …

Read More »

၂၀၂၀-၂၀၂၁ ခု ပညာသင်ထောက်ပံ့ကြေးနှင့် သင်ထောက်ကူပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း တက်ရောက်

ပဲခူး ဇူလိုင် ၁ ================           ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ဇူလိုင်လ(၁) ရက်နေ့၊ မွန်းလွဲ(၂)နာရီအချိန်က  ပဲခူးတိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဝန်ထမ်းမိသားစုများ၏ သားသမီးများ ပညာသင်ထောက်ပံ့ကြေးနှင့် သင်ထောက်ကူပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း တက်ရောက်ခဲ့သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက ကလေးငယ်များသည် အနာဂတ်နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးအတွက် အရေးပါသည့် ခေါင်းဆောင်ကောင်းများ သားကောင်းရတနာများဖြစ်သည့်အားလျော်စွာ ပညာတတ်လူငယ်များ ဖြစ်လာစေရေး ထောက်ပံ့ပြုစုပျိုးထောင်ပေးရန် တာဝန်ရှိကြောင်း၊ ပညာရည်ပြည့်ဝသော နိုင်ငံ့သားကောင်းရတနာများ ပေါ်ထွက် လာမှသာ တိုင်းပြည်၏အနာဂတ်လည်း တောက်ပြောင်လာမှာဖြစ်ကြောင်း၊ ပညာရေးသည် စီးပွားရေး၊ လူမှုရေး၊ နိုင်ငံဖွံ့ဖြိုးတိုးတက်မှု သာမက လူအဖွဲ့အစည်းရှင်သန်မှုအတွက် အဓိက ရေသောက်မြစ်ဖြစ်သည့်အတွက် မိမိတို့၏ သားသမီးများအား အကောင်းဆုံး ပြုစုပျိုးထောင်ပေး ကြစေလိုကြောင်းနှင့် တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့်လည်း ဝန်ထမ်းများ၏ သား/သမီးများ ပညာရည်မြင့်မားစေရေးအတွက် ထောက်ပံ့ပေးနိုင်ရေး …

Read More »

ပဲခူးတိုင်းဒေသကြီး COVID-19 ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၆/၂၀၂၁) ကျင်းပပြုလုပ်

ပဲခူး ဇူလိုင် ၁ ================           ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း ဦးဆောင်၍ ဇူလိုင်လ(၁) ရက်နေ့၊ နံနက်(၁၀)နာရီအချိန်က  ပဲခူးတိုင်းဒေသကြီး COVID-19 ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၆/၂၀၂၁) အား Online Zoom Meeting System ဖြင့် ကျင်းပခဲ့သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက   COVID-19 ရောဂါပိုး တွေ့ရှိမှုသည် နေ့စဉ်စာရင်းများအရ မြှင့်တက်လျက်ရှိ၍ ကာကွယ်ထိန်းချုပ်ရေးအပိုင်းကို ထိထိရောက်ရောက် မြန်မြန်ဆန်ဆန် ကိုင်တွယ်ဖြေရှင်း သွားရမည်ဖြစ်ကြောင်း၊ ဆေးရုံသို့ ရောက်ရှိလာသည့် PUI လူနာများအား အောက်စီဂျင်လုံလောက်စွာ ရရှိနိုင်ရေး အောင်စီဂျင်အိုးများ ချက်ခြင်းဖြည့်ဆည်း ပေးသွားမည်ဖြစ်ကြောင်း၊ ဆေးရုံများ၌ အောက်စီဂျင်ပိုက်လိုင်းများ ပြင်ဆင် ရန်နှင့် အသစ်တပ်ဆင်ရန် လိုအပ်ပါက တင်ပြပေးရန်၊ ပြည်သူများ မဖြစ်မနေ အပြင်ထွက်ရပါက …

Read More »

တန်ဖိုးမြှင့်စားသောက်ကုန်နှင့် လူသုံးကုန်ထုတ်လုပ်မှုသင်တန်းဆင်းပွဲသို့ ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း တက်ရောက်

