ပြည် မတ် ၂၉ ============ ပြည်မြို့၊ ဝင်္ဂဘာတောရစာသင်တိုက်၌ နဝမအကြိမ်မြောက် စူဠဘွဲ့နှင်းသဘင် အခမ်းအနားအား မတ်လ(၂၈)ရက်နေ့၊ မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ ဒေသကွပ်ကဲမှု စစ်ဌာနချုပ်(ပြည်) ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် အောင်နိုင်ဦး၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများမှ တက်ရောက်ကြည်ညို ခဲ့သည်။ ရှေးဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားအား ဖွင့်လှစ်ပေးခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် အမှူးပြုသော ဧည့်ပရိသတ်များက ပြည်မြို့ ဝင်္ဂဘာတောရ စာသင်တိုက် ဦးစီးပဓာနနာယက “မဟာသဒ္ဓမ္မဇောတိကဓဇ” ဘဒ္ဒန္တသြဘာသ အရှင်သူမြတ်ထံ မှ ငါးပါးသီလ ခံယူ ဆောက်တည်ခဲ့ကြပြီး ပြည်မြို့၊ ဇောတိကာရုံ ပါဠိတက္ကသိုလ် တိုက်ကြပ်နာယက “အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ”ဘဒ္ဒန္တသုမင်္ဂလက အဖွင့်သြဝါဒကထာ မြွက်ကြား ခဲ့သည်။ ထို့နောက် …
Read More »ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တောင်ငူခရိုင်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဒေသဖွံ့ဖြိုး ရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး
တောင်ငူ မတ် ၂၄ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ယမန်နေ့ နံနက်…
ပဲခူးတိုင်းဒေသကြီး အုတ်တွင်းတပ်နယ်ရှိ နယ်မြေခံသင်တန်းကျောင်း၌ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် ( ၂၃/၂၀၂၆) သင်တန်းဖွင့်ပွဲကျင်းပ
အုတ်တွင်း မတ် ၂၃ နိုင်ငံသားတိုင်းသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှ…
တိုင်းဒေသကြီး ဂုဏ်ထူးဆောင်လက်မှတ်များ၊ ဂုဏ်ထူးဆောင်ဆုပစ္စည်းများ ဂုဏ်ပြုချီးမြှင့်အပ်နှင်းပွဲ အခမ်းအနား ကျင်းပပြုလုပ်
ပဲခူး မတ် ၁၇ ပဲခူးမြို့၊ မြို့တော်ခန်းမ၌ မတ်လ(၁၇)ရက်နေ့၊ နံနက်ပိုင်းက ဂုဏ်ထူးဆောင်လက်မှတ်မ…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော်မိတ်ဆက် အခမ်းအနားသို့ တက်ရောက်
ပဲခူး မတ် ၁၆ တတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော်မိတ်ဆက် အခမ်းအနားအား တိုင်းဒေသကြီး လွှတ…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးမြို့တော် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်နေ သည့် တည်ဆောက်ရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှု စစ်ဆေး
ပဲခူး မတ် ၁၄ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝ…
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူး၍ ၂၀၂၅ခုနှစ်၊ စာအောင်ဆုဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပ
ပဲခူး မတ် ၁၃ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပပြုလုပ်သည့် ၂၀၂၅ ခုနှစ်၊ ဓမ္မာစ…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ (တတိယနေ့) သင်္ချာဘာသာရပ် စိတ်အေးချမ်းသာစွာ စာမေးပွဲဖြေဆိုနေမှုအား သွားရောက်ကြည့်ရှုအားပေး
ပဲခူး မတ် ၁၃ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများန…
ပဲခူးမြို့၊ ရွှေသာလျောင်းဘုရားဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၌ အသစ်တည်ထားတော်မူသော ပါဒစေတီတော်မြတ် ကြီး ဖွင့်လှစ်ပူဇော်ခြင်း မင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်
