နောက်ဆုံးရသတင်းများ

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း နွေစပါးတိုးချဲ့စိုက်ပျိုးနိုင်ရေး မြေပြင်ကွင်းဆင်းစစ်ဆေး

ဇီးကုန်း ဇန်နဝါရီ ၁၄ ==================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဇန်နဝါရီလ(၁၄) ရက်နေ့၊ မွန်းလွဲပိုင်းက ပဲခူးတိုင်းဒေသကြီး(အနောက်ခြမ်း) နွေစပါးတိုးချဲ့စိုက်ပျိုးနိုင်ရေး မြေပြင်ကွင်းဆင်း စစ်ဆေးခဲ့ သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်၌ နွေစပါး တိုးချဲ့စိုက်ပျိုးနိုင်ရေး တိုင်းဒေသကြီးရန်ပုံငွေကျပ်(၄၃၀)သန်းဖြင့် တည်ဆောက်ပြီးစီးခဲ့သည့် ဂွေးပင်ကုန်း ရေတံခါးအား ကြည့်ရှုစစ်ဆေးခဲ့ပြီး စိုက်ပျိုးသီးနှံများအလိုက် ပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် (၂)သီးမှ (၃)သီး ပြောင်းလဲစိုက်ပျိုးနိုင်ရေး အသိပညာပေး ဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာ ကြားခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဇီးကုန်းမြို့နယ်၊ ရွှေကြို့ပင်ကျေးရွာ အုပ်စုရှိ စနစ်တကျလယ်ယာမြေ ဖော်ထုတ်ပြီးစီးခဲ့သည့် မြေဧရိယာ(၁၃၂)ဧကပေါ်၌ နိုင်ငံ့စီးပွားမြှင့်တင် ရေး ရန်ပုံငွေဖြင့် နွေစပါး(ရတနာတိုး) အစေ့ချစိုက်ပျိုးနေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး တောင်သူစိတ်ကြိုက် သွင်းအားစုများ အချိန်မီရရှိစေရေး အထူးအလေးထား ဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာ ကြားခဲ့သည်။ …

Read More »

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သနပ်ပင်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်း ကြည့်ရှုစစ်ဆေး

ပဲခူး ဇန်နဝါရီ ၁၃ ====================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် အတူ ဇန်နဝါရီလ(၁၃)ရက်နေ့၊ မွန်းလွဲပိုင်းက သနပ်ပင်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် သနပ်ပင်မြို့တွင်းတံတား တည်ဆောက်ရေးရှင်းလင်းဆောင်သို့ ရောက်ရှိခဲ့ရာ တံတားအထူးအဖွဲ့(၉)၊ တာဝန်ရှိသူတစ်ဦးက တံတား တည်ဆောက်ခြင်းဆိုင်ရာ အချက်အလက်များအား ရှင်းလင်းတင်ပြခဲ့မှုအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က သနပ်ပင်မြို့တွင်းတံတားသည် ပဲခူး-သနပ်ပင်-ခရမ်း-သန်လျင် လမ်းပေါ်ရှိပြီး သီလဝါနှင့် တိုက်ရိုက် ချိတ်ဆက်လျက်ရှိကာ ကုန်စည်စီးဆင်းမှုအတွက် အလွန်အရေးပါသည့် တံတားဖြစ်၍ သတ်မှတ်စံချိန်စံညွှန်း များအတိုင်း အရည်အသွေးပြည့်မီစွာ တည်ဆောက်ကြရန်လိုအပ်ကြောင်းနှင့် တည်ဆောက်သည့်လုပ်ငန်း အမျိုးအစားအလိုက် QC စစ်ဆေးခြင်းကို စနစ်တကျဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြား ခဲ့သည်။           အဆိုပါ သနပ်ပင်မြို့တွင်းတံတားသည် …

Read More »

အသက်(၁၈)နှစ်အောက် အခြေံပညာကျောင်းပေါင်းစုံ ကျောင်းသားအားကစားပွဲတော်ပြိုင်ပွဲ အောင်နိုင်ရေး အလံအပ်နှင်းခြင်းနှင့် ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကျင်းပပြုလုပ်

ပဲခူး ဇန်နဝါရီ ၁၃ ====================           ပဲခူးတိုင်းဒေသကြီး အသက်(၁၈)နှစ်အောက် အခြေံပညာကျောင်းပေါင်းစုံ ကျောင်းသားအားကစား ပွဲတော်ပြိုင်ပွဲ အောင်နိုင်ရေးအလံအပ်နှင်းခြင်းနှင့် ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားအား ဇန်နဝါရီလ (၁၃)ရက်နေ့၊ မွန်းလွဲပိုင်းက ပဲခူးမြို့၊ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်း၊ အားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ခဲ့သည်။           ရှေးဦးစွာ ပြိုင်ပွဲဝင် အားကစားသများက အားကစားနည်းအလိုက် မိတ်ဆက်ခဲ့ကြသည်။           ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ကျန်းမာကြံ့ခိုင်သော နိုင်ငံတော်ကိုယ်စားပြု မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ပေးရာတွင် အခြေခံပညာကျောင်းများမှစတင်ရခြင်းဖြစ်၍ ယခု သွားရောက်ယဉ်ပြိုင်မည့် ကျောင်းသားအားကစားပွဲတော်သည် အလွန်အရေးပါကြောင်း၊ မိမိတို့ ပဲခူးတိုင်း ဒေသကြီးကိုယ်စားပြု သွားရောက်ယဉ်ပြိုင်မည့် ပြိုင်ပွဲဝင်အသင်းများအနေဖြင့် အားကစားစိတ်ဓါတ်ကို အရင်းတည်ပြီး အနိုင်မခံအရှုံးမပေး ကြိုးစားအားထုတ်ကြစေလိုကြောင်း၊ ပြိုင်ပွဲဝင်မောင်/မယ်များအနေဖြင့် အောင်နိုင်ရေးအလံ ပေးအပ်သည့်အချိန်ကစပြီး မိမိတို့၏ ပဲခူးတိုင်းဒေသကြီး၏ ကောင်းမြတ်ခြင်းဂုဏ်ကို မိမိတို့တတ်ကျွမ်းသည့် …

