ပဲခူး ဩဂုတ် ၁၈ =================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ဩဂုတ်လ(၁၈)ရက်နေ့၊ နံနက်ပိုင်းက ၂၀၂၂ ခုနှစ်၊ ပထမခြောက်လပတ် လုပ်ငန်းဆောင်ရွက်ချက်များနှင့်စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေး တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၏ လမ်းညွှန်မှာကြားချက် များ ထပ်ဆင့်ရှင်းလင်းခြင်း အခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ၂၀၂၂ ခုနှစ်၊ ပထမခြောက်လပတ် လုပ်ငန်းဆောင်ရွက်ချက်များနှင့် စပ်လျဉ်းသည့် လုပ်ငန်း ညှိနှိုင်း အစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ ဥက္ကဋ္ဌ၏ လမ်းညွှန်မှာကြားချက်များနှင့် ဌာနဆိုင်ရာအလိုက် အကောင်အထည်ဖော် ဆောင်ရွက်သွားရမည့် လုပ်ငန်းစဉ်များအား အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက လမ်းညွှန်ချက်များအတိုင်း ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် အခြေအနေများကိုလည်းကောင်း၊ အစိုးရအဖွဲ့ တာဝန်ရှိသူများက လုံခြုံရေး၊ ဘဏ္ဍာငွေအရ/ အသုံးဆိုင်ရာ …
Read More »၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ဘောလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ပြိုင်ပွဲဝင်အသင်းများအား ကြိုဆိုဂုဏ်ပြုမိတ်ဆက်ခြင်း အခမ်းအနား ကျင်းပပြုလုပ်
ပဲခူး ဇူလိုင် ၁၀ ၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ဘောလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပ…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၃)နှစ်အောက် အမျိုးသားပိုက်ကျော်ခြင်း ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပပြုလုပ်
ပဲခူး ဇူလိုင် ၈ ၂၀၂၅ ခုနှစ်၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်း…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဝေါမြို့နယ်အတွင်း စားရေရိက္ခာဖူလုံစေရေး ကွင်းဆင်း ကြည့်ရှုအားပေး
ပဲခူး ဇူလိုင် ၇ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝ…
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မွေးရာပါနှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများ အား ခွဲစိတ်ကုသမှုများ ဆောင်ရွက်ပေးနေမှုကို တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီးတို့ သွားရောက်ကြည့်ရှု့ အားပေး
ပဲခူး ဇူလိုင် ၆ ကျန်းမာရေးဝန်ကြီးဌာနနှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့၏ ဦးဆောင်လမ်းညွ…
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၃)နှစ်အောက် အမျိုးသား ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ
ပဲခူး ဇူလိုင် ၅ ၂၀၂၅ခုနှစ်၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစ…
ပဲခူးတက္ကသိုလ် ဘာသာရပ်ပေါင်းစုံ စားပွဲတင်တင်းနစ်ပြိုင်ပွဲနှင့် ဘတ်စကက်ဘောပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး တက်ရောက်ချီးမြှင့်
ပဲခူး ဇူလိုင် ၄ ပဲခူးတက္ကသိုလ် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ စားပွဲတင်တင်းနစ်ပြိုင…
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ၂၀၂၅ ခုနှစ်၊ ဒုတိယအကြိမ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပပြုလုပ်
