Home / Bago Manager ZWL (page 96)

Bago Manager ZWL

ပဲခူးတိုင်းဒေသကြီး COVID-19 ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပပြုလုပ်

 ပဲခူး ဇွန် ၂၅ ===================           ပဲခူးတိုင်းဒေသကြီးစီမံအုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေးဝင်းဦးဆောင်၍ ဇွန်လ(၂၅)ရက်နေ့ မွန်းလွဲပိုင်းက တိုင်းဒေသကြီးအစည်းအဝေးခန်းမ၌ ပဲခူးတိုင်းဒေသကြီး COVID-19 ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးအား Online Zoom Meeting System ဖြင့်ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက ပဲခူးတိုင်း ဒေသကြီးအတွင်း COVID-19 ရောဂါပိုးတွေ့ရှိသူ တစ်နေ့ထက်တစ်နေ့ ပိုမိုများပြားလာလျက်ရှိ၍ သက်ဆိုင်ရာမြို့နယ်များအနေဖြင့် မိမိတို့၏ မြို့နယ်အတွင်း ပြည်သူများအား ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များအတိုင်း အသိပညာပေးခြင်း၊ လူစည်ကားရာနေရာများတွင် ကျန်းမာရေးအသိပညာပေး ပိုစတာများစိုက်ထူခြင်းများ ဆောင်ရွက် သွားရန် လိုအပ်ကြောင်း၊ COVID-19 ရောဂါ သံသယရှိသူများအား များများစစ်နိုင်မှသာ မြန်မြန် ထိန်းချုပ်နိုင်မည်ဖြစ်ကြောင်း၊ Stay at Home ကြေငြာထားသည့် …

Read More »

ပဲခူးမြို့တွင် “ပန်းခင်း”စီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ပွဲအခမ်းအနား ကျင်းပပြုလုပ်

ပဲခူး ဇွန် ၂၄ ——————       ပဲခူးမြို့ ရွှေမော်ဓောဘုရားလမ်းရှိ ဗုဒ္ဓအသံဓမ္မဗိမာန်တော်ကြီးတွင် ဇွန်လ(၂၄)ရက်နေ့ မွန်းလွဲ(၂)နာရီအချိန်က လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ပဲခူးမြို့နယ်ဦးစီးမှူးရုံး၏ “ပန်းခင်း”စီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်သည်။        ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက ၂၀၂၀ ခုနှစ် နိုဝင်ဘာလမှာ ကျင်းပပြုလုပ်သည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးမှာ မဲဆန္ဒရှင် ဦးရေ(၃၈)သန်းကျော်အနက် (၁၀.၄၈)သန်း မဲမသာမှုဖြစ်ပေါ်ခဲ့ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား အပါအဝင် ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုးမရှိဘဲ မဲပေးခဲ့သည့် မဲဆန္ဒရှင်အများအပြား စိစစ်တွေ့ရှိခဲ့‌ရကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်တွင် နောက်ဆုံးအချက်ဖြစ်သည့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ လွတ်လပ်ပြီး တရားမျှတ သည့် ပါတီစုံဒီမိုကရေစီ အထွေထွရွေးကောက်ပွဲ ကျင်းပသည့်အချိန်တွင် မဲဆန္ဒရှင်ပြည်သူတိုင်း နိုင်ငံသားစိစစ်ရေးကတ်ပြားအပါအဝင် ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်နိုင် ရေးအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ …

Read More »

ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း သနပ်ပင်မြို့နယ်အတွင်း မွေးမြူရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုအားပေး

