နေ့စဉ်သတင်းများ

နောက်ဆုံးရသတင်းများ

ဝန်ကြီးချုပ် ပဲခူး-သနပ်ပင်လမ်း (ပဲခူးမြို့တွင်းပိုင်း) AC ကွန်ကရစ်ကတ္တရာခင်းနေမှုအား ကြည့်ရှုစစ်ဆေး

FI

ဒီဇင်ဘာ ၂၀(ပဲခူး) ================================== ဒီဇင်ဘာလ(၂၀)ရက်နေ့ ညနေ(၄)နာရီအချိန်က ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ပဲခူး-သနပ်ပင်-ခရမ်း-သံလျင်လမ်း (ပဲခူးမြို့တွင်းပိုင်း) ACကွန်ကရစ်ကတ္တရာ ခင်းနေမှုအား ကြည့်ရှုစစ်ဆေးသည်။ ပဲခူးတိုင်းဒေသကြီး လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ) ဦးဇော်ထွန်းမှ လုပ်ငန်းဆောင်ရွက်မှုနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြီး ဝန်ကြီးချုပ်မှ ပဲခူးမြို့၊ သနပ်ပင်လမ်းမကြီးအား အခြားမြို့များအနေဖြင့် စံနမူနာပြ ဖြစ်စေရန်၊ လမ်းအင်္ဂါရပ်နှင့် ညီညွတ်ရန်၊ ရေနုတ်မြောင်း၊ လူသွားလမ်း ပလပ်ဖောင်များ စနစ်တကျဖြစ်စေရန်၊ လမ်းဘေးရှိ ဆိုင်ကယ်အရောင်းဆိုင်ခန်းများအား ကလိအထွက်(သို့မဟုတ်) ကမာနတ်အထွက်တွင် ဆိုင်ကယ် အရောင်းဆိုင်တန်းအတွက် မြေနေရာ ကြိုတင်စီစဉ်ထားရန်၊ “ဘာကြောင့်ရပ်ရပ် လမ်းဘေးချရပ်” ဆိုသည့်အတိုင်း လမ်းဘေးကာရပ်ရန်နေရာ Bus Stop များထားရှိရန်၊ ပဲခူးမြို့အား မြို့အင်္ဂါရပ်နှင့်အညီ ရရှိသည့်ဘဏ္ဍာငွေအပေါ်မူတည်၍ အကောင်းဆုံး ဖြည်းဆည်းဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်းနှင့် လမ်းဘေးကျုံးများအား ပြန်လည်တူးဖော်၍ အများပြည်သူများ စိတ်လက်အပန်းဖြေသည့် မြေနေရာများ ဖော်ဆောင်ပေးရန်၊ …

Read More »

ပဲခူးတိုင်းဒေသကြီးအတွင်း ကုန်စည်စီးဆင်းမှု မြန်ဆန်ချောမွေ့နိုင်ရေး တွေ့ဆုံဆွေးနွေး

FI

ဒီဇင်ဘာ ၂၀ (ပဲခူး) ==================================        ဒီဇင်ဘာလ(၂၀)ရက်နေ့ မွန်းလွဲ(၁၃:၃၀)အချိန်က ပဲခူးတိုင်းဒေသကြီးအတွင်း ကုန်စည် စီးဆင်းမှု မြန်ဆန်ချောမွေ့နိုင်စေရန် စီမံကိန်းများရေးဆွဲနိုင်ရေး Injynn Development Co., Ltd မှ မန်နေးဂျင်းဒါရိုက်တာ ဦးစိုးမင်းအောင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့မှ လာရောက်တွေ့ဆုံ သည်။           ရှေးဦးစွာ ဦးစိုးမင်းအောင်က မိမိတို့ကုမ္ပဏီနှင့် မိတ်ဖက်ကုမ္ပဏီများဖြစ်သော ကိုရီးယား နိုင်ငံအခြေစိုက် Daewoo E&C Co., Ltd , Seondo Electric Co., Ltd, KECC(Korea Engineering Consultants Co., Ltd တို့ပူးပေါင်းပြီး ပဲခူးတိုင်းဒေသကြီးအတွင်း ကုန်းတွင်း ဆိပ်ကမ်း (Dry Port) တစ်ခုထူထောင်ရန်၊ ဟံသာဝတီလေဆိပ်နှင့် လက်ရှိပဲခူးဘူတာအကြား ရထားလမ်းစနစ်တစ်ခု တည်ဆောက်ရန်နှင့် နေရောင်ခြည်ဓာတ်အားထုတ်လုပ်ရေး (Solar Power Genration) တို့ …

Read More »

သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ်များ ဆင့်ပွားသင်တန်း(၁/၂၀၁၇)ဖွင့်ပွဲ ကျင်းပပြုလုပ်

