သာယာဝတီ ဇန်နဝါရီ ၇ =============== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဇန်နဝါရီ(၆)ရက်နေ့၊ မွန်းလွဲပိုင်းက သာယာဝတီခရိုင်အတွင်း စိုက်ပျိုးရေးကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်ပေးခဲ့ သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် သာယာဝတီမြို့နယ်၊ ဂုံမင်းမြောင် ကျေးရွာအုပ်စု၊ ကွင်းအမှတ်(၁၂၄၉)၊ ဦးပိုင်မှတ်(၃)၊ မြေဧရိယာ(၁၄)ဧကတွင် တောင်သူ ဦးမြင့်ထွေးမှ စပါးတစ်မျိုးတည်း တစ်နှစ်(၄)သီးအား လက်ဆွဲကောက်စိုက်စက်ဖြင့် စိုက်ပျိုးနေမှုအား ကွင်းဆင်းကြည့်ရှု အားပေးခဲ့ပြီး တစ်နှစ်(၄)သီး စိုက်ပျိုးခြင်းမှ ပဲတစ်မျိုးအား (၁)သီး ထည့်သွင်းစိုက်ပျိုးပါက မြေဆီမြေနှစ် ပိုမိုကောင်းမွန်မည်ဖြစ်ပြီး အထွက်နှုန်းများ တိုးတက်နိုင်မှာဖြစ်ကြောင်း၊ ရိတ်သိမ်းရန် တစ်လခန့်အလိုတွင် ကြိုတင်ပျိုးထောင်ခြင်းအားဖြင့် စိုက်ပျိုးချိန်တိုတောင်းပြီး တောင်သူများအတွက် တွက်ချေကိုက်သည့် စိုက်ပျိုးနည်းစနစ်ဖြင့်၍ ဒေသခံတောင်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေးနှင့် စိုက်ပျိုးချိန်နှင့် ရိတ်သိမ်း ချိန် မှန်ကန်စေရေး အလေးထားဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် …
Read More »ပြည်ထောင်စုစိတ်ဓါတ် ရှင်သန်ပြန့်ပွားအောင် အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း ပဲခူးတိုင်း ဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း လမ်းညွှန်မှာကြား
ပဲခူး နိုဝင်ဘာ ၁၉ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ နိုဝင်ဘာလ(…
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော (သောဠသမအကြိမ်) စုပေါင်းမဟာဘုံကထိန် သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကျင်းပပြုလုပ်
ပဲခူး နိုဝင်ဘာ ၁၉ ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မဗိမာန်တော်ကြီး၌ နိုဝင်ဘာလ(၁၉)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးတို…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပန်းတောင်းမြို့နယ်အတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်းများ အရှိန်အဟုန်မပြတ် ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဖြည့်ဆည်းဆောင်ရွက်ပေး
ပဲခူး နိုဝင်ဘာ ၁၈ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီး…
ပြည်မြို့၊ ရှေးဟောင်းသမိုင်းဝင် လေးဆူဓါတ်ပျော် ရွှေဆံတော်စေတီတော်မြတ်ကြီး ၂၆၁၅ နှစ်ပြည့် ဗုဒ္ဓ ပူဇနိယပွဲတော် ဖွင့်ပွဲကျင်းပပြုလုပ်
ပြည် နိုဝင်ဘာ ၁၇ ပြည်မြို့၊ ရှေးဟောင်းသမိုင်းဝင် လေးဆူဓါတ်ပျော် ရွှေဆံတော်စေတီတော်မြတ်ကြီး…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား (၆)ခရိုင် အမျိုးသမီး ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း(အေရိုးဗစ်) ပြိုင်ပွဲဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပပြုလုပ်
ပဲခူး နိုဝင်ဘာ ၁၆ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား (၆)ခရိုင် အမျိုးသမီး ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျ…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား (၆)ခရိုင် အမျိုးသမီး ကိုယ်ကာယကြံ့ခိုင်မှု လေ့ကျင့်ခန်း (အေရိုးဗစ်) ပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကျင်းပပြုလုပ်