ပဲခူး ဇွန် ၂၂ =========================           ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းသည် ကောင်စီအဖွဲ့ဝင်(၃)၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ လိုက်ပါလျက် ဇွန်လ(၂၂)ရက်နေ့၊ နံနက် ပိုင်းက သနပ်ပင်မြို့နယ်အတွင်းရှိ မွေးမြူရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုအားပေးခဲ့သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် သနပ်ပင်မြို့နယ်၊ အနီးကိုက်ကျေးရွာအတွင်း ရွှေဆန်းကြယ်ကုမ္ပဏီမှ မြေဧရိယာ(၁၈၆.၂၈)ဧက ပေါ်တွင် ငါးမြစ်ချင်း၊ ငါးမုတ်၊ ငါးတန်၊ ငါးကြင်းခေါင်းပွနှင့် မြက်စားငါးကြင်း စီးပွားဖြစ် မွေးမြူထားသည့် ငါးကန်သို့ ရောက်ရှိခဲ့ရာ ငါးကန်တာဝန်ရှိသူတစ်ဦးမှ ငါးမွေးမြူထုတ်လုပ်မှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့မှုအပေါ် ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းမှ အခြားဈေးကွက်ဝင် ငါးမျိုးများ ထပ်မံမွေးမြူနိုင်ရေးအတွက် ပဲခူးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပေးခဲ့သည်။           ဆက်လက်၍ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ကမာစဲစံပြကျေးရွာရှိ ဦးဝင်းထိုက်မောင်၏ ဥစားဘဲ …

Read More »

တန်ဖိုးမြှင့်စားသောက်ကုန်နှင့် လူသုံးကုန်ထုတ်လုပ်မှုသင်တန်းအား ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း တက်ရောက်ဖွင့်လှစ်

ပဲခူး ဇွန် ၂၁ ================ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းသည် ဇွန်လ (၂၁)ရက်နေ့ နံနက်(၉:၃၀)အချိန်က ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ရဲသူရိန်ခန်းမ၌ ဖွင့်လှစ်သည့် တန်ဖိုးမြှင့်စားသောက်ကုန်နှင့် လူသုံးကုန်ထုတ်လုပ်မှုသင်တန်းအား တက်ရောက်ဖွင့်လှစ်ခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက ရာသီအလိုက် ထွက်ရှိတဲ့ သီးနှံများအား တာရှည်ခံ တန်ဖိုးမြှင့် စားသောက်ကုန်အဖြစ် ထုတ်လုပ်ရောင်းချခြင်း အားဖြင့် တပ်ဖွဲ့ဝင်မိသားစုများ တစ်ဖက်တစ်လမ်းမှ ဝင်ငွေတိုးပွါးရရှိနိုင်မည်ဖြစ်ကြောင်း၊ COVID -19 ကပ်ရောဂါ ကာလအတွင်းဖြစ်၍ လက်ဆေးဆပ်ပြာ၊ Hand Gel ၊ Spary များ ထုတ်လုပ်ခြင်းကိုလည်း သင်ကြားပေးမည်ဖြစ်၍ အလွန်အကျိုးရှိသည့် သင်တန်းတစ်ခုဖြစ်သည့် အတွက် စိတ်ပါဝင်စားစွာ သင်ယူကြစေလိုကြောင်း ပြောကြားခဲ့သည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးမှ  တန်ဖိုးမြှင့်စားသောက်ကုန်နှင့် လူသုံးကုန်ထုတ်လုပ်မှုသင်တန်း ဖွင့်လှစ်ပေးရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီး အမှတ်တရ …

Read More »

ပဲခူးမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

ပဲခူးမြို့အတွင်း ဆောင်ရွက်မည့် လမ်းလုပ်ငန်းများအတွက် ပဲခူးမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အိတ်ဖွင့်တင်ဒါခေါ်ယူခြင်းအား သိရှိနိုင်ပါရန် အသိပေးအပ်ပါသည်- အပြည့်အစုံကြည့်ရှုရန်————————–

Read More »

ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း သာယာဝတီမြို့နှင့် လက်ပံတန်းမြို့တို့ရှိ COVID-19 ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေး လုပ်ငန်းများ ဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှု စစ်ဆေး

