ပဲခူး ဒီဇင်ဘာ ၁၀ ========== (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဒီဇင်ဘာလ(၁၀)ရက်နေ့ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှဦးဆောင်၍ အမျိုးသား/အမျိုးသမီး မီနီမာရသွန်ပြိုင်ပွဲအား စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါ အမျိုးသား/အမျိုးသမီး မီနီမာရသွန်ပြိုင်ပွဲတွင် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၂၈)မြို့နယ် မှ အမျိုးသား အားကစားသမား(၉၁၅)ဦး၊ အမျိုးသမီး အားကစားသမား(၃၁၂)ဦး၊ စုစုပေါင်း (၁၂၂၇)ဦး ပါဝင်ယှဉ်ပြိုင်ကြပြီး အမျိုးသားမီနီမာရသွန်ပြိုင်ပွဲအား ပဲခူးမြို့အဝင်(တိုးဂိတ်)မှ ရွှေမော်ဓောဘုရားလမ်း၊ တိုင်းဒေသကြီးအားကစားကွင်းအရှေ့အထိလည်းကောင်း၊ အမျိုးသမီး မီနီမာရသွန်ပြိုင်ပွဲအား ပဲခူးတက္ကသိုလ် အနီး၊ မြို့ရှောင်လမ်း၊ ဘုရင့်နောင်ရုပ်ထုရှေ့မှ ရွှေမော်ဓောဘုရားလမ်း၊ တိုင်းဒေသကြီး အားကစားကွင်း အရှေ့အထိလည်းကောင်း ယှဉ်ပြိုင်ပြေးကြရာ တိုင်းဒေသကြီး ဥပဒေချုပ်မှ ခရာမှုတ်၍ စတင်တာလွှတ် ပေးခဲ့သည်။ မီနီမာရသွန်ပြိုင်ပွဲဝင်ကြသည့် အားကစားသမားများအား ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်း၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး/ …
Read More »ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပပြုလုပ်သည့် လယ်ယာသုံးစက်ကိရိယာနှင့် ဒေသထွက်ကုန် MSMEs ဈေးရောင်းပွဲတော် ကျင်းပပြုလုပ်
ပဲခူး အောက်တိုဘာ ၂၆ ပဲခူးမြို့၊ ရှေးဟောင်းသမိုင်းဝင် ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ ယာဉ်ရပ်န…
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ပဲခူးမြို့၌ တတိယအကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု သီတင်းကျွတ်မီးမျှောပူဇော်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်
ပဲခူး အောက်တိုဘာ ၂၆ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှဦးဆောင်၍ တတိယအကြိမ် မြန်မာ့ရိုးရာယဉ်ကျေ…
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူး၍ ပဲခူးမြို့၌ သီတင်းကျွတ်မီးထွန်းပွဲတော်နှင့် စတုဒီသာကျွေးမွေး လှူဒါန်းခြင်း အခမ်းအနား ကျင်းပပြုလုပ်
ပဲခူး အောက်တိုဘာ ၂၆ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူး၍ ပဲခူးမြို့၌ သီတင်းကျွတ်မီးထွန…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးမြို့နယ်ရှိ မိုးယွန်းကြီးအင်းအတွင်းသို့ တိုင်းရင်းငါးမျိုး များ စိုက်ထည့်ပေး
ပဲခူး အောက်တိုဘာ ၂၅ စားရေရိက္ခာဖူလုံရေးနှင့် ငါးသယံဇာတ စဉ်ဆက်မပြတ်ပေါများစေရန် ရည်ရွယ်၍ သဘ…
အောင်ပွဲရ ပဲခူးတိုင်းဒေသကြီးလက်ဝှေ့အသင်းအား ဂုဏ်ပြုချီးမြှင့်ပွဲ ကျင်းပပြုလုပ်
ပဲခူး အောက်တိုဘာ ၂၄ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ အောက်တိ…
ပဲခူးမြို့၌ ၂ဝ၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် လက်ဝှေ့ပြိုင်ပွဲ ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ
ပဲခူး အောက်တိုဘာ ၂၄ ပဲခူးမြို့၊ ဥဿာမြို့သစ်ရှိ တိုင်းဒေသကြီးအားကစားဥယျာဉ် မိုးလုံလေလုံအားကစား…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်
ပဲခူး အောက်တိုဘာ ၂၄ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ နံနက်ပို…
ရဲတပ်ဖွဲ့ဝင် မိသားစုများ အလုပ်အကိုင်အခွင့်အလမ်းများ ဖြစ်ထွန်းပေါ်ပေါက်စေရေး စက်ချုပ်နည်းပညာ သင်တန်းဆင်းပွဲ အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်
ပဲခူး အောက်တိုဘာ ၂၃ ပဲခူးမြို့၊ လူငယ်စင်တာခန်းမ၌ အောက်တိုဘာလ ၂၃ ရက်နေ့၊ နံနက်ပိုင်းက ရဲတပ်…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးတိုင်း(အနောက်ခြမ်း)၌ စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်စွမ်းအား တိုးတက်မြင့်မားစေရေး ကွင်းဆင်းဆောင်ရွက်ပေး
သာယာဝတီ အောက်တိုဘာ ၂၃ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် …
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သာယာဝတီခရိုင်အတွင်း စိုက်ပျိုးရေးနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး
ပဲခူး အောက်တိုဘာ ၂၂ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန…
နောက်ဆုံးရသတင်းများ
