ပဲခူး မတ် ၂ ================= ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာများလိုက်ပါလျက် မတ်လ(၂)ရက်နေ့၊ နံနက်ပိုင်းက သနပ်ပင်မြို့နယ်၌ စပါးခွံစွန့်ပစ်ပစ္စည်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးစက်ရုံ(Gasifire Power Plant)ဖြင့် ကုန်ထုတ်လုပ်ငန်းများ ဆောင်ရွက် နေမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် သနပ်ပင်မြို့နယ်၊ တော်ဝင်ဟင်္သာ ဆန်စက်သို့ ရောက်ရှိခဲ့ရာ ဆန်စက်လုပ်ငန်းရှင် ဦးရာဇာလင်းက ဆန်စက်၊ စပါးအခြောက်ခံစက်၊ စပါးခွံ လောင်စာတောင့်နှင့် သဘာဝမြေဩဇာ ထုတ်လုပ်မှုနှင့် အဆိုပါလုပ်ငန်းများအား စပါးခွံစွန့်ပစ်ပစ္စည်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးစက်ရုံ(Gasifire Power Plant)ဖြင့် ဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ဆန်စက်၊ စပါးအခြောက်ခံစက်၊ စပါးခွံ လောင်စာ ထောင့်နှင့် သဘာဝမြေဩဇာထုတ်လုပ်မှုနှင့် …
Read More »ရက်(၁၀၀)စီမံချက်ဖြင့် ပဲခူးမြို့၌ သဘာဝတိုင်းရင်းငါး ဆေးထိုးသားဖောက်ပြုစုမွေးမြူခြင်းသင်တန်း ဖွင့်လှစ်
ပဲခူး မေ ၂၇ ပဲခူးမြို့၊ တိုင်းဒေသကြီးငါးလုပ်ငန်းသင်တန်းကျောင်း၌ ရက် ၁၀၀ စီမံချက်ဖြင့် သဘာဝ…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးတိုင်း(အနောက်ခြမ်း) စိုက်ပျိုးရေးနှင့် မွေးမြူရေး ကုန်ထုတ်လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်
ပဲခူး မေ ၂၇ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ…
၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးနေ့ အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်
ပဲခူး မေ ၂၆ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးနေ့ အခမ်းအနားအား မေလ ၂၆ ရက်နေ့၊ နံနက်ပို…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပန်းတောင်းမြို့နယ်အတွင်း ဆိတ်မွေးမြူရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု
ပန်းတောင်း မေ ၂၅ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီးလွှတ်တော်ဥ…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ရွှေတောင်မြို့နယ်အတွင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု
ပဲခူး မေ ၂၅ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှ…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပြည်မြို့နယ်အတွင်း လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဖြည့်ဆည်းဆောင်ရွက်ပေး
ပြည် မေ ၂၅ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သာယာဝတီခရိုင်အတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေး ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်
သာယာဝတီ မေ ၂၄ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ…
ပြည်မြို့၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အကြိုလှုပ်ရှားမှု အခမ်းအနား ကျင်းပပြုလုပ်
ပြည် မေ ၂၃ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အကြိုလှုပ်ရှားမှု အခမ်းအနားအား မေလ ၂၃ …