သာယာဝတီ ဇွန် ၁၆ ==================== ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းသည် ဇွန်လ(၁၆)ရက်နေ့ နံနက်(၁၀)နာရီ အချိန်က သာယာဝတီမြို့နှင့် လက်ပံတန်းမြို့တို့ရှိ COVID-19 ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေး လုပ်ငန်းများ ဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းသည် သာယာဝတီမြို့၊ တည်ဆောက်ရေး(၉)ရှင်းလင်းဆောင်သို့ ရောက်ရှိခဲ့ရာ သာယာဝတီခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးရွှေအောင်က သာယာဝတီခရိုင်အတွင်း မြို့နယ်အလိုက် COVID-19 ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေး လုပ်ငန်းစဉ်များအား ဆောင်ရွက်နေမှု အခြေအနေနှင့် တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီမှ COVID-19 ရောဂါ ကာကွယ်နိုင်ရေး ကျန်းမာရေးအထောက် အကူပြုပစ္စည်းများ လက်ခံရရှိမှုနှင့် မြို့နယ်များသို့ ပြန်လည်ဖြန့်ဝေပေးနေမှု အခြေအနေကိုလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးဌာနမှူး ဒေါက်တာသီဟက တိုက်နယ် ဆေးရုံနှင့် ပြည်သူ့ဆေးရုံများတွင် COVID-19 ရောဂါ …

Read More »

ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းဦးဆောင်၍ တိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ (၂/၂၀၂၁) အစည်းအဝေး ကျင်းပပြုလုပ်

ပဲခူး ဇွန် ၁၄ ====================           ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း ဦးဆောင်၍ ဇွန်လ(၁၄) ရက်နေ့၊ နံနက်(၁၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ တိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ (၂/၂၀၂၁) အစည်းအဝေး ကျင်းပ ပြုလုပ်သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ၊ ပဲခူးတိုင်းဒေသကြီး စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက ယခင်နှစ်များစွာက လယ်ယာမြေများအပေါ် အကြောင်းအမျိုးမျိုးကြောင့် ခွင့်ပြုချက်မရရှိဘဲ တရားမဝင် အခြားနည်းအသုံးပြုထားခြင်းများအား စနစ်တကျ စာရင်းဇယားပြုစုထားရမည်ဖြစ်ကြောင်း၊ ခေတ်အဆက်ဆက် စိုက်ပျိုးဖြစ်ထွန်းမှု မရှိသော ရေကြီးရေနက်ကွင်းများ၌ စနစ်ကျသော မွေးမြူရေးဇုံများဖော်ဆောင်ပေးရန် သက်ဆိုင်ရာ ဌာနဆိုင်ရာများမှ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မိမိတို့လက်ထက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်ချက်များနှင့်အညီ လယ်မြေအား အခြားနည်း အသုံးပြုခွင့် ခွင့်ပြုပေးမည်မဟုတ်ကြောင်း၊ လယ်ယာမြေများအပေါ် စနစ်တကျ စီမံခန့်ခွဲ ပေးနိုင်မှသာ စနစ်ကျသော …

Read More »

ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီမှ အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲ ဖြေဆိုကြသည့် သံဃာတော်များနှင့် သီလရှင်များအား နေ့ဆွမ်းနှင့်အ‌အေးများ ဆက်ကပ်လှူဒါန်း

ပဲခူး ဇွန် ၁၃ ======================     ပဲခူးမြို့ ဗုဒ္ဓအသံဓမ္မဗိမာန်တော်ကြီးတွင် ဇွန်လ(၁၃)ရက်နေ့ နံနက်(၁၀:၃၀)နာရီအချိန်က  သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၁ခုနှစ် အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲများ၌ ဝင်ရောက်ဖြေဆိုကြသည့် သံဃာတော်များနှင့် သီလရှင်များအား ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ ဦးမျိုးဆွေဝင်း ဦးဆောင်သည့် ကောင်စီအဖွဲ့မှ နေ့ဆွမ်းနှင့် အအေးများ ဆက်ကပ်လှူဒါန်းကြောင်းသိရသည်။      ရှေးဦးစွာ ပဲခူးမြို့နယ်မဟာသံဃနာယကအဖွဲ့ ဥက္ကဌ၊ ဥဿာသီရိစာသင်တိုက်၊ တိုက်အုပ် နာယက၊ မဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တဝဏ္ဏိတ အရှင်သူမြတ်ထံမှ ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဌ ဦးမျိုးဆွေဝင်း ဦးဆောင်သည့် ကောင်စီအဖွဲ့ဝင်များ၊ အမှတ်(၇၇) ခြေမြန်တပ်မဌာနချုပ်၊ ဒုတိယတပ်မမှူးနှင့် ပဲခူးခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌများနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက ငါးပါးသီလ ခံယူဆောက်တည်‌ကြသည်။         ထို့နောက် ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ ဦးမျိုးဆွေဝင်းနှင့် ကောင်စီ …