Read More »

ပဲခူးမြို့၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အခမ်းအနား(နေပြည်တော်)တွင် ပါဝင်ဆောင်ရွက်ခဲ့ သည့် ဝန်ထမ်းများနှင့် ကူညီပံ့ပိုးပါဝင်ဖျော်ဖြေခဲ့သည့်ပုဂ္ဂိုလ်များအား ဂုဏ်ပြုချီးမြှင့်ခြင်းပြုလုပ်ခဲ့

ပဲခူး ဇန်နဝါရီ ၁၃ ===========================           ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ဇန်နဝါရီလ(၁၃)ရက်နေ့၊ နံနက်ပိုင်းက (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အခမ်းအနား(နေပြည်တော်)တွင် ဂုဏ်ပြုယာဉ်ဒုတိယဆုရရှိခဲ့မှုအပေါ် ပါဝင်ဆောင်ရွက်ခဲ့ သည့် ဝန်ထမ်းများနှင့် ကူညီပံ့ပိုးပါဝင်ဖျော်ဖြေခဲ့သည့် ပုဂ္ဂိုလ်များအား ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ ပြုလုပ်သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အခမ်းအနား(နေပြည်တော်)တွင် ဂုဏ်ပြုယာဉ်ဒုတိယဆုရရှိခဲ့မှုအပေါ် ပါဝင်ဆောင်ရွက်ခဲ့သည့် ဝန်ထမ်းများ နှင့် ကူညီပံ့ပိုးပါဝင်ဖျော်ဖြေခဲ့သည့်ပုဂ္ဂိုလ်များအား ဂုဏ်ပြုအမှာစကား ပြောကြားခဲ့သည်။           ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ဂုဏ်ပြုယာဉ်အတွက် မြန်မာမှုအနုပညာရှင် များ၊ ကပြဖျော်ဖြေခဲ့သည့် တောင်ငူပညာရေးကောလိပ်မှ ဆရာမများအတွက် ဂုဏ်ပြုမှတ်တမ်းများကို လည်းကောင်း၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်လွင်လွင်အေးကျော်မှ အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)မှ ဆရာစံ၏ နယ်ချဲ့တော်လှန်ရေးစည်းရုံးမှု သရုပ်ဖော် …

Read More »

ပဲခူးမြို့နယ်အတွင်း အိမ်ထောင်စုလူဦးရေစာရင်းပုံစံ(၆၆/၆)အား မြေပြင်စာရင်းတိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား တိုင်းဒေသကြီး ဝန်ကြီးချုပ် သွားရောက်ကြည့်ရှုအားပေး

ပဲခူး ဇန်နဝါရီ ၁၂ =========================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသူများလိုက်ပါ လျက် ဇန်နဝါရီလ(၁၁)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့ပေါ်ရပ်ကွက်များတွင် အိမ်ထောင်စုလူဦးရေစာရင်းပုံစံ (၆၆/၆)အား မြေပြင်စာရင်းတိုက်ဆိုင်စစ်ဆေးခြင်း လုပ်ငန်းဆောင်ရွက်နေမှုအား သွားရောက်ကြည့်ရှု အားပေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့၊ မြို့တွင်းကြီးရပ်ကွက်၊ စိန်သာမြ လမ်းသို့ ရောက်ရှိခဲ့ပြီး အိမ်ထောင်စုလူဦးရေစာရင်းပုံစံ(၆၆/၆)အား နေအိမ်တစ်ခုချင်းအလိုက် တိုက်ဆိုင် စစ်ဆေးနေမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး ရပ်ကွက်အတွင်း အမှိုက်ကင်းစင်ရေးနှင့် ရေစီးရေလာ ကောင်းမွန်စေရေး ဆောင်ရွက်ရန်မှာကြားခဲ့ပြီး ရပ်ကွက်နေပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက် အားပေးစကား ပြောကြားခဲ့သည်။ ဆက်လက်၍ မွန်းလွဲပိုင်းက တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘုရားကြီးမြို့၊ အမှတ်(၁)ရပ်ကွက်တွင် အိမ်ထောင်စုလူဦးရေစာရင်းပုံစံ(၆၆/၆)အား မြေပြင်ကွင်းဆင်း တိုက်ဆိုင်စစ်ဆေး ခြင်းဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်နေမှုအား ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များအား တာဝန်ရှိသူ များနှင့် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကာ ရပ်ကွက်နေပြည်သူများနှင့် …

Read More »