နောက်ဆုံးရသတင်းများ

ပဲခူးတိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာနမှကြီးမှူး၍ နွေရာသီအားကစားသင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

ပဲခူး ဧပြီ ၄ ================= ဧပြီလ(၄)ရက်နေ့ နံနက်(၈)နာရီက ပဲခူးမြို့ ရွှေမော်ဓောဘုရားလမ်းရှိ ပဲခူးတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန အားကစားခန်းမ၌ နွေရာသီ အားကစားသင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပပြုလုပ်သည်။ အခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါ်ညွှန့်ညွှန့်ဌေးက အဖွင့်အမှာစကားပြောကြားပြီး နွေရာသီ အားကစား(၈)မျိုးဖြင့် သင်တန်းပြီးမြောက်သွားသူများအား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါ်ညွှန့်ညွှန့်ဌေး၊ ကရင်တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး ဒေါ်နော်ပွယ်စေး၊ အားကစားနှင့်ကာယပညာဦးစီးဌာန တိုင်းဒေသကြီးညွှန်ကြားရေးမှူး ဦးစိုးနိုင်တို့က ဂုဏ်ပြုမှတ်တမ်းနှင့် သင်တန်းဆင်းလက်မှတ်များ အသီးသီးပေးအပ်ချီးမြှင့်ကြသည်။ ထို့နောက် သင်တန်းသားသင်တန်းသူများက ဘောလုံး၊ ကရာတေးဒို၊ fitness dance၊ ပိုက်ကျော်ခြင်း၊ မြန်မာ့သိုင်း၊ အလေးမ၊ စားပွဲတင်တင်းနစ်၊ တင်းနစ် စသည့်အားကစားများဖြင့် ပြန်လည်ဖျော်ဖြေပေးခဲ့ကြောင်း သိရသည်။ အဆိုပါသင်တန်းကို လူငယ်မောင်မယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ပြီး အားကစားအသိစိတ်ဓာတ်များ ပိုမိုသက်ဝင်ယုံကြည်လာခြင်းမှ ကာယ၊ ဉာဏ၊ စာရိတ္တ ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန်၊ မိမိဝါသနာပါရာ အားကစားနည်းများကို လေ့ကျင့်လိုက်စားခြင်းဖြင့် …

Read More »

ပဲခူးမြို့တွင် စက်မှုဇုန်လုပ်ငန်းများ တည်ဆောက်နိုင်ရေး ကိုးရီးယားနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များ လာရောက်တွေ့ဆုံ

ဧပြီ ၄ (ပဲခူး) =========================== ဧပြီလ (၄)ရက်နေ့၊ နံနက်(၉:၃၀)အချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ဝန်ကြီးချုပ် ဧည့်ခန်းမသို့ ပဲခူးဒေသတွင် က်မှုဇုန်လုပ်ငန်းများ တည်ဆောက်နိုင်ရေး ကိုးရီးယားနိုင်ငံအခြေစိုက် Taekwang Myanmar Development Co., Ltd မှ Vice President , Mr. Lee Hyung Jin ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ လာရောက်တွေ့ဆုံခဲ့သည်။ ရှေးဦးစွာ Mr. Lee Hyung Jin က မိမိတို့ကုမ္ပဏီသည် မြန်မာနိုင်ငံသို့ လွန်ခဲ့သော(၁၀)နှစ်ခန့်ကတည်းက ရောက်ရှိခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ ယခုအခါ ပဲခူးဒေသတွင် စက်မှုဇုန်လုပ်ငန်းများနှင့် အိမ်ရာစီမံကိန်းများ ဆောင်ရွက်နိုင်ရေး လာရောက်ရခြင်းဖြစ်ကြောင်း၊ စက်မှုဇုန်လုပ်ငန်းများ တည်ထောင်ခြင်းအားဖြင့် ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိနိုင်မည်ဖြစ်သလို မြန်မာနိုင်ငံအတွက်လည်း အခွန်အခများ တိုးတက်ရရှိလာနိုင်မည်ဖြစ်၍ ရင်းနှီးမြှုပ်နှံဆောင်ရွက်ရန် လာရောက်ခဲ့ရခြင်းဖြစ်ပါကြောင်း ပြောကြားခဲ့သည်။ …

Read More »

လေဆိပ်ပတ်လမ်း ပေ(၁၀၀)အတွင်း ပါဝင်သွားသည့် သီးနှံပင်များအတွက် နစ်နာကြေးပေး လျော်ခြင်းအခမ်းအနားကျင်းပပြုလုပ်