ပဲခူး ဇွန် ၃၀ ================           ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းသည် ဇွန်လ (၃၀)ရက်နေ့ နံနက်(၁၀:၀၀)အချိန်က ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ရဲသူရိန်ခန်းမ၌ တန်ဖိုးမြှင့်စားသောက် ကုန်နှင့် လူသုံးကုန်ထုတ်လုပ်မှုသင်တန်းဆင်းပွဲသို့ တက်ရောက်ခဲ့သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက ယခု ဖွင့်လှစ်သင်ကြားပေးခဲ့သည့် သင်တန်းသည် ပြည်ပသွင်းကုန်အစားထိုး ဒေသထွက်သီးနှံ ပစ္စည်း များအား တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ထုတ်လုပ်နိုင်ရေး သင်တန်းဖြစ်ပြီး လက်တွေ့မှာလည်း မိသားစုများ၏ တစ်ဘက်တစ်လမ်းမှ ဝင်ငွေရရှိနိုင်မည်ဖြစ်ကြောင်း၊ သင်တန်းတွင် သင်ကြား တတ်မြောက်ခဲ့သည့် တန်ဖိုးမြှင့်ထုတ်ကုန် နည်းပညာများအား မိမိတို့၏ လူမှုပတ်ဝန်းကျင်တွင် လည်း အကျိုးရှိစွာ အသုံးချစေလိုကြောင်း၊ ပြည်တွင်း၌ တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်ရာတွင် သုသေတနလုပ်ငန်းများကိုလည်း တွဲဖက်ဆောင်ရွက်စေလိုကြောင်း၊ ဒါမှသာ သုံးစွဲသူပြည်သူများ အနေဖြင့် အန္တရာယ်ကင်းရှင်းပြီး သက်သာသောနှုန်းထားဖြင့် တန်ဖိုးမြှင့်ထုတ်ကုန်များ ကျယ်ပြန့်စွာ သုံးစွဲလာနိုင်မည်ဖြစ်ကြောင်း …

Read More »

ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း ပဲခူးမြို့နယ် ရပ်ကွက်/ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံ

ပဲခူး ဇွန် ၂၉ ===================           ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းသည် ဇွန်လ(၂၉)ရက်နေ့၊ မွန်းလွဲ(၂)နာရီအချိန်က ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မဗိမာ‌န်တော်ကြီး၌ ပဲခူးမြို့နယ် ရပ်ကွက်/ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံပွဲ ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ရှေ့ဆက်သွားမည့် Road Map (၅)ချက်နှင့် ရွေးကောက်ပွဲ ဆိုင်ရာ ဖြစ်စဉ်အခြေအနေမှန်များ၊ Social Media (Facebook)ပေါ်မှ မဟုတ်မမှန်သတင်းဖြန့်နေမှု အခြေအနေများ၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များတွင် ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၏ အရေးပါသော အခန်းကဏ္ဍအကြောင်းအား အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။           ထို့နောက် ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်(၁) ဗိုလ်မှူးကြီးလှမျိုးရွှေက လုံခြုံရေးနှင့် ရပ်ရွာအေးချမ်းသာယာရေး၊ ကျောင်းသား/သူများ ကျောင်းတက်ရောက်နိုင်ရေးကို လည်းကောင်း၊ အတွင်းရေးမှူး ဦးစိုးသိန်းက နေ့စဉ်ဧည့်စာရင်း စစ်ဆေးခြင်းနှင့် One …

Read More »

ပဲခူးတိုင်းဒေသကြီး COVID-19 ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ  လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၅/၂၀၂၁)  ကျင်းပပြုလုပ်

ပဲခူး ဇွန် ၂၉ ====================           ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ဇွန်လ (၂၉)ရက်နေ့၊ နံနက်(၁၁)နာရီအချိန်က ပဲခူးတိုင်းဒေသကြီး COVID-19 ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၅/၂၀၂၁)အား Online Zoom Meeting System  ဖြင့် ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက နေ့စဉ် COVID-19 ရောဂါပိုးတွေ့ရှိမှုသည် ကူးစက်ပြန့်ပွားမှု အလွန်မြန်သော မျိုးရိုးဗီဇပြောင်းသည့် ဗိုင်းရပ် ပိုးဖြစ်၍ ကြိုတင်ကာကွယ်ရေးသာလျှင် အလွန်ထိရောက်သည့် နည်းလမ်းတစ်ခုဖြစ်ကြောင်း၊ Stay at Home သတ်မှတ်ထားသည့် မြို့နယ်များမှ ပြန်လာသူများအား အခန်းများကန့်ထားသည့် Facility Quarantine သို့ တိုက်ရိုက် ထားရှိရန်၊ လူအချင်းချင်း ကူးစက်သည့် ရောဂါပိုးဖြစ်၍ လူစုလူဝေး ဖြစ်စေနိုင်သည့် ဈေးများ၊ ကျောင်းများ၊ ATM …

Read More »

ပဲခူးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၂/၂၀၂၁)အစည်းအဝေး ကျင်းပပြုလုပ်