ပဲခူး မတ် ၁၁ ပဲခူးမြို့၊ ရွှေသာလျောင်းဘုရားဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ရင်ပြင်တော်ပေါ်၌ မတ်လ…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ စိတ်အေးချမ်းသာစွာ စာမေးပွဲဖြေဆိုနေမှုအား သွားရောက်ကြည့်ရှုအားပေး
ပဲခူး မတ် ၁၁ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများန…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း နွေရာသီအခြေခံအားကစားသင်တန်းများ ဖွင့်ပွဲသို့တက်ရောက် ဖွင့်လှစ်
ပဲခူး မတ် ၉ ပဲခူးမြို့၊ ရွှေမော်ဓောဘုရားလမ်းရှိ တိုင်းဒေသကြီးမိုးလုံလေလုံအားကစားခန်းမ၌ မတ်လ…
နောက်ဆုံးရသတင်းများ
ပြည်ခရိုင်အတွင်း (၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ်အဖြစ် ဥပဒေရုံးသစ် ဖွင့်ပွဲအခမ်း အနားနှင့် ကျေးလက်မီးလင်းရေးအခမ်းအနားဖွင့်ပွဲများသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် တက်ရောက်ဖွင့်လှစ်
ပေါက်ခေါင်း မတ် ၂၈ ================= ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် မတ်လ(၂၇)ရက်နေ့ နံနက်ပိုင်းအချိန်က ပြည်ခရိုင်အတွင်း (၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ်အဖြစ် ဥပဒေရုံးသစ် ဖွင့်ပွဲအခမ်း အနားနှင့် ကျေးလက်မီးလင်းရေး ဖွင့်ပွဲအခမ်းအနားများသို့ တက်ရောက်ခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ပေါက်ခေါင်းမြို့သို့ ရောက်ရှိခဲ့ပြီး ပေါက်ခေါင်းမြို့နယ် ဥပဒေရုံးသစ် ဖွင့်ပွဲအခမ်း အနား၌ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ ဥပဒေရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစန်းလွင်တို့က အမှာစကားပြောကြားကြပြီး တိုင်းဒေသကြီး ဥပဒေအရာရှိ ဦးခင်မောင်လွင်မှ ကျေးဇူးတင်စကားပြောကြားခဲ့သည်။ ၎င်းနောက် ပေါက်ခေါင်းမြို့နယ် ဥပဒေရုံး အဆောက်အဦသစ်အား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ ဥပဒေရေးရာ ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးစန်းလွင်နှင့် တိုင်းဒေသကြီး ဥပဒေချုပ် ဦးခင်မောင်တင့်တို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး မြို့နယ် ဥပဒေရုံးဆိုင်းဘုတ်အား အမွှေနံ့သာရည်များပက်ဖြန်းကာ ဥပဒေရုံး အဆောက်အဦသစ်အား လှည့်လည်ကြည့်ရှုကြသည်။ အဆိုပါပေါက်ခေါင်းမြို့နယ်ဥပဒေရုံးအဆောက်အဦသစ်သည် …
Read More »ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် သာယာဝတီခရိုင်အတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ အရှိန်မဟုန်မပြတ် ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်
သာယာဝတီ မတ် ၂၅ =================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ အစိုးရအဖွဲ့ရုံး တာဝန်ရှိသူများ၊ တိုင်းဒေသကြီး/ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ လိုက်ပါလျက် မတ်လ(၂၅)ရက်နေ့ နံနက်ပိုင်းက သာယာဝတီခရိုင်အတွင်း စိုက်ပျိုးရေး နှင့်မွေးမြူရေးလုပ်ငန်းများ အရှိန်မဟုန်မပြတ် ဖွံ့ဖြိုးတိုးတက်စေ ရေး ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သာယာဝတီမြို့နယ်၊ ကျွဲသတ်ကျေးရွာ အုပ်စု၊ တောင်သူဦးမျိုးမြင့်၏ ဆီထွက်သီးနှံ ဆင်းရွှေကြာ(၂) နေကြာမျိုးစိုက်ခင်း ရိတ်သိမ်းနေမှုအား ကြည့်ရှု အားပေးခဲ့ပြီး ဓါတ်မြေသြဇာ (၅)အိတ် ထောက်ပံ့ပေးအပ်ခဲ့ပြီးနောက် သဲဖြူကျေးရွာ၊ တောင်သူ ဒေါ်အေးစန်း၏ (GW-11) နွေစပါးမျိုးစေ့ထုတ်စိုက်ခင်း အောင်မြင်ဖြစ်ထွန်းနေမှုအား သွားရောက် ခဲ့ကြည့်စစ်ဆေးခဲ့ရာ ဒေသနှင့်ကိုက်ညီပြီး မျိုးကောင်းမျိုးသန့်ရရှိစေရေး တာဝန်ရှိသူများအား လမ်းညွှန် မှာကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် …