Read More »

ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း ဦးဆောင်၍ တိုင်းဒေသကြီး COVID-19 ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်

ပဲခူး ဇွန် ၁၀ ===============           ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီရုံး၊ အစည်းအဝေးခန်းမ၌ ဇွန်လ (၁၀)ရက်နေ့၊ နံနက်(၉:၃၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း ဦးဆောင်၍ တိုင်းဒေသကြီး COVID-19 ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးအား Online Meeting(Zoom System) ဖြင့်  ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက ပဲခူးတိုင်း ဒေသကြီးအတွင်း ၂၀၂၁ ခုနှစ်၊ မတ်လမှစတင်၍ ယနေ့အချိန်ထိ COVID-19 ရောဂါပိုးအား ပဲခူးမြို့နယ်၊ ကျောက်တံခါးမြို့နယ်၊ ပြည်မြို့နယ်၊ ပန်းတောင်းမြို့နယ်၊ လက်ပံတန်းမြို့နယ်၊ ကဝမြို့နယ်နှင့် ဖြူးမြို့နယ်တို့တွင် စုစုပေါင်းလူဦးရေ(၅၈)ဦး တွေ့ရှိခဲ့ပြီဖြစ်ရာ လူတိုင်းလူတိုင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့်  COVID-19 စည်းကမ်းချက်များနှင့် အညီ နေထိုင်သွားလာရန် လိုအပ်မည်ဖြစ်ကြောင်း၊ လူစုလူဝေး ဖြစ်စေနိုင်သည့် ဈေးများ၊ …

Read More »

ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း ဦးဆောင်၍ တိုင်းဒေသကြီး စက်မှုဇုန်များကြီးကြပ်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်

ပဲခူး ဇွန် ၈ ===============           ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ဇွန်လ (၈)ရက်နေ့၊ မွန်းလွဲ(၂)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း ဦးဆောင်၍ တိုင်းဒေသကြီး စက်မှုဇုန်များကြီးကြပ်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက ပဲခူးတိုင်း ဒေသကြီးအတွင်း တည်ဆောက်ပြီး၊ တည်ဆောက်ဆဲ၊ တည်ဆောက်ရန်လျာထားသည့် စက်မှုဇုန် များအား စက်မှုဇုန်ဥပဒေနှင့်အညီ ပြန်လည်အဆင့်မြှင့်တင်နိုင်ရေးသည် အလွန်အရေးကြီးကြောင်း၊ တချို့စက်ရုံ/အလုပ်ရုံများသည် စက်မှုစီးပွားဂရန် ရရှိထားခြင်းမရှိသဖြင့် ရသင့်ရထိုက်သည့် အခွန်ငွေများ ဆုံးရှုံးလျက်ရှိ၍ စက်မှုမြေများအား စက်မှုစီးပွားဂရန် လျှောက်ထားထုတ်ပေးနိုင်ရေး စီမံချက်ရေးဆွဲပြီး စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီ ဖွဲ့စည်းကာ ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ စက်မှုဇုန်ဝင်/ထွက်လမ်း သန့်ရှင်းသာယာလှပစေရေးနှင့် ယခုနှစ်မိုးရာသီတွင် အရိပ်ရ သစ်ပင်များ စိုက်ပျိုးသွားရန် လိုအပ်ကြောင်း၊ စက်ရုံအလုပ်သမား ကြို/ပို့ မော်တော်ယာဉ်များ ယာဉ်အန္တရာယ် ကင်းရှင်းစေရေးနှင့် …

Read More »