Home / Bago Manager ZWL (page 98)

Bago Manager ZWL

ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေးဝင်း  ပြည်ခရိုင်နှင့် သာယာဝတီခရိုင်အတွင်းရှိ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပဲခူး ဧပြီ ၂၉ ==================== ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းသည် ကောင်စီအဖွဲ့ဝင်များ၊ တိုင်း ဒေသကြီး/ ခရိုင်/မြို့နယ်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများလိုက်ပါလျက် ဧပြီလ(၂၉)ရက်နေ့ မွန်းလွဲပိုင်းအချိန်က ပြည်ခရိုင် ရွှေတောင်မြို့နယ်၊ ညောင်ဝိုင်း ကျေးရွာရှိ စိုက်ပျိုးရေးဦးစီးဌာနမှ နွေစပါးမျိုးစေ့ထုတ်ဧက (၁၀၀)စံပြစိုက်ကွက်အား ကွင်းဆင်းကြည့်ရှုခဲ့ပြီး၊ တောင်သူ ဦးအေးလွင်၏ လျှော်ဖြူစိုက်ခင်းနှင့် ဟင်းသီးဟင်းရွက်စိုက်ခင်းများအား သွားရောက်ကြည့်ရှုခဲ့ရာ စိုက်ပျိုးရေးအပြင် မွေးမြူရေးပါတွဲဖက် ဆောင်ရွက်နိုင်ရန်နှင့် ဒေသခံတောင်သူများအား ဟင်းသီးဟင်းရွက် (၁၀)မျိုးပါ မျိုးစေ့ထုတ်များ အခမဲ့ဖြန့်ဝေ ပေးခဲ့သည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်ရှိ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနရုံးသို့ သွားရောက်ခဲ့ပြီး စခန်းတာဝန်ခံ ဒေါ်မိုးသီတာက ငါးသားပေါက် မွေးမြူထုတ်လုပ်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ရာ၊ ဒေသမျိုးရင်းငါးနှင့် စျေးကွက်တွက်ချေကိုက် ငါးမျိုးများ ဖြန့်ဝေပေးနိုင်ရေးတို့အတွက် လမ်းညွှန်မှာကြားခဲ့ပြီး ငါးတန်၊ ငါးမုတ်၊ တောင်ပေါ်ငါးသလောက်၊ ငါးခုံးမနှင့် …

Read More »

ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေးဝင်း  ပြည်ခရိုင်နှင့် သာယာဝတီခရိုင်အတွင်းရှိ ကျေးလက်လမ်း အဆင့်မြှင့်တင် ဆောင်ရွက်နေမှုများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပဲခူး ဧပြီ ၂၉ ====================             ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းသည် ဧပြီလ(၂၉)ရက်နေ့၊ နံနက်ပိုင်းအချိန်က ကောင်စီအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ ခရိုင်/မြို့နယ်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ လိုက်ပါလျက် ပြည်ခရိုင် ရွှေတောင်မြို့နယ်၊ ရွှေတောင်− ရွှေနတ်တောင်− ညောင်စာရေး−ကွေ့မပေါ်ရှိ ရွှေနတ်တောင်−ညောင်စာရေလမ်း (၃)မိုင် (၀.၅)ဖာလုံ ကတ္တရာ ခင်းခြင်းလုပ်ငန်းနှင့် Box Culvert (၃)စင်းတို့အား တိုင်းဒေသကြီး ဘတ်ဂျက်ရန်ပုံငွေကျပ်သန်း(၆၄၉.၈)သန်းဖြင့် အကောင်အထည် ဖော်ဆောင်ရွက်နေမှုအား သွားရောက်ကွင်းဆင်းကြည့်ရှုသည်။             ရှေးဦးစွာ လမ်းတည်ဆောက်ရေး စီမံကိန်းရှင်းလင်းဆောင်၌ ရွှေနတ်တောင်−ညောင်စာရေလမ်း (၃)မိုင် (၀.၅)ဖာလုံ ကတ္တရာ ခင်းခြင်းလုပ်ငန်းနှင့် Box Culvert (၃)စင်း ဆောက်လုပ်နေမှုအခြေအနေအား ပဲခူးတိုင်း ဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးအောင်ကျော်လူက ရှင်းလင်း တင်ပြခဲ့ရာ၊ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက ရွှေတောင်− ရွှေနတ်တောင်− ညောင်စာရေး−ကွေ့မလမ်းသည် …