Read More »ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ပရဟိတလူမှုကူညီရေးအသင်းများ၊ စေတနာ့ဝန်ထမ်းများအား ဂုဏ်ပြု မှတ်တမ်းပေးအပ်ခြင်း အခမ်းအနားကျင်းပပြုလုပ်
ပဲခူး မတ် ၂၄ ================ ပဲခူးမြို့၊ မြို့တော်ခန်းမတွင် မတ်လ(၂၄)ရက်နေ့ နံနက်ပိုင်းအချိန်က ပဲခူးတိုင်း ဒေသကြီးအတွင်းရှိ ပရဟိတလူမှုကူညီရေးအသင်းများ၊ စေတနာ့ဝန်ထမ်း များအား ဂုဏ်ပြုမှတ်တမ်းပေးအပ်ခြင်း အခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မြန်မာနိုင်ငံအနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါကို ၂၀၂၀ ပြည့်နှစ်၊ မတ်လမှာ ပထမလှိုင်း၊ ဩဂုတ်လအတွင်းမှာ ဒုတိယလှိုင်းနှင့် ၂၀၂၁ခုနှစ်၊ ဇူလိုင်လမှာ တတိယလှိုင်း၊ ဒီဇင်ဘာလမှာ စတုတ္ထလိုင်းများကို ရင်ဆိုင်ဖြတ်သန်းခဲ့ပြီးဖြစ်ကြောင်း၊ ကိုဗစ်-၁၉ရောဂါရဲ့ အကျိုးဆက်အနေဖြင့် ပြည်သူများ စီးပွားရေး၊ လူမှုရေးနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုး တက်ရေးတွေမှာ များစွာနှောင့်နှေးခဲ့ရကြောင်း၊ ကိုဗစ်နှင့်အတူယှဉ်တွဲနေထိုင်ရေးကို လေ့ကျင့်သလို တစ်ဘက်ကလည်း ကူးစက်မှုလျော့နည်းလာချိန်မှာ ဒေသဖွံ့ဖြိုးရေး၊ စီးပွားရေးလုပ်ငန်းများ ပြန်လည် ထူထောင်ခြင်းများကို ပိုမိုအားထည့်လုပ်ဆောင်ရမှာဖြစ်ကြောင်း၊ ပထမလှိုင်းကနေ စတုတ္ထလှိုင်းထိ အောင်မြင်စွာ ရင်ဆိုင်ကျော်ဖြတ်နိုင်ခဲ့ရာ အစိုးရနှင့်ပြည်သူ လက်တွဲညီစွာ ဆောင်ရွက်ရေးနှင့် စေတနာ့ဝန်ထမ်းများ၏ …
Read More »တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သနပ်ပင်မြို့နယ်နှင့် ကဝမြို့နယ်တို့အား မြို့ပြအင်္ဂါရပ်နှင့် အညီဖြစ်စေရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး
သနပ်ပင် မတ် ၂၄ =================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ နှင့်အတူ မတ်လ(၂၃)ရက်နေ့၊ မွန်းလွဲ ပိုင်းက သနပ်ပင်မြို့နယ်နှင့် ကဝမြို့နယ် တို့အား မြို့ပြအင်္ဂါရပ်နှင့် အညီဖြစ်စေရေး ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သနပ်ပင်မြို့၊ မြို့တွင်းလမ်းဘေး(ဝဲ/ယာ) ရေနုတ်မြောင်းနှင့် Box Culvert ပြုလုပ်နေမှုအား ကွင်းဆင်းကြည့်ရှုခဲ့ပြီး သတ်မှတ်စံချိန်စံညွန်းနှင့်အညီ အချိန်မီပြီးစီးရေး လမ်းညွှန်မှာ ကြားခဲ့ပြီးနောက် အခြေခံပညာအထက်တန်းကျောင်း(သနပ်ပင်)သို့ သွားရောက်ခဲ့ပြီး အခြေခံပညာအလယ်တန်းနှင့်အထက်တန်း စာမေးပွဲဖြေဆို နေမှုအား ကြည့်ရှုခဲ့ကာ ကျောင်းတွင်းမြေဖို့ရန်၊ ရေနုတ်မြောင်းတူးဖော်ပေးရန်၊ စက်ဘီးရပ်နားရန် နေရာများပြုလုပ်ပေးရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ပြီး ဆရာ/ဆရာမများအတွက် ထောက်ပံ့ငွေကျပ်(၅)သိန်းကို ကျောင်းအုပ်ဆရာမကြီးအား ပေးအပ်ခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူး-သနပ်ပင်-ခရမ်း-သံလျင် လမ်းပေါ်ရှိ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ရန်ပုံငွေဖြင့် …
Read More »
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website