ပဲခူး မတ် ၆ ============= ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူး၍ ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မဗိမာန်တော်ကြီး၌ မတ်လ(၅) ရက်နေ့ မွန်းလွဲပိုင်းအချိန်က ပဲခူးတိုင်းဒေသကြီးအတွင်းမှ ၂၀၂၃ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်ရ ဆရာတော်/သီလရှင်နှင့် လူပုဂ္ဂိုလ်များအား ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းခြင်း အခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ နိုင်ငံတော်ဩဝါဒါစရိယ၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန် ဆောင်နှင့် ပဲခူးတိုင်းဒေသကြီး သံဃနာယကအဖွဲ့ ဆရာတော်ကြီးများနှင့် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရဆရာတော်နှင့် သီလရှင်တို့အား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ထို့နောက် သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းပွဲ ဒုတိယပိုင်းအား ဆက်လက် ကျင်းပပြုလုပ်ရာ နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန့်တော့၍ အခမ်းအနားကိုဖွင့်လှစ်ပြီး ရွှေတံဆိပ်များ ဆုရှင် အဆိုတော် မထက်ထက်မော်က ထူးမခြားနား ရောင်ခြည်တော်ဖွင့် သုံးပိုဒ်ဖြင့်လည်းကောင်း၊ တိုင်းဒေသကြီးသာသနာရေးမှူး ဦးဌေးလှိုင်က အခမ်းအနားဖွင့် စာတမ်းကိုလည်းကောင်း ဖိတ်ကြား လျှောက်ထား သီဆိုပူဇော်ကြသည်။ ထို့နောက် နိုင်ငံတော်ဩဝါဒါစရိယ၊ အဘိဓဇမဟာရဌဂုရု မြို့မစာသင်တိုက်ဆရာတော် ဘဒ္ဒန္တဂန္ဓမာ …
Read More »ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးမြို့အတွင်း ရေစီးရေလာကောင်းမွန်စေရေး ဆောင်ရွက် နေမှုများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး
ပဲခူး အောက်တိုဘာ ၆ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသ…
တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု(အထူး) သင်တန်းအမှတ်စဉ် (၃/၂၀၂၆-၂၀၂၇) သင်တန်းအား တက်ရောက်ဖွင့်လှစ်
ပဲခူး အောက်တိုဘာ ၆ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသ…
ပဲခူးမြို့၌ ၂၀၂၆ ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့ အခမ်းအနား ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီးတို့ တက်ရောက်ချီးမြှင့်
ပဲခူး အောက်တိုဘာ ၅ ပဲခူးမြို့၊ မြို့တော်ခန်းမ၌ အောက်တိုဘာလ(၅)ရက်နေ့၊ နံနက်ပိုင်းက ၂၀၂၆ ခုနှစ်၊ ကမ္ဘာ…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တောင်ငူမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး
တောင်ငူ အောက်တိုဘာ ၄ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ယမန်နေ့၊ နံနက်ပိုင်း…
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ အပတ်စဉ် စနေနေ့တိုင်း မြို့/ရွာ သန့်ရှင်းသာယာလှပစေရေး စုပေါင်းသန့်ရှင်းရေးပြုလုပ်လျက်ရှိ
ပဲခူး အောက်တိုဘာ ၃ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ အပတ်စဉ် စနေနေ့တိုင်း မြို့/ရွာ…
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တောင်ငူမြို့နယ်အတွင်း MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် စေရေးနှင့် ကွန်ပျူတာတက္ကသိုလ်(တောင်ငူ)၏ လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်
