နောက်ဆုံးရသတင်းများ

ရေဘေးသင့်ပြည်သူများထားရှိသော ကယ်ဆယ်ရေးစခန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် ပတ်သက်၍ ညှိနှိုင်းအစည်းအဝေးပြုလုပ်

38020305_1092724497549877_6789972639298355200_n

ဇူလိုင် ၂၉(ပဲခူး) ========================== ဇူလိုင်လ (၂၉)ရက်နေ့ (၀၉:၀၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဝန်ကြီး ဦးညွန့်ရွှေသည် ပဲခူးတိုင်းဒေသကြီး ရေဘေးကယ်ဆယ်ရေးကွပ်ကဲမှုရုံး၊ သာသနာ့ဗိမာန်သို့ သွားရောက်၍ ရေဘေးသင့်ပြည်သူများ ကယ်ဆယ်ရေးဆောင်ရွက်မှုနှင့်ပတ်သက်၍ ညှိနှိုင်းအစည်းအဝေး ပြုလုပ်ခဲ့သည်။ အစည်းအဝေး၌ ရေဘေးသင့်ပြည်သူများအား ကူညီထောက်ပံ့ရေး၊ ကျန်းမာရေးစောင့်ရှောက်မှုတို့အပြင် စာရင်းအချက်အလက်များ မှန်ကန်ရေး၊ အချိန်နှင့်တစ်ပြေးညီ သတင်းထုတ်ပြန်နိုင်ရေး စသည်တို့အား ဆွေးနွေးခဲ့ကြသည်။ ထို့နောက် ကယ်ဆယ်ရေးစခန်းများသို့ ပဲခူးခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးနိုင်၊ ပဲခူးခရိုင်ရဲတပ်ဖွဲ့မှူး တိုင်းအဆင့်ဌာနဆိုင်ရာများ၊ ဝန်းထမ်းများလိုက်ပါ၍ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြပြီး ရေဘေးသင့်ပြည်သူများအတွက်လှူ ဒါန်းသောပစ္စည်းများ၊ ငွေများအား စနစ်တကျလက်ခံ ဆောင်ရွက်ပေးခဲ့ပါသည်။ ၂၉.၇.၂၀၁၈ ရက်နေ့ အချိန်လက်ရှိအခြေအနေတွင် ရေဘေးကယ်ဆယ်ရေးစခန်း (၃၂)ခု ဖွင့်လှစ်ထားရှိပြီး ရေဘေးသင့် အိမ်ထောင်စုပေါင်း(၅၂၂၀)စု၊ လူဦးရေပေါင်း(၂၅၇၂၃)ဦးအား ကူညီထောက်ပံ့ပေးလျှက်ရှိပါသည်။ ထောက်ပံ့ပစ္စည်းအနေဖြင့် ဇူလိုင်လ(၂၈)ရက်နေ့၊ ညနေ(၄) နာရီအထိ ဆန် ၅၂၃ အိတ်၊ …

Read More »

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ရေဘေးကယ်ဆယ်ရေးစခန်းများအား လှည့်လည်ကြည့်ရှု