FI

ဒီဇင်ဘာ ၂၀ (ပဲခူး) ==================================        ဒီဇင်ဘာလ(၂၀)ရက်နေ့ နံနက်(၉)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှူးရုံး သင်တန်းခန်းမ၌ သဘာဝဘေးလျော့ပါးရေး စေတနာ့ ဝန်ထမ်းလူငယ်များ ဆင့်ပွားသင်တန်း(၁/၂၀၁၇)ဖွင့်ပွဲ ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်းက အမှာစကားပြောကြားရာတွင် ပဲခူး တိုင်းဒေသကြီးသည် ပြည်နယ်နှင့် တိုင်းဒေသကြီးများထဲတွင် ဘေးဖြစ်ပွားမှုများသည့် တိုင်းဒေသကြီး တစ်ခုဖြစ်ကြောင်း၊ ရေဘေး၊ လေဘေး၊ မီးဘေး၊ မိုးကြိုးဘေး၊ ကမ်းပြိုဘေးတို့ကို နှစ်စဉ်ကြုံတွေ့ နေရကြောင်း၊ သဘာဝဘေးအန္တရာယ်ကို မတားဆီးနိုင်သော်လည်း ဖြစ်လာရင် ထိခိုက်ပျက်စီးဆုံးရှုံးမှုများ လျော့နည်းအောင်၊ လူအသေအပျောက်နည်းအောင်၊ အိုးအိမ် အဆောက်အအုံနှင့် လူမှုစီးပွားရေး လုပ်ငန်းများ အပျက်အစီးနည်းပါးအောင် ဆောင်ရွက်သည့် တစ်ခုတည်းသော နည်းလမ်းသည် ကြိုတင်ပြင်ဆင်မှုပဲဖြစ်ကြောင်း၊ ယခုသဘာဝဘေးအန္တရာယ်လျော့ပါးရေး စေတနာ့ဝန်ထမ်း လူငယ်ဆင့်ပွားသင်တန်း ဖွင့်လှစ်ခြင်းသည် ကြိုတင်ပြင်ဆင်မှု လုပ်ငန်းစဉ်တစ်ခု ဖြစ်ကြောင်း၊ အသိပညာပေးသင်တန်းများ ဖွင့်လှစ်ခြင်း၊ ဟောပြောပွဲများ ဖွင့်လှစ်ခြင်း၊ …

Read More »

တရားမဝင်သစ်ဖမ်းဆီးရမိမှု

FI

ဒီဇင်ဘာ ၁၉ (ပဲခူး) ==========================           ပဲခူးတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနမှ ၁၅.၁၂.၂၀၁၇ ရက်နေ့ မှ ၁၈.၁၂.၂၀၁၇ ရက် နေ့အတွင်း တရားမဝင်သစ်ဖမ်းဆီးမှုဆောင်ရွက်ခဲ့ရာ တောင်ငူခရိုင် တောင်ငူမြို့နယ်၊ ရေတာရှည် မြို့နယ်၊ အုတ်တွင်းမြို့နယ်နှင့် ဖြူးမြို့နယ်၊ ပဲခူးခရိုင် ကျောက်တံခါးမြို့နယ်တို့၌ တရားမဝင်သစ် ဆောင်ရွက်နေမှု (၅)မှု တွေ့ရှိခဲ့ပြီး  စုစုပေါင်း ကျွန်း (၆.၉၅၃၆ တန်)၊ သစ်မာ (၄.၈၀၀၄ တန်)၊ အခြားသား (၄.၄၁၀၈ တန်)နှင့် ဆက်စပ်ပစ္စည်းများအဖြစ် ချိန်းဆော (၂) လက်၊ တရုတ်အင်ဂျင် (၁) လုံးနှင့် ဆိုင်ကယ် (၅) စီး ဖမ်းဆီးရမိခဲ့ပါသည်။ ဖမ်းဆီးရမိမှုများနှင့် ပတ်သက်၍ တရား ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

Read More »

အမှိုက်မှ လယ်ယာသုံးစက်ကိရိယာအတွက် ဒီဇယ်ဆီထုတ်ယူမည့်စက်ရုံ တည်ဆောက်နိုင်ရန် ဆွေးနွေး

FI

ဒီဇင်ဘာ ၁၉ (ပဲခူး) ==================================        ဒီဇင်ဘာလ(၁၉)ရက်နေ့ နံနက်(၁၁:၃၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ဝန်ကြီးချုပ်ရုံးခန်း၌ ဂျပန်နိုင်ငံအခြေစိုက်  Garbage Collection Co., မှ Mr. Hosono ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့မှ လာရောက်တွေ့ဆုံသည်။           ရှေးဦးစွာ Mr. Hosono က ပဲခူးတိုင်းဒေသကြီးအတွင်း၌ အမှိုက်မှ လယ်ယာသုံး စက်ကိရိယာများအတွက် ဒီဇယ်ဆီပြန်လည်ထုတ်ယူနိုင်မည့် စက်ရုံတည်ဆောက်နိုင်ရန် လာရောက် တွေ့ဆုံဆွေးနွေးရခြင်းဖြစ်ပါကြောင်း၊ စက်ပစ္စည်းများအား ဂျပန်နိုင်ငံအစိုးရမှ ODA နှစ်ရှည် ချေးငွေဖြင့် ရောင်းချပေးမည်ဖြစ်ပြီး မိမိတို့ကုမ္ပဏီမှ နည်းပညာများ ပံ့ပိုးကူညီ ဆောင်ရွက်ပေးသွား မည်ဖြစ်ပါကြောင်း တင်ပြဆွေးနွေးခဲ့သည်။          ထို့နောက် ဝန်ကြီးချုပ်က အနာဂတ်တွင် ဖွံ့ဖြိုးတိုးတက်လာသည့် စက်ရုံ/အလုပ်ရုံများ၊ လူဦးရေများနှင့် မြို့ပြများမှ ထွက်ရှိလာမည့် အမှိုက်များအား သဘာဝပတ်ဝန်းကျင် ထိခိုက်မှု မရှိစေဘဲ ဖျက်ဆီးရန် ကြိုတင်စီမံဆောင်ရွက်နေဆဲဖြစ်ကြောင်း၊ သန့်ရှင်းလှပသည့် …

Read More »