တောင်ငူ အောက်တိုဘာ ၃ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝ…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တောင်ငူမြို့အတွင်း ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များ ဖော်ထုတ်ထိန်းသိမ်းနေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေး
တောင်ငူ အောက်တိုဘာ ၂ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်က…
ပဲခူးမြို့၌ ၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာ သက်ကြီးပုဂ္ဂိုလ်များနေ့ အခမ်းအနား ကျင်းပပြုလုပ်
ပဲခူး အောက်တိုဘာ ၁ ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မဗိမာန်၌ အောက်တိုဘာလ ၁ ရက်နေ့၊ နံနက်ပိုင်းက ၂၀၂၆…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း (၆၂)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားသို့ တက်ရောက်ချီးမြှင့်
ပဲခူး အောက်တိုဘာ ၁ ပဲခူးမြို့ မြို့တော်ခန်းမ၌ အောက်တိုဘာလ (၁)ရက်နေ့ နံနက်ပိုင်းက (၆၂)နှစ်မ…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ရေစီးရေလာကောင်းမွန်စေရေးနှင့် ရေကြောင်းပိတ်ဆို့မှု မဖြစ်စေရေး ကွင်းဆင်းဆောင်ရွက်
ပဲခူး စက်တင်ဘာ ၃၀ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီး ဝန်ကြီးမ…
နောက်ဆုံးရသတင်းများ
တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးမြို့၊ ဆုတောင်းပြည့်ဆံတော်ရှင် မဟာစေတီတော်မြတ်ကြီး အား ရွှေထီးတော်အသစ် တင်လှူပူဇော်
ပဲခူး မတ် ၅ =================== ပဲခူးမြို့၊ ဆုတောင်းပြည့်ဆံတော်ရှင် မဟာစေတီတော်မြတ်ကြီးအား ရွှေထီးတော်အသစ် တင်လှူ ပူဇော်ခြင်း အခမ်းအနားအား အဆိုပါစေတီတော်မြတ်ကြီး ရင်ပြင်တော်ပေါ်၌ မတ်လ(၅)ရက်နေ့၊ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တရားလွှတ်တော် တရားသူကြီးချုပ်၊ အမှတ်၇၇) ခြေမြန်တပ်မဌာနချုပ် တပ်မမှူး၊ အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ အလှူရှင် များနှင့်အတူ တက်ရောက်ကြည်ညို တင်လှူပူဇော်ခဲ့သည်။ ရှေးဦးစွာ နိုင်ငံတော်ဩဝါဒါစရိယ၊ အဘိဓဇမဟာရဌဂုရု မြို့မစာသင်တိုက်ဆရာတော် ဘဒ္ဒန္တဂန္ဓမာ မဟာထေရ်မြတ်ထံမှ ဝန်ကြီးချုပ် အမှူးပြုသော ဧည့်ပရိတ်သတ်များက ကိုးပါးသီလခံယူဆောက်တည်ခဲ့ကြ သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ အစိုးရ အဖွဲ့ တာဝန်ရှိသူများနှင့် အလှူရှင်များက ရွှေထီးတော်ဘုံအဆင့်များအား သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၏ အဓိပတိ သီတဂူဆရာတော် ဒေါက်တာရှင်ဉာဏိဿရနှင့် ဆရာတော်ကြီးများထံ ဆက်ကပ်လှူဒါန်းခဲ့ကြ …
Read More »မသန်စွမ်းသူများအတွက် အဟန့်အတားမဲ့ခရီးသွားလုပ်ငန်း(Barrier Free Tourism)ဆိုင်ရာ အသိပညာပေး သင်တန်းသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် တက်ရောက်ချီးမြှင့်ဖွင့်လှစ်ပေးခဲ့
ပဲခူး မတ် ၃ =================== ပဲခူးမြို့၊ မြို့တော်ခန်းမ၌ မတ်လ(၃)ရက်နေ့၊ နံနက်ပိုင်းက မသန်စွမ်းသူများအတွက် အဟန့်အတားမဲ့ ခရီးသွားလုပ်ငန်း(Barrier Free Tourism)ဆိုင်ရာ အသိပညာပေး သင်တန်းသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့် ဖွင့်လှစ်ပေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မိမိတို့ တိုင်းဒေသကြီးအတွင်း လာရောက် လည်ပတ်ကြမည့် မသန်စွမ်းသူများ၊ သက်ကြီးရွယ်အိုများနှင့် ကလေးသူငယ်များ အဟန့်အတားမဲ့ ခရီးသွားလာနိုင်ရေး လိုအပ်သော ဝန်ဆောင်မှုများ၊ စောင့်ထိန်းရမည့် ကျင့်ဝတ်များနှင့် ခရီးသွားဆိုင်ရာ အသိပညာများ ပြန်လည်ဖြန့်ဖြူးပေးနိုင်ရေး ဖွင့်လှစ်သင်ကြားပေးရခြင်းဖြစ်ကြောင်း၊ အဟန့်အတားမဲ့ ခရီးသွားလုပ်ငန်း(Barrier Free Tourism)ကို ကမ္ဘာ့နိုင်ငံအသီးသီးရှိ ခရီးစဉ်ဒေသများမှာ အကောင်အထည် ဖော် ဆောင်ရွက်လျက်ရှိသလို မိမိတို့တိုင်းဒေသကြီးအတွင်းမှာလည်း ခရီးသွားလု်ပငန်း ပိုမိုဖွံ့ဖြိုးတိုးတက် စေအတွက် အဟန့်အတားမဲ့ ခရီးသွားလာနိုင်ရေးလုပ်ငန်းစဉ်ကို မဖြစ်မနေ အကောင်အထည်ဖော် …
Read More »တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သနပ်ပင်မြို့နယ်၌ စပါးခွံသုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး စက်ရုံ(Gasifire Power Plant)ဖြင့် ကုန်ထုတ်လုပ်ငန်းများ ဆောင်ရွက်နေမှုအား သွားရောက်ကြည့်ရှုအားပေး
ပဲခူး မတ် ၂ ================= ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာများလိုက်ပါလျက် မတ်လ(၂)ရက်နေ့၊ နံနက်ပိုင်းက သနပ်ပင်မြို့နယ်၌ စပါးခွံစွန့်ပစ်ပစ္စည်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးစက်ရုံ(Gasifire Power Plant)ဖြင့် ကုန်ထုတ်လုပ်ငန်းများ ဆောင်ရွက် နေမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် သနပ်ပင်မြို့နယ်၊ တော်ဝင်ဟင်္သာ ဆန်စက်သို့ ရောက်ရှိခဲ့ရာ ဆန်စက်လုပ်ငန်းရှင် ဦးရာဇာလင်းက ဆန်စက်၊ စပါးအခြောက်ခံစက်၊ စပါးခွံ လောင်စာတောင့်နှင့် သဘာဝမြေဩဇာ ထုတ်လုပ်မှုနှင့် အဆိုပါလုပ်ငန်းများအား စပါးခွံစွန့်ပစ်ပစ္စည်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးစက်ရုံ(Gasifire Power Plant)ဖြင့် ဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ဆန်စက်၊ စပါးအခြောက်ခံစက်၊ စပါးခွံ လောင်စာ ထောင့်နှင့် သဘာဝမြေဩဇာထုတ်လုပ်မှုနှင့် …
Read More »ပဲခူးခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးရုံး၌ ကာကွယ်ဆေးသိုလှောင်အအေးခန်း ပန္နက်ချမင်္ဂလာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်
ပဲခူး မတ် ၁ ===================== ပဲခူးခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးရုံး၌ ကာကွယ်ဆေးသိုလှောင်အအေးခန်း ပန္နက်ချမင်္ဂလာ အခမ်းအနားအား မတ်လ(၁)ရက်နေ့၊ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ခဲ့သည်။ ရှေးဦးစွာ ကာကွယ်ဆေးသိုလှောင်အအေးခန်း တည်ဆောက်ရေးရှင်းလင်းဆောင်၌ လုပ်ငန်းစီမံချက် များအား တာဝန်ခံအင်ဂျင်နီယာမှ ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပဲခူးဒေသသည် ငလျင်ကြောကျရောက်သည့် နေရာတွင်တည်ရှိနေသဖြင့် ငလျင်ဒဏ်ခံနိုင်သည့် အဆောက်အဦများဖြစ်ရန် လိုအပ်ပြီး ကာကွယ်ဆေးများ သိုလှောင်မည့် အအေးခန်းဖြစ်၍ မိုးလုံလေလုံဖြင့် သယ်ယူပို့ဆောင်ခြင်းများ ဆောင်ရွက်နိုင်ရန် စီစဉ်ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ လျှပ်စစ်မီးလိုင်းများ စနစ်တကျ တပ်ဆင်ရန်နှင့် သတ်မှတ်စံချိန်စံညွှန်းများ အချိန်မီပြီးစီးရေး ကြီးကြပ်ဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြား ခဲ့သည်။ ထို့နောက် မင်္ဂလာအချိန်၌ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်လွင်လွင်အေးကျော်၊ လူမှုရေးရာဝန်ကြီး ဦးအောင်မင်းနှင့် ပဲခူးဆေးရုံအုပ်ကြီး …
Read More »
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website