FI

ဇူလိုင် ၂၉ (ပဲခူး) ============================= ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ဇူလိုင်လ (၂၉)ရက်နေ့ နံက်(၉:၃၀)နာရီအချိန်က ပဲခူးမြို့ပေါ်တွင်ဖွင့်လှစ်ထားသော ရေဘေးကယ်ဆယ်စခန်းများသို့ သွားရောက်ပြီး ရေဘေးသင့်ပြည်သူမျာ၏ ကျန်းမာရေး၊ နေထိုင်စာသောက်ရေးကိစ္စရပ်များအား လှည့်လည်ကြည့်ရှုကာ နှစ်သိမ့်အားပေးစကားပြောကြားခဲ့သည်။ ရှေးဦးစွာ ဝန်ကြီးချုပ်သည် ပဲခူးခရိုင်အုပ်ချုပ်ရေးမှုးဦးစိုးနိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှုး ဦးအောင်သန်းဇော်တို့နှင့်အတူ မြသာလျောင်းဘုရား ရေးဘေးကယ်ဆယ်စခန်းနှင့် ကလျာဏီသိမ် ကယ်ဆယ်ရေးစခန်းများသို့ သွားရောက်ပြီး ရေဘေးသင့်ပြည်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ နှစ်သိမ့်အားပေးစကားပြောကြားပြီး ကယ်ဆယ်ရေးစခန်းတာဝန်ရှိသူများမှ နေထိုင်စားသောက်မှုကိစ္စများ၊ ကျန်းမာရေးစောင့်ရှောက်မှုကိစ္စရပ်များ ဆောင်ရွက်ပေးထားမှုအခြေအနေများအား ကြည့်ရှုခဲ့သည်။ ထို့နောက် ဗုဒ္ဓအသံဓမ္မဗိမာန်တွင်ဖွင့်လှစ်ထားရှိ ကယ်ဆယ်ရေးစခန်းဗဟိုဌာနချုပ်တွင် အလှူရှင် ရန်ကုန်မြို့နေ ဒေါ်သီသီထွန်း Foremost Star Travel&Tourကုမ္ပဏီနှင့်အခြားအလှူ ရှင်များမှလာရောက်လှူ ဒါန်းသော အလှူငွေ၊ ဆန်ရိက္ခာနှင့် အခြားသုံးဆောင်ပစ္စည်းများအား အစိုးရအဖွဲ့စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးနှင့်အတူ လက်ခံခဲ့ပြီး အလှူ ရှင်များအားဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့သည်။ ဇူလိုင်လ(၂၉)ရက်နေ့ နံက်(၆:၃၀)အချိန်တိုင်ထွာချက်အရ ပဲခူးမြစ်ရေသည် ၉၆၈ စင်တီမီတာမှ …

Read More »

ကယ်ဆယ်ရေးစခန်းများသို့ ပြောင်းရွှေ့ရောက်ရှိလာသော ရေဘေးသင့်အိမ်ထောင်စုများအား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီး ညွန့်ရွှေ သွားရောက်ကြည့်ရှု

FI

ဇူလိုင် ၂၈ (ပဲခူး) ========================= ဇူလိုင်လ (၂၈)ရက်နေ့ ညနေ(၄)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဝန်ကြီး ဦးညွန့်ရွှေသည် ပဲခူးတိုင်းဒေသကြီး ရေဘေးကယ်ဆယ်ရေးကွပ်ကဲမှုရုံးသို့သွားရောက်၍ ရေဘေးသင့်ပြည်သူများအား သွားရောက်ကြည်ရှုခဲ့ပါသည်။ အဆိုပါကယ်ဆယ်ရေးစခန်းများသို့ ပဲခူးခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးနိုင်၊ ပဲခူးခရိုင်ရဲတပ်ဖွဲ့မှူး၊ တိုင်းအဆင့်ဌာနဆိုင်ရာများ၊ ဝန်းထမ်းများလိုက်ပါ၍ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြပြီး ရေဘေးသင့်ပြည်သူများအတွက် လှူဒါန်းသောပစ္စည်းများ၊ ငွေများအား စနစ်တကျလက်ခံ ဆောင်ရွက်ပေးခဲ့ပါသည်။ ဇူလိုင်လ(၂၈) ရက်နေ့ ညနေ(၄)နာရီအထိ ပဲခူးမြို့နယ်အတွင်း ရေဘေးကယ်ဆယ်ရေးစခန်း (၃၂)ခုဖွင့်လှစ်ထားရှိပြီး ရေဘေးသင့်အိမ်ထောင်စုပေါင်း (၅၂၂၀)ဦး၊ လူဦးရေပေါင်း(၂၅၇၂၃)ဦးအား ကူညီထောက်ပံ့ပေးလျှက် ရှိပါသည်။

Read More »