Read More »

ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေးဝင်း  ပြည်မြို့နယ်အတွင်း ကျန်းမာရေးနှင့် တောင်သူအကျိုးပြု လုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပဲခူး ဧပြီ ၂၈ ====================             ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းသည် ကောင်စီအဖွဲ့များ၊ တိုင်းဒေသကြီး/ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ လိုက်ပါလျက် ဧပြီလ (၂၈)ရက်နေ့ နံနက်ပိုင်းက ပြည်မြို့၊ ကုတင်(၅၀၀)ဆံ့ ပြည်သူ့ဆေးရုံသို့ရောက်ရှိခဲ့ရာ ဆေးရုံဝန်းအတွင်း သံကူကွန်ကရစ်(၅)ထပ် အထွေထွေရောဂါကု ဆေးရုံအဆောက်အဦသစ် ဆောက်လုပ်နေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ဆေးရုံအတွင်း တာဝန်ထမ်းဆောင်နေသည့် ကျန်းမာရေးဝန်ထမ်းများအား ရင်းရင်းနှီးနှီးတွေ့ဆုံကာ လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှု အခြေအနေများအား လမ်းညွှန်မှာကြားခဲ့သည်။             ထို့နောက် ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ဇီးအုပ်ကျေးရွာ အုပ်စုအတွင်းရှိ တောင်သူလယ်သမားသင်တန်းကျောင်းသို့ ရောက်ရှိခဲ့ပြီး ဒေသခံတောင်သူလယ်သမားများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာ တောင်သူများအတွက် နွေစပါးစိုက်ပျိုးရန် ရေလိုအပ်ချက်အား သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ တက်ရောက်လာသည့် ဒေသခံတောင်သူများအား ဟင်းသီးဟင်းရွက်(၁၀)မျိုးပါ သီးနှံမျိုးစေ့အား အခမဲ့ဖြန့်ဝေပေးခဲ့ပြီးနောက် သင်တန်းကျောင်းအတွင်းရှိ စာသင်ခန်းမ၊ အိပ်ဆောင်၊ ထမင်းစားဆောင်နှင့် …

Read More »

ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေးဝင်း  သာယာဝတီခရိုင်အတွင်းရှိ နွေစပါးစံပြ စိုက်ခင်းများသို့ သွားရောက်ကွင်းဆင်းကြည့်ရှု

ပဲခူး ဧပြီ ၂၇ =================             ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းသည် ကောင်စီအဖွဲ့များ၊ တိုင်းဒေသကြီး/ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ လိုက်ပါလျက် ဧပြီလ (၂၇)ရက်နေ့ နံနက်ပိုင်းက သာယာဝတီမြို့နယ်၊ သင်တောရိုးကျေးရွာ ရတနာတိုး မျိုးသန့်စိုက်ခင်း(၁၀)ဧက၌ မျိုးကွဲနှုတ်ပယ်ခြင်းနှင့် တစ်ဆက်စပ်တည်း နွေစပါး(၆၀)ဧက စိုက်ပျိုးဖြစ်ထွန်းအောင်မြင်နေမှုကိုလည်းကောင်း၊  ဇီးကုန်းမြို့နယ်၊ နွားတဲကုန်းကျေးရွာအုပ်စု၊ မြောက်လွတ်ကုန်းကွင်း၌ ကြဲခင်းစနစ်ဖြင့် စိုက်ပျိုးထားသည့် နွေစပါး (၄၁၀)ဧကကို လည်းကောင်း၊ နတ်တလင်းမြို့နယ်၊ ကြခတ်ဝါးရုံကျေးရွာ၌ စက်မှုလယ်ယာစနစ်ဖြင့် တောင်သူ(၂၀)ဦး၏ နွေစပါး စိုက်ခင်းဧက(၁၈၆)ဧကတို့အား သွားရောက်ကွင်းဆင်းကြည့်ရှုခဲ့ရာ ပဲခူးတိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးမျိုးဝင်းက မျိုးသန့်စိုက်ခင်း ဆောင်ရွက်နေမှု အခြေအနေနှင့် နွေစပါးစိုက်ပျိုး အောင်မြင်နေမှု အခြေအနေတို့အား ရှင်းလင်းပြသခဲ့ရာ၊ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက ဒေသခံတောင်သူများ၏ အဓိက လိုအပ်ချက်ဖြစ်သော စိုက်ပျိုးရေရရှိရေးနှင့် လိုအပ်သော ကုန်ထုတ်လမ်းများ ထပ်မံဆောင်ရွက်ပေးနိုင်ရေးနှင့် ကျေးရွာစာသင်ကျောင်းလိုအပ်ချက်များအား …

