ပဲခူး မေ ၁၇ ================ ပဲခူးမြို့၊ ရွှေမော်ဓောဘုရားလမ်းရှိ တိုင်းဒေသကြီးအားကစားခန်းမတွင် မေလ(၁၇)ရက်နေ့ ညနေပိုင်းအချိန်က ၂၀၂၂ ခုနှစ်၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၄)ခရိုင် ဘော်လီဘော ပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပပြုလုပ်သည်။ အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တရား လွှတ်တော် တရားသူကြီးချုပ် ဒေါ်လွင်လွင်အေးကျော်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ အားကစား ချစ်သူ ဒေသခံပြည်သူများ တက်ရောက်ကြပြီး တောင်ငူခရိုင်အသင်းနှင့် သာယာဝတီခရိုင်အသင်းတို့၏ နောက်ဆုံးဗိုလ်လုပွဲ ယှဉ်ပြိုင်ကစားနေမှု့အား ကြည့်ရှု့အားပေးခဲ့ကြသည်။ ဆက်လက်၍ ဆုပေးပွဲအစီအစဉ်အား ဆက်လက်ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးတင်ဦးမှ ပွဲစဉ်တစ်လျှောက် အကောင်းဆုံး အားကစားသမားဆုရရှိသည့် သာယာဝတီ ခရိုင်မှ မောင်ချစ်ညီညီအား ဆုတံဆိပ်နှင့် ငွေသားဆုကျပ်(၇)သောင်းအားလည်းကောင်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး လှမျိုးရွှေမှ ဒုတိယဆုရရှိသော …
Read More »ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်တို့ ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃)ကျင်းပနေမှုအား သွားရောက်ကြည့်ရှုအားပေး
ပဲခူး ဇန်နဝါရီ ၂၅ ပဲခူးခရိုင်အတွင်း ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃)ကျင်းပ…
ပဲခူးတိုင်းဒေသကြီးအတွင်း ဆက်လက်ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃) အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်
ပဲခူး ဇန်နဝါရီ ၂၃ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ဇန်နဝါရီလ…
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် အစားအစာဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကောင်းမွန်သော ရေသတ္တဝါမွေးမြူရေးကျင့်စဉ် သင်တန်းဖွင့်ပွဲ ကျင်းပပြုလုပ်
ပဲခူး ဇန်နဝါရီ ၂၃ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် အစားအစာဘေးအန္တရာယ်ကင်းရှင်းရ…
ပဲခူးမြို့၌ ပဉ္စမအကြိမ်မြောက် ဆေးပဌာန်းအောင်ပွဲနှင့် ဆေးနှင့်ဆေးပစ္စည်းများ လှူဒါန်းခြင်းအခမ်းအနား ကျင်းပပြုလုပ်
ပဲခူး ဇန်နဝါရီ ၂၂ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပပြုလုပ်သည့် ပဉ္စမအကြိမ်မြောက်…
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် (၃၈)ကြိမ်မြောက် လစဉ်အငြိမ်းစားနိုင်ငံ့ ဝန်ထမ်းများ ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ပေးနေမှုအား ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီးဒေါ်စိုးစိုးသက်တို့ သွားရောက်ကြည့်ရှုအားပေး
ပဲခူး ဇန်နဝါရီ ၂၁ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် (၃၈)ကြိမ်မြောက် …
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တတိယအကြိမ် ပဲခူးတိုင်းဒသကြီးလွှတ်တော် ပထမအကြိမ် ပုံမှန်အစည်းအဝေး ခေါ်ယူကျင်းပနိုင်ရေး သွားရောက်ကြည့်ရှုစစ်ဆေး
ပဲခူး ဒီဇင်ဘာ ၂၀ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝ…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ MSME ဒေသထွက်ကုန်များ အရည်အသွေး မြှင့်တင်ထုတ်လုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်