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပြည်မြို့၌ ကျောင်းအပ်နှံရေး မြေစိုက်ပိုစတာစိုက်ထူခြင်း အခမ်းအနားသို့ တက်ရောက်ချီးမြှင့်
ပြည် မေ ၂၃ ကျောင်းအပ်နှံရေး မြေစိုက်ပိုစတာ စိုက်ထူခြင်းအခမ်းအနားအား ပြည်မြို့၊ တိုင်းဒေသကြ…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးမြို့နယ်အတွင်း ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကွင်းဆင်းကြည့်ရှု ဖြည့်ဆည်းဆောင်ရွက်
ပဲခူး မေ ၂၂ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ယမ…
နောက်ဆုံးရသတင်းများ
ပဲခူးခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးရုံး၌ ကာကွယ်ဆေးသိုလှောင်အအေးခန်း ပန္နက်ချမင်္ဂလာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်
ပဲခူး မတ် ၁ ===================== ပဲခူးခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးရုံး၌ ကာကွယ်ဆေးသိုလှောင်အအေးခန်း ပန္နက်ချမင်္ဂလာ အခမ်းအနားအား မတ်လ(၁)ရက်နေ့၊ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ခဲ့သည်။ ရှေးဦးစွာ ကာကွယ်ဆေးသိုလှောင်အအေးခန်း တည်ဆောက်ရေးရှင်းလင်းဆောင်၌ လုပ်ငန်းစီမံချက် များအား တာဝန်ခံအင်ဂျင်နီယာမှ ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပဲခူးဒေသသည် ငလျင်ကြောကျရောက်သည့် နေရာတွင်တည်ရှိနေသဖြင့် ငလျင်ဒဏ်ခံနိုင်သည့် အဆောက်အဦများဖြစ်ရန် လိုအပ်ပြီး ကာကွယ်ဆေးများ သိုလှောင်မည့် အအေးခန်းဖြစ်၍ မိုးလုံလေလုံဖြင့် သယ်ယူပို့ဆောင်ခြင်းများ ဆောင်ရွက်နိုင်ရန် စီစဉ်ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ လျှပ်စစ်မီးလိုင်းများ စနစ်တကျ တပ်ဆင်ရန်နှင့် သတ်မှတ်စံချိန်စံညွှန်းများ အချိန်မီပြီးစီးရေး ကြီးကြပ်ဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြား ခဲ့သည်။ ထို့နောက် မင်္ဂလာအချိန်၌ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်လွင်လွင်အေးကျော်၊ လူမှုရေးရာဝန်ကြီး ဦးအောင်မင်းနှင့် ပဲခူးဆေးရုံအုပ်ကြီး …
Read More »ပဲခူးတိုင်းဒေသကြီးအတွင်းသို့ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန် ဒေါ်လာသန်း(၄၀)နှင့် နိုင်ငံသားရင်းနှီးမြှုပ်နှံမှု ကျပ်(၁၇၂၅)သန်း ထပ်မံလာရောက်ရင်းနှီးမြှုပ်နှံ
ပဲခူး ဖေဖော်ဝါရီ ၂၈ ========================= ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ ဖေဖော်ဝါရီလ(၂၈)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးရင်းနှီး မြှုပ်နှံမှုကော်မတီ၏ (၂/၂၀၂၃) အစည်းအဝေး ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးတိုင်းဒေသကြီးသည် စိုက်ပျိုး/မွေးမြူရေးကို အဓိကထားလုပ်ကိုင်သည့် တိုင်းဒေသကြီးတစ်ခုဖြစ်သဖြင့် စက်ရုံများ လာရောက်ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်ဆောင်ရွက်စေလိုကြောင်း၊ တည်ငြိမ်အေးချမ်းသည့် ပဲခူးဒေသအား စီးပွားရေး ရင်းနှီးမြှုပ်နှံမှုဇုန်တစ်ခုအနေဖြင့် ပြည်တွင်း/ပြည်ပ စက်မှုလက်မှုလုပ်ငန်းများ တိုးချဲ့လုပ်ကိုင်လာမှု ပိုမိုများပြားလာသဖြင့် လိုအပ်သော လျှပ်စစ်ဓါတ်အားကို ထပ်မံဖြည့်ဆည်းပေးနိုင်ရန် အရေးကြီးကြောင်း၊ မိမိတို့ တိုင်းဒေသကြီးအစိုးရ၏ လုပ်ပိုင်ခွင့်အတွင်းရှိ ဆည်/တမံ၊ မြစ်ချောင်းများကို အခြေခံ၍ ရေအားလျှပ်စစ် ထုတ်လုပ်ခြင်း၊ ဆိုလာစနစ်ဖြင့် လျှပ်စစ်ထုတ်လုပ်ခြင်းများ ဆောင်ရွက်ရန် ပြည်တွင်း ပြည်ပလုပ်ငန်းရှင်များ ဖိတ်ခေါ်သွားရန် လိုအပ်ကြောင်း၊ စက်ရုံများ မီးဘေးအန္တရာယ် ကင်းရှင်း ရေးနှင့် စက်မှုဇုန်အတွင်း မြေလပ်မရှိ သတ်မှတ်ထားသော …