ပဲခူး ဇူလိုင် ၄ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှ…
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ စီးပွားရေး တိုးတက်စေရေး လုပ်ငန်း ညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်
ပဲခူး ဇူလိုင် ၃ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ဇူလိုင်လ(၃)…
၂၀၂၅ ခုနှစ်၊ မြန်မာအမျိုးသမီးများနေ့ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး တက်ရောက်ချီးမြှင့်
ပဲခူး ဇူလိုင် ၃ ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ဇူလိုင်လ(၃)ရက်နေ့၊ နံနက်ပိုင်းက ၂၀၂၅ ခုနှစ်၊…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခံရမှု များ ပြန်လည်စိစစ်ရေးကော်မတီ အစည်းအဝေး အမှတ်စဉ်(၁/၂၀၂၅) ကျင်းပပြုလုပ်
ပဲခူး ဇူလိုင် ၁ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ဇူလိုင်လ(၁)ရက်နေ့၊ နံနက…
နောက်ဆုံးရသတင်းများ
ရေတာရှည်တပ်နယ်အတွင်း အကြမ်းဖက်သောင်းကြမ်းသူများထံမှ လက်နက်ခဲယမ်းများ ဖမ်းဆီးရမိခဲ့ သည့် လုံခြုံရေးတပ်ဖွဲ့များအား ချီးကျူးဂုဏ်ပြုခြင်း အခမ်းအနား ကျင်းပပြုလုပ်
ရေတာရှည် ဩဂုတ် ၁၇ ================= ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ ရေနီမြို့၊ အမှတ်(၅) စစ်အခြေခံ လေ့ကျင့်ရေးတပ်၊ နယ်မြေခံတပ်နယ်ခန်းမ၌ ဩဂုတ်လ(၁၇)ရက်နေ့၊ နံနက်ပိုင်းက ရေတာရှည် တပ်နယ်အတွင်း အကြမ်းဖက်သောင်းကြမ်းသူများထံမှ လက်နက်ခဲယမ်းများ ဖမ်းဆီးရမိခဲ့သည့် လုံခြုံရေးတပ်ဖွဲ့များအား ချီးကျူးဂုဏ်ပြု ခြင်း အခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ထိန်ဝင်းတို့က ဩဂုတ်လ(၁၃) ရက်နေ့တွင် ရေတာရှည်မြို့နယ်၊ စည်ပင်သာကျေးရွာအနီး အကြမ်းဖက်သမား များနှင့် ထိတွေ့မှုဖြစ်စဉ်တွင် မိမိတို့လုံခြုံရေးတပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိဘဲ လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရရှိခဲ့မှုအပေါ် ချီးမြှင့်ဂုဏ်ပြုစကားများ အသီးသီးပြောကြာခဲ့ကြ သည်။ ထို့နောက် လုံခြုံရေးတပ်ဖွဲ့ဝင်များအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ချီးမြှင့်ငွေကျပ်သိန်း(၅၀)နှင့် ဂုဏ်ပြုမှတ်တမ်း ကိုလည်းကောင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ထိန်ဝင်းက ချီးမြှင့်ငွေကျပ်(၃၉)သိန်းနှင့် ဂုဏ်ပြုမှတ်တမ်းလွှာ ကိုလည်းကောင်း၊ တိုင်းဒေသကြီး …
Read More »၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှု တိုင်းဒေသကြီးအဆင့် အထိမ်းအမှတ် အခမ်းအနားသို့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းတက်ရောက်
ပဲခူး ဩဂုတ် ၁၆ ======================= ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှု တိုင်းဒေသကြီးအဆင့် အထိမ်းအမှတ် အခမ်းအနားအား ဩဂုတ်လ(၁၅)ရက်နေ့၊ မွန်းလွဲပိုင်းက ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ကျန်းမာသန်စွမ်း သည့် လူ့အဖွဲ့အစည်း တည်ဆောက်နိုင်ရန်နှင့် လူတစ်ဦးချင်းစီ၏ ပျှမ်းမျှ သက်တမ်း တိုးမြှင့်နိုင်ရေးအတွက် ကျောင်းသားလူငယ်များ ကျန်းမာရေးအဆင့် အတန်းမြင့်မားရေးသည် အဓိကကျသောကဏ္ဍမှ ပါဝင်လျက်ရှိကြောင်း၊ နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုအနာဂတ်သည် ပညာရေးနှင့်ကျန်းမာရေး ပေါ်တွင် မူတည်လျက်ရှိရာ ဉာဏ်ရည်ထက်မြတ်ပြီး