ဧပြီ ၃ (ပဲခူး) ============== ဧပြီလ (၃)ရက်နေ့၊ မွန်းလွဲ(၃:၃၀)အချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ် ပတ်လမ်းပေ(၁၀၀)အတွင်း ပါဝင်သွားသည့် သီးနှံပင်များအတွက် နစ်နာကြေးပေးလျော်ခြင်း အခမ်းအနားကျင်းပပြုလုပ်သည်။ ရှေးဦးစွာ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဝန်ကြီး ဦးညွန့်ရွှေက ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ် စီမံကိန်းသည် နိုင်ငံတော်အဆင့် စီမံကိန်းတစ်ခုဖြစ်ပြီးကြောင်း၊ သီးနှံနစ်နာကြေးပေးလျော်နိုင်ရန်အတွက် ခြံပိုင်ရှင်များနှင့်အတူ ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်းမှ ပညာရှင်များ၊ ဌာနဆိုင်ရာများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးတို့မှ တစ်ပင်ချင်းစီ ကွင်းဆင်းတိုင်းတာခြင်း၊ သက်တမ်းသတ်မှတ်ခြင်း၊ တန်ဖိုးသတ်မှတ်ခြင်းများ ဆောင်ရွက်ခဲ့ပြီးဖြစ်၍ ယခုလို နှစ်ရှည်သီးနှံအတွက် နစ်နာကြေးပေးလျော်ရခြင်းဖြစ်ကြောင်းနှင့် ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ် ဖြစ်မြောက်နိုင်ရေး တစ်ဘက်တစ်လမ်းမှ ပါဝင်ကူညီဆောင်ရွက်ရာဖြစ်ခြင်းကြောင့် ကျေးဇူးတင်ရှိပါကိုလည်းကောင်း၊ ဥပဒေချုပ် ဦးအုန်းမြင့်မှ နှစ်ရှည်သီးနှံများအတွက်  နစ်နာကြေးတန်ဖိုးငွေပေးလျော်ခြင်းအား စာချုပ် စာတမ်းများနှင့်တကွ ဆောင်ရွက်မည်ဖြစ်၍ စာချုပ်ပါစည်းကမ်းချက်များအား အသေးစိတ်ရှင်းလင်း ပြောကြားခဲ့သည်။ ထို့နောက် နှစ်ရှည်သီးနှံများအတွက် နစ်နာကြေးတန်ဖိုးငွေများအား တစ်ဦးချင်းအလိုက် စာချုပ်စာတမ်းတွင် လက်မှတ်ရေးထိုးစေလျက် ပေးလျော်ခဲ့ပြီး၊ အဆိုပါ …

Read More »

အမျိုးသား/အမျိုးသမီး စစ်တုရင်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပပြုလုပ်

ဧပြီ ၂ (ပဲခူး) ================= ပဲခူးတိုင်းဒေသကြီး စစ်တုရင်ပြိုင်ပွဲဖြစ်မြောက်ရေးကော်မတီမှဦးဆောင်၍ ဧပြီလ(၂)ရက်နေ့ ညနေ(၃)နာရီအချိန်က ပဲခူးမြို့ရွှေမော်ဓောဘုရားလမ်းရှိ တိုင်းဒေသကြီးအားကစားခန်းမတွင် ၂၀၁၉ခုနှစ် ပဲခူးတိုင်းအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၄)ခရိုင်အမျိုးသား/အမျိုးသမီး စစ်တုရင်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပပြုလုပ်သည်။ ရှေးဦးစွာ အပြည်ပြည်ဆိုင်ရာစစ်တုရင် အမျိုးသား(၂၅)နှစ်အောက်၊ အပြည်ပြည်ဆိုင်ရာစစ်တုရင် အမျိုးသားအလွတ်တန်း၊ မြန်မာ့ရိုးရာစစ်တုရင်အမျိုးသား(၂၅)နှစ်အောက်၊ မြန်မာ့ရိုးရာစစ်တုရင်အမျိုးသားအလွတ်တန်း၊ အပြည်ပြည်ဆိုင်ရာစစ်တုရင် အမျိုးသမီး(၂၅)နှစ်အောက်၊ အပြည်ပြည်ဆိုင်ရာစစ်တုရင် လူငယ်(၂၀)နှစ်အောက် ပြိုင်ပွဲများအား နောက်ဆုံးဗိုလ်လုပွဲအဖြစ် ယှဉ်ပြိုင်ကြသည်။ ထို့နောက် ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပပြုလုပ်ရာ အပြည်ပြည်ဆိုင်ရာစစ်တုရင် အမျိုးသား(၂၅)နှစ်အောက်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယရရှိသူများအား တိုင်းဒေသကြီး လူမှုဆက်ဆံရေးအရာရှိ ဦးဝင်းဌေးကလည်းကောင်း၊ အပြည်ပြည်ဆိုင်ရာစစ်တုရင် အမျိုးသား အလွတ်တန်းပြိုင်ပွဲတွင် ပထမ၊ ဒုတိယရရှိသူများအား ပဲခူးတိုင်းဒေသကြီး စစ်တုရင်းဆပ်ကော်မတီ ဥက္ကဌ ဦးအေးသန်းကလည်းကောင်း၊ မြန်မာ့ရိုးရာစစ်တုရင်အမျိုးသား (၂၅)နှစ်အောက်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယရရှိသူများအား ပဲခူးတိုင်းဒေသကြီးပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး(စီမံ) ဆရာမကြီး ဒေါ်မေသက်နွယ်ကလည်းကောင်း၊ မြန်မာ့ရိုးရာစစ်တုရင် အမျိုးသားအလွတ်တန်းပြိုင်ပွဲတွင် …

Read More »

Bago Region Investment Committee ၏ လုပ်ငန်းအချက်အလက်များ

ဧပြီ ၂ (ပဲခူး) ================ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများနှင့်ပတ်သက်၍ Bago Region Investment Committee ၏ လုပ်ငန်းအချက်အလက်များ ထုတ်ပြန်ကြေငြာခြင်း အပြည့်အစုံဖတ်ရှုရန်—————————–  

Read More »