Read More »ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးတိုင်းဒေသကြီး(အနောက်ခြမ်း) စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့
ပြည် ဖေဖော်ဝါရီ ၂၅ ============= ပဲခူးတို်ငးဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့တာဝန်ရှိသူများ လိုက်ပါ လျက် ဖေဖော်ဝါရီလ(၂၃)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး(အနောက်ခြမ်း) စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပြည်မြို့၊ ရွာဘဲရပ်ကွက်၊ ဂန္ဓမာစက်မှုဇုန်ရှိ ပတ္တမြားအမှုန့်ကြိတ်စက်ရုံသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ထုတ်ပိုးမှုစနစ်များ သေသပ်ကောင်းမွန်မှုရှိ စေရေး၊ ဓာတုဆေးဝါးများကင်းစင်စေရေး၊ စီးပွားရေးသံမှူးများနှင့်ချိတ်ဆက်၍ ပြည်ပဈေးကွက်ရရှိစေရေး၊ လျှပ်စစ်မီးမှန်ကန်မှုရှိစေရေး တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ပြီး စက်ရုံအတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့သည်။ ၎င်းနောက် ပြည်မြို့၊ ခေတ္တရာပြည်သူ့ခန်းမ ပြန်လည်အဆင့်မြှင့် တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အရည်အသွေးပြည့်မီစွာ တည်ဆောက်ရန်နှင့် QC အဖွဲ့မှ လုပ်ငန်းတစ်ခုချင်းအလိုက် စနစ်တကျကြီးကြပ်စစ်ဆေးရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး …
Read More »ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပြည်ခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်း ကြည့်ရှုစစ်ဆေး
ပြည် ဖေဖော်ဝါရီ ၂၂ =================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့်အတူ ဖေဖော်ဝါရီလ(၂၂)ရက်နေ့၊ နံနက်ပိုင်းက ပြည်ခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရွှေတောင်မြို့နယ်၊ ကြို့ကုန်းကျေးရွာအုပ်စု၌ အစေ့ချစနစ်ဖြင့် နွေစပါး(၁၀၀)ဧက စိုက်ပျိုးနေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ပန်းတိုင်အထွက်နှုန်းရရှိရေး၊ တစ်နှစ်သုံးသီး စိုက်ပျိုးနိုင်ရေး၊ ကြဲခင်းများလျော့ချပြီး ပျိုးထောင်စနစ်၊ အစေ့ချစိုက်ပျိုးစနစ်များအား ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုစေရေး ဆောင်ရွက်ရန်နှင့် တိရစ္ဆာန်အစာအဖြစ် နေဗီယာမြက်နှင့် ဒေသ ကြက်မွေးမြူရေးတွဲဖက်ဆောင်ရွက်နိုင်ရေး အသိပညာပေးရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြား ခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရွှေတောင်မြို့၌ ဘက်စုံမွေးမြူရေးဇုန် အကောင်အထည်ဖော်ဆောင်ရွက်မည့် မြေနေရာသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး တိရစ္ဆာန်ရောဂါ ကူးစက်မှုမရှိစေရေး ကြားခံနယ်မြေ သီးခြားထားရှိရန်၊ သောက်သုံးရေနှင့် လျှပ်စစ်မီးအား ဆိုလာစနစ်ဖြင့် …
Read More »
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website