ပဲခူး ဇွန် ၂၉ —————————          ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ဇွန်လ (၂၉)ရက်နေ့ နံနက်(၁၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၂/၂၀၂၁) အစည်းအဝေး ကျင်းပပြုလုပ်သည်။      ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ အတွင်းရေးမှူး၊ ပဲခူးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးကိုကိုလတ်က ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ပြည်တွင်း/ပြည်ပရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ လည်ပတ်ဆောင်ရွက်နေ သည့် အခြေအနေများနှင့် Sudey Industrial Myanmar Co., Ltd ၊ Myanmar Yarn & Fabric Technology နှင့် Panko Bago Co., Ltd တို့၏ ရင်းနှီးမြှုပ်နှံမှုပမာဏ တိုးချဲ့ဆောင်ရွက်လိုသည့် အမှုတွဲများအား Power Point ဖြင့် အသေးစိတ်ရှင်းလင်းတင်ပြခဲ့ရာ၊ တက်ရောက်လာသည့် ပဲခူးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ အဖွဲ့ဝင်များက အကြုံပြုဆွေးနွေး …

Read More »

ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား (၄)ခရိုင် အသက်(၂၅)နှစ်အောက် အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပပြုလုပ်

ပဲခူး ဇွန် ၂၈ —————————          ပဲခူးမြို့ ရွှေမော်ဘုရားလမ်းရှိ ဟံသာဝတီယူနိုက်တက် ဘောလုံးအားကစားကွင်းတွင် ဇွန်လ(၂၈) ရက်နေ့ ညနေ(၃)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌဖလား (၄)ခရိုင် အသက်(၂၅)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနား ကျင်းပပြုလုပ်သည်။       ရှေးဦးစွာ ပဲခူးခရိုင်အသင်းနှင့် သာယာဝတီခရိုင်အသင်းတို့ ဗိုလ်လုပွဲအဖြစ်ယှဉ်ပြိုင်ကစားနေမှု ကို ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းနှင့် ကောင်စီအဖွဲ့ဝင်များ၊ အမှတ်(၇၇)‌ခြေမြန်တပ်မဌာနချုပ်၊ ဒုတိယတပ်မမှူးနှင့် ဌာနဆိုင်ရာများ၊ ဘောလုံးအားကစား စိတ်ပါဝင်စားသူ များမှ ကြည့်ရှုအားပေးကြရာ ပဲခူးခရိုင်အသင်းက သာယာဝတီခရိုင်အသင်းအား (၄:၃) ဂိုးဖြင့် အနိုင်ရ ဗိုလ်စွဲသွားသည်။       ထို့နောက် ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပပြုလုပ်ရာ ဒုတိယဆုရရှိသော သာယာဝတီခရိုင် အသင်းအား တစ်ဦးချင်းဆုတံဆိပ်၊ ဆုဖလားနှင့် ငွေသားဆု(၁၀)သိန်းကျပ်တို့ကို ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်(၃) ဦးတင်သိန်းကလည်းကောင်း၊ ဂိုး၊ နောက်တန်း၊ …

Read More »

ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ပဲခူးမြို့ ရန်ကင်းသာပန်းခြံ တည်ဆောက် ပြုပြင်နေမှုအား ကြည့်ရှု

ပဲခူး ဇွန်၂၇ —————–         ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းသည် ဇွန်လ(၂၇) ရက်နေ့ နံနက်ပိုင်းအချိန်က ကောင်စီဝင်(၂) ဦးတင်ဦး၊ ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီရုံး၊ ညွှန်ကြားရေးမှူး ဦးရဲထွဋ်တို့နှင့်အတူ ပဲခူးမြို့ ဟံသာဝတီရပ်ကွက်ရှိ ရန်ကင်းသာပန်းခြံ အဆင့်မြှင့်တင် ပြန်လည်တည်ဆောက်နေမှုအား သွားရောက်ကြည့်ရှု ကြသည်။       ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းနှင့်အဖွဲ့အား ရန်ကင်းသာပန်းခြံအဆင့်မြှင့်တင် ပြန်လည်တည်ဆောက်ရာတွင် တာဝန်ယူဆောင်ရွက် နေသည့် ပဲခူးမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အင်ဂျင်နီယာက လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြရာ ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။       ထို့နောက် ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းသည် မြို့တော်ခန်းမတွင် ဖွင့်လှစ်ထားရှိသော ဖျားနာကုအခမဲ့ဆေးခန်းသို့လည်းကောင်း၊ ညဈေး ဖွင့်လှစ်မည့် ရုံးကြီးရပ်ကွက်၊ ပြည်တော်သာလမ်းအား လမ်းလယ်ကျွန်းဆောင်ရွက်နေမှု အခြေအနေများအားလည်းကောင်း လှည့်လည်ကြည့်ရှုပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား …

Read More »