ကျန်းမာသန်စွမ်းမှသာ အနာဂတ်နိုင်ငံတော်ကို ဦးဆောင်နိုင်မှာဖြစ်သည့်အတွက် ကျောင်းသားလူငယ်များ၏ ကျန်းမာရေးကို အထူးဂရုပြု ပြုစုပျိုးထောင်ပေးသွားရမှာဖြစ် ကြောင်း၊ ပြည်သူလူထု၏ ကျန်းမာရေးအဆင့်အတန်း မြှင့်တင်ပေးနိုင်ရန်အတွက် အခြေခံကျသည့် ကျောင်းကျန်းမာရေးလုပ်ငန်းများကို အဓိကဦးစားပေးလုပ်ငန်းအဖြစ် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ကျောင်းသားလူငယ် များအနေဖြင့် ကျန်းမာရေးကို ထိခိုက်စေသည့် အမူအကျင့်များကို …
Read More »(၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့အကြို တူယှဉ်နွှဲပျော် ဂီတပွဲတော် Season-2 ဆုပေးပွဲ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းတက်ရောက်ချီးမြှင့်
ပဲခူး ဩဂုတ် ၁၅ ====================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသော (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေး နေ့အကြို တူယှဉ်နွှဲပျော်ဂီတပွဲတော် ဆုပေးပွဲအခမ်း အနားအား ဩဂုတ်လ(၁၅)ရက်နေ့ နံနက်ပိုင်း၌ ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအတွင်းရှိခရိုင်(၆)ခုမှအဆိုရှင်(၁၂)ဦးတို့က နှလုံးသားကိုအလှဆင်ပါ သီချင်းဖြင့် သီဆိုဖျော်ဖြေ တင်ဆက်ခဲ့ကြရာ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီးတရား လွှတ်တော် တရားသူကြီးချုပ် နှင့် အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ ကြည့်ရှု အားပေးခဲ့ကြသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့အကြို တူယှဉ်နွှဲပျော်ဂီတပွဲတော် ပြိုင်ပွဲတွင် နှစ်သိမ့်ဆုရရှိသူများအား တိုင်းဒေသကြီးအစိုးရအဖွဲ့ တာဝန်ရှိသူ များကလည်းကောင်း ဂုဏ်ပြုဆုများ ပေးအပ်ခဲ့ကြသည်။ ယင်းနောက် တတိယဆုရရှိသူ တောင်ငူခရိုင်ကိုယ်စားပြု ဒေါ်မြမြသက်အား အမှတ်(၇၇)ခြေမြန် …
Read More »တို်ငးဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် စတုတ္ထအကြိမ်မြောက် ဓါတ်မြေဩဇာပေးအပ်ပွဲ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် တက်ရောက်
ဒိုက်ဦး ဩဂုတ် ၂ ======================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဩဂုတ်လ(၂)ရက်နေ့၊ နံနက်ပိုင်းက ဒိုက်ဦးမြို့နယ်အတွင်း တောင်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်ပေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့်အတူ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၊ ပေါက်တပင် မျိုးသန့်ခြံသို့ ရောက်ရှိခဲ့ရာ မျိုးသန့်ခြံဆိုင်ရာအချက် အလက်များအား မျိုးသန့်ခြံ တာဝန်ခံမှ ရှင်းလင်း တင်ပြခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဖောင်တော်သီကျေးရွာအုပ်စု၊ ဗျိုင်းချယ်ကျေးရွာအုပ်စုနှင့် ကတုတ်ဘုရားကြီး ကျေးရွာအုပ်စုတို့ရှိ နွေးစပါး စိုက်တောင်သူ(၈၄)ဦးအတွက် ဓါတ်မြေဩဇာ(၂၀၂) အိတ်အား ထောက်ပံ့ပေးအပ်ခဲ့ပြီး တစ်နှစ်(၃)သီး စိုက်ပျိုးနိုင်ရေး၊ မျိုးကောင်းမျိုးသန့်ရရှိရေး၊ နွေစပါးစိုက်ပျိုးရေရရှိရေးနှင့် ဒေသကြက်မွေးမြူနိုင်ရေး ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကာ စိုက်ပျိုးရေးခြံအတွင်း ဒေသခံတောင်သူများ အတွက် မှော်ဘီ(၃)နှင့်ဆင်းသုခ မျိုးသန့်မျိုးစေ့ထုတ် စိုက်ခင်း(၆၅)ဧကအား ကြည့်ရှုစစ်ဆေးခဲ့သည်။ …
Read More »