Read More »

ပဲခူးတိုင်းဒေသကြီး COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်း ညှိနှိုင်းအစည်းဝေး ကျင်းပပြုလုပ်

ပဲခူး ဧပြီ ၂၆ ==================           ပဲခူးတိုင်းဒေကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း ဦးဆောင်၍ ပဲခူးတိုင်း ဒေသကြီး COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းဝေးအား ဧပြီလ(၂၆)ရက်နေ့၊ နံနက်(၁၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးစီမံ အုပ်ချုပ်ရေးကောင်စီရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက အိမ်နီးချင်း နိုင်ငံများတွင် COVID-19 ရောဂါပိုးများ ထပ်မံတွေ့ရှိနေရကြောင်းကို သိရှိနေရပြီဖြစ်၍ လုံးဝပေါ့ဆ၍မရဘဲ မိမိတို့ တိုင်းဒေသကြီးအတွင်းမှာလည်း COVID-19 စစ်ဆေးနိုင်ရေး အတွက် ကြိုတင်ပြင်ဆင်စရာရှိသည်များကို စီစဉ်ဆောင်ရွက်ထားရန် လိုအပ်ကြောင်း၊ COVID-19 စစ်ဆေးပါက ပိုးတွေ့လူနာများလည်း တွေ့ရှိလာမည်ဖြစ်ကြောင်း၊ ယခင် Facility Quarantine အဖြစ် အသုံးခဲ့သော အခြေခံပညာကျောင်းများ၊ တက္ကသိုလ်၊ ကောလိပ်နှင့် သင်တန်းကျောင်းများအစား Facility Quarantine အဖြစ် အသုံးနိုင်မည့် နေရာသစ်များ ထပ်မံရှာဖွေထားရန် လိုအပ်ကြောင်း၊ …

Read More »

ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း ဦးဆောင်၍ တိုင်းဒေသကြီးလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ (၁/၂၀၂၁) လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

ပဲခူး ဧပြီ ၂၂ =================== ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီရုံး၊ အစည်းအဝေးခန်းမ၌ ဧပြီလ(၂၂) ရက်နေ့၊ မွန်းလွဲ(၂)နာရီအချိန်က တိုင်းဒေသကြီးလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ (၁/၂၀၂၁) လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက ပဲခူးတိုင်းဒေသကြီး လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ပထမအကြိမ် ကျင်းပရခြင်းဖြစ်ကြောင်း၊ လယ်ယာမြေ သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းသည် ရေရှည်ဆောင်ရွက်ရမည့် ကိစ္စဖြစ်၍ မှတ်သားဆောင်ရွက်သွားရန်နှင့် ကျေးရွာစိုက်ပျိုးမြေများကို လယ်ယာမြေမှ ဥယျာဉ် ခြံမြေ၊ ၎င်းမှ စားသောက်ဆိုင်များ၊ အိမ်အသေးများ၊ ၎င်းမှတစ်ဆင့် အိမ်ကြီးများ ဆောက်လုပ် နေသည်ကိုတွေ့ရှိရသဖြင့် တားဆီးသွားရမည်ဖြစ်ကြောင်း၊ စိုက်ပျိုးမြေများ သည် လူ၊ တိရစ္ဆာန်များ မဖျက်ဆီးနိုင်ရန်အတွက် သံဆူးကြိုးခတ်နိုင်သော်လည်း အုတ်ဖြင့် ခြံစည်းရိုး အခိုင်အမာခတ်ပါက အရေးယူဆောင်ရွက်သွားရန်နှင့် တိုးချဲ့မြို့ပြစီမံကိန်းများ ဆောက်လုပ်ရန်အတွက် မြေပြန့်နေရာများနှင့် စိုက်ပျိုးမြေများအား …