ပဲခူး ဇန်နဝါရီ ၂၀ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက်ပိုင်းက …
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး(၁/၂၀၂၆) ကျင်းပပြုလုပ်
ပဲခူး ဇန်နဝါရီ ၁၇ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းဝေးခန်းမ၌ ယမန်နေ့ မွ…
ပဲခူးမြို့ ရွှေမော်ဓောစေတီတော်ကြီးတွင် (ပဉ္စမအကြိမ်)မြောက် ဆေးပဌာန်းရွတ်ဖတ်ပူဇော်လှူဒါန်းပွဲ ဖွင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်
ပဲခူး ဇန်နဝါရီ ၁၆ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် (ပဥ္စမအကြိမ်)မြောက် ဆ…
ပဲခူးတိုင်းဒေသကြီးအတွင်း ဆက်လက်ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃) အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်
ပဲခူး ဇန်နဝါရီ ၁၅ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ဇန်နဝါရီလ…
နောက်ဆုံးရသတင်းများ
ပဲခူးမြို့တွင် အခြေခံပညာကာယပညာနှင့် အားကစားနည်းပြမွမ်းမံသင်တန်း ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် တက်ရောက်ဖွင့်လှစ်
ပဲခူး မေ ၁၇ =============== ပဲခူးမြို့၊ ဥဿာမြို့သစ်၊ ဆည်မြောင်းလမ်းရှိ အမှတ်(၅)အခြေခံပညာ အထက်တန်းကျောင်း၊ အားကစားခန်းမ၌ မေလ(၁၇)ရက်နေ့ နံနက်ပိုင်းအချိန်က တိုင်းဒေသကြီးပညာရေးညွှန်ကြားရေးမှူးရုံးမှ ဖွင့်လှစ်သည့် အခြေခံပညာကာယ ပညာနှင့် အားကစားနည်းပြမွမ်းမံသင်တန်း ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ခေတ်မီဖွံဖြိုး တိုးတက်တဲ့ နိုင်ငံတော်ကြီး တည်ဆောက်ရာတွင် ထူးချွန်ထက်မြက်တဲ့ လူစွမ်းအားအရင်းအမြစ်များရရှိဖို့အတွက် အသိပညာ အတတ်ပညာများ တတ်မြောက်ကျွမ်းကျင်ဖို့လိုသလို ကျန်းမာကြံ့ခိုင်သန်စွမ်းဖို့လည်း လိုအပ်သဖြင့် ကျောင်းသင် ဘာသာရပ်များတွင် ကာယပညာဘာသာရပ်ကို ထည့်သွင်းသင်ကြား ပေးနေရခြင်းဖြစ်ကြောင်း၊ ဆရာ/ ဆရာမများ အနေဖြင့် ကာယပညာဘာသာရပ်များ ပြန်လည်သင်ကြားပေးရာတွင် နည်းစနစ်ကျနစွာ သင်ကြားပေးနိုင်ဖို့ လိုအပ်ကြောင်း၊ကာယပညာဘာသာရပ်သည် ဘဝတစ်သက်တာအတွက် ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးတို့ကို များစွာအကျိုးပြုနိုင်မည် ဖြစ်သည့်အပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လူမှုရေးဦးတည်ချက် …
Read More »ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ(၂/၂၀၂၂) လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်
ပဲခူး မေ ၁၆ ====================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ မေလ(၁၆)ရက်နေ့၊ မွန်းလွဲပိုင်းက တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်း ကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေး အမှတ်စဉ် (၂/၂၀၂၂)အား ကျင်းပပြုလုပ် သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ခရီးသွားလုပ်ငန်းသည် ဒေသတွင်းစီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန်၊ လူမှုဘဝများ မြင့်မားစေရေန်နှင့် သဘာဝပတ်ဝန်းကျင်၊ ယဉ်ကျေးမှုအမွေ အနှစ်များ ထိန်းသိမ်း စောင့်ရှောက်မှုတို့အတွက် များစွာအကျိုးဖြစ်ထွန်းစေသော လုပ်ငန်းရပ်တစ်ခုဖြစ် ကြောင်း၊ ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုလျော့ပါးလာခြင်းနှင့်အတူ ပြည်တွင်း ခရီးသွားလုပ်ငန်းများ ပြန်လည်စတင်လည်ပတ်လျက်ရှိပြီး နိုင်ငံတကာလေကြောင်းခရီးစဉ်နှင့် စီးပွားရေးဆိုင်ရာ လေကြောင်း လိုင်းများမှ နိုင်ငံတကာခရီးသည်များ စတင်ဝင်ရောက်လာပြီဖြစ်၍ ဝန်ဆောင်မှုပေးနေသော စားသောက်ဆိုင်များ၊ တည်ခိုရိပ်သာများ၊ ဟိုတယ်များမှ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး အစီအမံများနှင့်အတူ ခရီးသွားဧည့်သည်များ စနစ်တကျ လက်ခံနိုင်ရေး ကြိုတင်ပြင်ဆင်ထားရမည်ဖြစ်ကြောင်း၊ မိမိတို့ တိုင်းဒေသကြီး …