ပဲခူး နိုဝင်ဘာ ၁၅ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား (၆)ခရိုင် အမျိုးသမီး ကိုယ်ကာယကြံ့ခိုင်မှု…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ သီးနှံစိုက်ဧကနှင့် အထွက်နှုန်းမှန်ကန်မှုရှိစေ ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်
ပဲခူး နိုဝင်ဘာ ၁၃ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ယမန်နေ့ မ…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဖြူးမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ် လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းကြည့်ရှု
ပဲခူး နိုဝင်ဘာ ၁၂ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီ…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး H.E. Mr. Abhay Thakur နှင့် ကိုယ်စားလှယ်အဖွဲ့အား တွေ့ဆုံ
ပဲခူး နိုဝင်ဘာ ၁၁ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် မြန်မာနိုင်ငံဆိုင်ရ…
တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း အယ်နီညိုရာသီဥတုဖြစ်စဉ်ကြောင့် စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်းများ ထိခိုက်မှုမရှိစေရေး အလေးထားဆောင်ရွက်ရန် လမ်းညွှန်မှာကြား
ပဲခူး နိုဝင်ဘာ ၉ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ နိုဝင်ဘာလ ၉ ရက်နေ့၊ မွ…
နောက်ဆုံးရသတင်းများ
တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပြည်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်း ကြည့်ရှုစစ်ဆေး
ပြည် ဇန်နဝါရီ ၆ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများလိုက်ပါ လျက် ဇန်နဝါရီလ(၅)ရက်နေ့၊ နံနက်ပိုင်းက ပြည်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပြည်မြို့၊ ကမ်းနားလမ်း ထပ်မံတိုးချဲ့ဆောင်ရွက်မည့် မြေနေရာသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး ကမ်းနားလမ်းတစ် လျောက် ကျူးကျော်နေထိုင်မှုများမရှိစေရေး၊ စိမ်းလန်းစိုပြေရေး၊ သန့်ရှင်းသပ်ရပ်မှုရှိစေရေး စဉ်ဆက်မပြတ် ကြီးကြပ်ဆောင်ရွက်သွားရန်၊ မြေထိန်းနံရံများ ကြံ့ခိုင်မှုရှိစေရေးနှင့် ရေစီးရေလာကောင်းမွန်မှုရှိစေ ရေး၊ ရေတိုက်စားမှုမရှိစေရေး စစ်ဆေးဆောင်ရွက်သွားရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်မြို့၊ မြို့မဈေးသို့ ရောက်ရှိခဲ့ပြီး ဈေးရုံ အဟောင်းများ ပြန်လည်အဆင့်မြှင့်တင်နေမှုနှင့် ဈေးရုံကြီးများအကြား ပေါင်းကူးခေါင်မိုး ပြုလုပ်နေမှုများ အား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။ ယင်းနောက် တို်ငးဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ …
Read More »ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပြည်မြို့နယ်အတွင်း ဘက်စုံမွေးမြူရေးဇုန် အကောင် အထည်ဖော်ဆောင်ရွက်နေမှုနှင့် ပြည်ပပို့ကုန် ကြက်သွန်နီ တိုးချဲ့စိုက်ပျိုးနိုင်ရေး ကွင်းဆင်းဖြည့်ဆည်း ဆောင်ရွက်ပေး
ပြည် ဒီဇင်ဘာ ၅ ================= ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဇန်နဝါရီလ(၄)ရက်နေ့၊ မွန်းလွှဲပိုင်း က ပြည်မြို့နယ်အတွင်း ဘက်စုံမွေးမြူရေးဇုန် အကောင်အထည်ဖော်နေမှုနှင့် ပြည်ပပို့ကုန် ကြက်သွန်နီ တိုးချဲ့စိုက်ပျိုးနိုင်ရေး ကွင်းဆင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပြည်မြို့နယ်၊ တီတွတ်ကျေးရွာအနီး ဘက်စုံမွေးမြူရေးဇုံ အကောင်အထည်ဖော် ဆောင်ရွက်နေမှုများ ကွင်းဆင်းကြည့်ရှုခဲ့ရာ မွေးမြူသည့် တိရစ္ဆာန်အမျိုးအစားလိုက်ခွဲခြားပြီး မြေကွက်နေရာမဲနှိုက်ချထားပေးခဲ့မှုအခြေအနေများ၊ လမ်းဖောက်လုပ် ထားရှိမှု၊ လျှပ်စစ်မီးနှင့် ရေရရှိရေး ဆောင်ရွက်သွားနိုင်မည့် အခြေအနေများအား ကဏ္ဍအလိုက် တာဝန်ရှိသူများက ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ရှင်းလင်းတင်ပြချက်များနှင့် ပတ်သက်ပြီး အမှန်တကယ် မွေးမြူသူများအား ခွင့်ပြုထားပေးရန်၊ ခြံလှောင်မွေးမြူရမည့် စနစ်ဖြစ်၍ တိရစ္ဆာန်အစာအတွက် နေဗီယာ မြက်စိုက်ပျိုးရန်၊ သာဘာဝမြေဩဇာ စက်ရုံလာရောက်တည်ဆောက်မည်ဖြစ်၍ တိရစ္ဆာန်စွန့်ပစ်ပစ္စည်းများ အတွက် စျေးကွက်တစ်ခု ရရှိလာနိုင်မည်ဖြစ်ကြောင်း၊ တိရစ္ဆာန်န်နှင့်ပတ်သက်သည့် …
Read More »ပဲခူးမြို့၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်
ပဲခူး ဇန်နဝါရီ ၄ ===================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးအတွင်း၌ ဇန်နဝါရီလ(၄)ရက်နေ့ နံနက်(၄:၂၀) နာရီအချိန်က (၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနား ကျင်းပပြုလုပ်သည်။ အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်သောင်းထိုက်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဥပဒေချုပ်၊ အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တိုင်းရင်းသားလူမျိုးများ၊ အမှတ်(၇၇)ခြေမြန်တပ်မ ဌာနချုပ် အလံတင်တပ်ဖွဲ့နှင့် စစ်တီးဝိုင်းအဖွဲ့တို့ တက်ရောက်ကြပြီး အလံတင်တပ်ဖွဲ့မှ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်အလံအား အလံတိုင်ထိပ်သို့လွှင့်တင်ကာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေး နှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်သောင်းထိုက် ဦးဆောင်သော အခမ်းအနား တက်ရောက် လာကြသူများက နိုင်ငံတော်အလံနှင့် ကျဆုံးလေပြီးသော ရဲဘော်အပေါင်းတို့အား အလေးပြုကြသည်။ ဆက်လက်၍ နံနက်(၇)နာရီအချိန်တွင် သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနား ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် …
Read More »တိုင်းဒေသကြီးအတွင်း MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်
ပဲခူး ဇန်နဝါရီ ၃ ============ ဇန်နဝါရီလ(၃)ရက်နေ့၊ မွန်းလွဲပိုင်းက တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် အသေးစား၊အငယ်စားနှင့် အလတ်စား စီးပွားရေး(MSMEs)လုပ်ငန်းများအတွက် ချေးငွေစိစစ်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်ခဲ့ပြီး ဒေသတွင်းပြည်တွင်းသုံးကုန်နှင့် အခြေခံကျသော စက်မှု/လက်မှုလုပ်ငန်းသည် MSMEs လုပ်ငန်းများ ဖြစ် အများစုသည် မိရိုးဖလာလုပ်ငန်းများဖြစ်ကာ ရေရှည်ရပ်တည်နိုင်ရေးနှင့် ခေတ်မီကုန်ထုတ်လုပ်ငန်း များဖြစ်စေရေး နိုင်ငံတော်မှ အတိုးနည်းချေးငွေများ ထုတ်ချေးပေးခြင်းဖြစ်၍ အမှန်တကယ် ဆောင်ရွက် သည့် (MSMEs)လုပ်ငန်းရှင်များကိုသာ ထုတ်ချေးပေးနိုင်ရေး မြေပြင်ကွင်းဆင်းစိစစ်သွားရမှာဖြစ်ကြောင်း နှင့် လျှပ်စစ်မီးခက်ခဲသည့် ဒေသများရှိ စီးပွားရေးလုပ်ငန်းများအတွက် Gasifier များ တပ်ဆင်အသုံးပြုနိုင် ရေး အထူးအလေးထား ဆောင်ရွက်သွားရမှာဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးစားသုံးသူရေးရာဦးစီးမှူးက ပဲခူးတိုင်းဒေသကြီးအတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး(MSMEs)လုပ်ငန်းရှင်များ ကုန်ထုတ်လုပ်ငန်းများပိုမိုဖွံ့ဖြိုးတိုးတက် စေရေးအတွက် တင်ပြလာသည့် ချေးငွေနှင့် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား …
Read More »
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website