Read More »

ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း ဘုရားကြီးမြို့၊ ရွှေပြည်အေးကံထူးကျောင်းတိုက်၌ ဖွင့်လှစ်သင်ကြားနေသည့် ဗုဒ္ဓဘာသာယဉ်ကျေး လိမ္မာသင်တန်းသို့ သွားရောက်ကြည့်ရှုအားပေး

ပဲခူး ဧပြီ ၂၂ =====================           ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ဧပြီလ(၂၂)ရက်နေ့၊ နံနက်(၉:၁၅)မိနစ်အချိန်က ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့၊ အမှတ်(၁) ရပ်ကွက်ရှိ ရွှေပြည်အေးကံထူးကျောင်းတိုက်၌ ဖွင့်လှစ်သင်ကြားနေသည့် ဗုဒ္ဓဘာသာ ယဉ်ကျေး လိမ္မာသင်တန်းသို့ သွားရောက်ကြည့်ရှုအားပေးခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းနှင့် အဖွဲ့သည် ရွှေပြည်အေးကံထူးကျောင်းတိုက် ကျောင်းထိုင်ဆရာတော်သို့ ဆန်၊ ဆီနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်လက်လှူဒါန်းခဲ့ပြီး ဖွင့်လှစ်သင်ကြားနေသည့် ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာသင်တန်း ဖွင့်လှစ်သင်ကြားနေမှုအား ကြည့်ရှုအားပေးကာ သင်တန်းတက်ရောက်နေသည့် ကလေးများအတွက် အဟာရမုန့်များ ပေးအပ်ခဲ့သည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းနှင့် အဖွဲ့သည် ပဲခူးတိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာနရုံးရှိ ငါးသားပေါက်စခန်းသို့ ရောက်ရှိခဲ့ပြီး စခန်းတာဝန်ခံ ဦးသူရမိုးမှ ငါးမြစ်ချင်း၊ ငါးခုံးမ၊ ခေါင်းပွငါးကြင်း၊ ငါးကြင်းဖြူ၊ တီလားပီးယား၊ ငွေရောင်ငါးကြင်း၊ ရွှေဝါငါးကြင်း၊ တောင်ပေါ် ငါးသလောက်များအား မြစ်ချောင်းများတွင် ဒေသငါးမျိုးများ စိုက်ထည့်မည့် အစီအမံ အား …

Read More »

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ပြောကြားခဲ့သည့် လမ်းညွှန်ချက်များ ရှင်းလင်းခြင်း အခမ်းအနား ကျင်းပပြုလုပ်

ပဲခူး ဧပြီ ၂၀ =====================           ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း ဦးဆောင်၍ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းဝေးခန်းမ၌ ဧပြီလ(၂၀)ရက်နေ့၊ မွန်းလွဲ(၂)နာရီအချိန်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ပြောကြားခဲ့သည့် လမ်းညွှန်ချက်များ ရှင်းလင်းခြင်းအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ပြောကြားခဲ့သည့်  လမ်းညွှန်ချက်များနှင့် ပတ်သက်၍ ဌာနဆိုင်ရာများ သိရှိလိုက်နာ ဆောင်ရွက်သွားရန်နိုင်ရေး ရှင်းလင်း ပြောကြားခဲ့သည်။ ဆက်လက်၍ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း က မိမိတို့တိုင်းဒေသကြီးအတွင်း COVID-19 ရောဂါ ကူးစက်ပြန့်နှံမှု လျော့နည်းလာ သော်လည်း ကာကွယ်ထိန်းချုပ်ခြင်းလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆက်လက် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ စက်ရုံ/အလုပ်ရုံများ ပြန်လည်ဖွင့်လှစ်နိုင်ရေး စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ Social Media (Facebook) ပေါ်တွင် အမျိုးမျိုးသော အကြမ်းဖက်လှုံ့ဆော်မှုများကိုလည်း သတင်းပေးတိုင်ကြားရန်နှင့် ထိရောက်စွာလည်း အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဌာနဆိုင်ရာရုံးများ မီးဘေးအန္တရာယ် အထူးဂရုစိုက်ရမည်ဖြစ်ကြောင်း၊ …