Read More »တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးမြို့၌ ဖွင့်လှစ်လျက်ရှိသော ပညာရေးနှင့် ကျန်းမာရေး အထောက်အကူပြု မွမ်းမံသင်တန်းများသို့ သွားရောက်ထောက်ပံ့
ပဲခူး မေ ၁၆ =================== တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် မေလ(၁၆)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့၌ ဖွင့်လှစ်လျက်ရှိသော ပညာရေးနှင့် ကျန်းမာရေး အထောက်အကူပြု မွမ်းမံသင်တန်းများသို့ သွားရောက် ထောက်ပံ့ခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်း၊ ဝိုင်အမ်ဘီအေခန်းမသို့ ရောက်ခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က နိုင်ငံတော်မှ ပညာရေးစနစ်သစ်ကို ဆက်လက်အကောင်အထည့်ဖော် ဆောင်ရွက်လျက်ရှိရာ ဆရာ/ဆရာမများသည် အဓိကကျသည့် အခန်းကဏ္ဍတွင် ပါဝင်လျက်ရှိကြောင်း၊ စာသင်ခန်း တစ်ခုအတွင်း တိုင်းပြည်၏ အနာဂတ်များ၊ မိဘများ၏ မျှော်မှန်းချက်များ၊ ကျောင်းသား/သူများ၏ ရည်မှန်းချက်များရှိသည်ကို ဆရာ/ဆရာများအနေဖြင့် သတိချပ်စေလိုကြောင်း၊ မိမိတို့ကျောင်းသား/ သူများကို ပြန်လည်သင်ကြားရာတွင် သင်တန်းမှပို့ချခဲ့သည့်အတိုင်း ပြည့်ပြည့်ဝဝ ပြန်လည်ပို့ချ သင်ကြားပေးရန်လိုကြောင်းနှင့် ကျောင်းသား/ သူများကို သင်ကြားပေးရာတွင်လည်း စာတတ်ရုံသက်သက်မဟုတ်ဘဲ မိဘ၊ ဆရာသမားများ၊ လူကြီးသူမများကို ရိုသေလေးစားတတ်အောင် …
Read More »ပဲခူးမြို့ ဆုတောင်းပြည့်ရွှေမော်ဓောစေတီတော်မြတ်ကြီးတွင် ကဆုန်လပြည့်ဗုဒ္ဓနေ့၌ (၇၁)ကြိမ်မြောက် ကဆုန်ညောင်ရေ သွန်းလောင်းလှူပူဇော်ပွဲ ကျင်းပပြုလုပ်
ပဲခူး မေ ၁၄ ============= ပဲခူးမြို့ ဆုတောင်းပြည့် ရွှေမော်ဓောတီတော်မြတ်ကြီးရင်ပြင် အင်္ဂါထောင့်ရှိ မဟာဗောဓိညောင်ပင် တွင် မေလ(၁၄)ရက်၊ ကဆုန်လပြည့်ဗုဒ္ဓနေ့ နံနက်ပိုင်းအချိန်က (၇၁)ကြိမ်မြောက် ကဆုန်ညောင်ရေသွန်း လောင်းလှူပူဇော်ပွဲ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် တက်ရောက် ညောင်ရေ သွန်းလောင်း ပူဇော်ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တရားလွှတ်တော် တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ ဂေါပကအဖွဲ့ဝင်များ၊ ဝတ်ရွတ် အသင်းအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့ များနှင့် ဘုရားဖူးလာပြည်သူများက ဆုတောင်းပြည့်ရွှေမော်ဓော စေတီတော်မြတ်ကြီးအား လက်ယာရစ် လှည့်လည် ပူဇော်ခဲ့ကြသည်။ ဆက်လက်၍ ဆုတောင်းပြည့်ရွှေမော်ဓောစေတီတော်မြတ်ကြီးတွင် ကဆုန်လပြည့်ဗုဒ္ဓနေ့ ကဆုန်ညောင်ရေသွန်းလောင်း ပူဇော်ပွဲကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တရားလွှတ်တော် တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ ဂေါပကအဖွဲ့ဝင်များ၊ ဝတ်ရွတ်အသင်းအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ယောဂီများနှင့် ဘုရားဖူးလာ …
Read More »
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website