Read More »

ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း ဦးဆောင်၍ ပဲခူးမြို့၌ သက်ကြီးဘိုးဘွားများ ပူဇော်ကန်တော့ပွဲ ကျင်းပပြုလုပ်

ပဲခူး ဧပြီ ၁၇ =============           ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း ဦးဆောင်၍ ပဲခူးမြို့၌ သက်ကြီးဘိုးဘွားများ ပူဇော်ကန်တော့ပွဲ ဧပြီလ(၁၇)ရက်၊ မြန်မာနှစ်ဆန်း (၁)ရက်နေ့၊ နံနက်(၉)နာရီ အချိန်က ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေး ကောင်စီရုံး၌ ကျင်းပပြုလုပ်သည့်  အသက်(၈၅)နှစ် အထက် ဘိုးဘွားပူဇော်ကန်တော့ပွဲ ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းနှင့် အဖွဲ့ဝင်များက နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားအား ဖွင့်လှစ်ပေးခဲ့ပြီး၊ ပဲခူးတိုင်း ဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက နှုတ်ခွန်းဆက်စကားပြောကြားခဲ့သည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းနှင့် အဖွဲ့ဝင်များက ကန်တော့ခံ အဘိုးအဘွား (၃၀)ဦးအား တစ်ဦးလျှင်(၃)သောင်းနှုန်း ဖြင့် ပူဇော်ကန်တော့ခဲ့ပြီး ကန်တော့ခံ ဘိုးဘွားများကိုယ်စား သပြေကုန်းဘိုးဘွားရိပ်သာမှ အဘိုး ဦးသိန်းဟန်က ဆုပေးစကား ပြောကြားခဲ့ကြောင်း သိရှိရသည်။           ပဲခူးတိုင်းဒေသကြီးအတွင်း အသက်(၈၅)နှစ်အထက် အဘိုး(၁၀၇၄၉)ဦးနှင့် အဘွား(၁၆၁၅) စုစုပေါင်း(၂၆၉၀၅)ဦးအား …

Read More »

ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း ဦးဆောင်၍ ပဲခူးမြို့၌ ဇီဝိတဒါနငါးလွှတ်ပွဲ ကျင်းပပြုလုပ်

ပဲခူး  ဧပြီ ၁၇ ====================           ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း ဦးဆောင်၍ ဇီဝိတဒါနငါးလွှတ်ပွဲ အခမ်းအနားအား ဧပြီလ(၁၇)ရက်၊ မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ်၊ နှစ်ဆန်းတစ်ရက်နေ့၊ နံနက်(၇:၄၅)အချိန်က ပဲခူးမြို့၊ အရှေ့ဘက်မြို့ရှောင်လမ်းပေါ်ရှိ ပဲခူးမြစ်ကူးတံတား(မြို့ဦးကင်း)အနီး၌ ကျင်းပပြုလုပ်ခဲ့သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းနှင့် အဖွဲ့ဝင်များက ငါးမြစ်ချင်း၊ ငါးခုံးမနှင့် ရွှေဝါငါးကြင်း ကောင်ရေ(၂၅၀၀၀၀)တို့အား ပဲခူးမြစ်အတွင်းသို့ ဇီဝိတဒါန ဘေးမဲ့လွှတ်ပေးခဲ့ကြကြောင်း သိရှိရသည်။

Read More »