ပဲခူးမြို့(၃၆)ကြိမ်မြောက် သာသနာလင်္ကာရအကျော် စာမေးပွဲဖြေကြသည့် သံဃာတော်များနှင့် သီလရှင်များ အား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ နေ့ဆွမ်းဆက်ကပ်လှူဒါန်း
ပဲခူး ဒီဇင်ဘာ ၉ ========== ပဲခူးမြို့၊ ပရိယတ္တိသဒ္ဓမ္မရက္ခိတအသင်းကြီးမှကြီးမှူး၍ (၃၆)ကြိမ်မြောက် သာသနာလင်္ကာရအကျော် စာမေးပွဲကြီးကို ဒီဇင်ဘာလ(၇)ရက်နေ့မှ (၉)ရက်နေ့အထိ ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မဗိမာန်၊ ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ ရင်ပြင်တော်ပေါ်ရှိ ကျောက်ပန်းတောင်းဓမ္မာရုံနှင့် မြင်းကျားဓမ္မာရုံ တို့တွင် ကျင်းပပြုလုပ်လျှက်ရှိသည်။ အဆိုပါ (၃၆)ကြိမ်မြောက် သာသနာလင်္ကာရအကျော် စာမေးပွဲကြီးအား ကြီးကြပ်လျက်ရှိသည့် စာမေးပွဲကြီးကြပ်ဆရာတော်ကြီးများ၊ စာဖြေသံဃာများနှင့် သီလရှင်များအား ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မဗိမာန် တော်ကြီး၌ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ဝန်ကြီးများမှ ဒီဇင်ဘာလ(၉)ရက်နေ့တွင် နေ့ဆွမ်း၊ အအေးနှင့် အချိုပွဲများ ဆက်ကပ်လှူဒါန်းခဲ့ပြီး မွန်းလွဲပိုင်း၌ စာမေးပွဲ ဖြေဆိုနေသည့် စာဖြေသံဃာတော်များ၊ သီလရှင်များအား သွားရောက်ကြည်ညိုခဲ့သည်။ ပဲခူးမြို့၌ ကျင်းပပြုလုပ်သည့် (၃၆)ကြိမ်မြောက် သာသနာလင်္ကာရအကျော်စာမေးပွဲကြီးသို့ မြန်မာနိုင်ငံ အတွင်းရှိ တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးမှ စာမေးပွဲဖြေဆိုရန် ရဟန်း၊ ရှင်သာမဏေနှင့် သီလရှင် …
Read More »ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား ကလပ်ပေါင်းစုံဖိတ်ခေါ် အမျိုးသားတင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနား ကျင်းပပြုလုပ်
ပဲခူး ဒီဇင်ဘာ ၈ ============ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ကလပ်ပေါင်းစုံဖိတ်ခေါ် အမျိုးသားတင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ခြင်း အခမ်းအနားအား ဒီဇင်ဘာလ(၈)ရက်နေ့ နံနက်ပိုင်းက ပဲခူးမြို့၊ ရွှေမော်ဓော ဘုရားလမ်းရှိ ဟင်္သာတင်းနစ် အားကစားကွင်း၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ကြည့်ရှု့အားပေး ချီးမြှင့်ပေးခဲ့သည်။ ရှေးဦးစွာ အမျိုးသားအသင်းလိုက် ဗိုလ်လုပွဲစဉ်အဖြစ် ဒိုက်ဦးကလပ်(A)အသင်းနှင့် ဟင်္သာကလပ်(A) အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုအား တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်နှင့် အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ တင်းနစ်အားကစားဝါသနာရှင်များက ကြည့်ရှု့အားပေးကြသည်။ ထို့နောက် ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပပြုလုပ်ရာ အမျိုးသားအသင်းလိုက် တင်းနစ်ပြိုင်ပွဲတွင် ပူးတွဲတတိယဆုရရှိသော ဟင်္သာကလပ်(B)အသင်း၊ ဒိုက်ဦးကလပ်(B)အသင်းတို့အား တစ်ဦးချင်းဆုတံဆိပ် နှင့် ငွေသားဆု(၃)သိန်းကျပ်စီကို သယံဇာတရေးရာဝန်ကြီးနှင့် စီးပွားရေးရာဝန်ကြီးတို့မှလည်းကောင်း၊ အမျိုးသားအသင်းလိုက် တင်းနစ်ပြိုင်ပွဲတွင် …
Read More »တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးမြို့နယ်၊ ရွာသစ်ကျေးရွာသို့ အရင်းမပျောက်မတည်ငွေ မြစိမ်းရောင်ကျေးရွာစီမံကိန်းအတွက် ငွေကျပ်သိန်း(၃၀၀)ထောက်ပံ့ပေးအပ်
ပဲခူး ဒီဇင်ဘာ ၇ ====================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဒီဇင်ဘာလ(၆)ရက်နေ့၊ နံနက်ပိုင်း က ပဲခူးမြို့နယ်၊ရွာသစ်ကျေးရွာ၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဖွင့်လှစ်သည့် ငှက်ပျောပင် မှထွက်ရှိသောပစ္စည်းများဖြင့် လူသုံးကုန်ပစ္စည်းထုတ်လုပ်ခြင်း သင်တန်းဖွင့်ပွဲသို့ တက်ရောက်ချီးမြှင့်ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က မိမိတို့အစိုးရအဖွဲ့အနေဖြင့် ပြည်သူများ၏ လူမှုစီးပွားဘဝ များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး မြို့ပြနှင့်ကျေးလက်ဒေသများအကြား ဖွံ့ဖြိုးမှုကဏ္ဍကျဉ်းမြောင်းစေရေး အတွက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ လူ့စွမ်းအား အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အသိပညာရှင်၊ အတတ်ပညာရှင်များနှင့်ပူးပေါင်း၍ ပြည်သူ များ မိသားစုဝင်ငွေတိုးပွားစေရန်၊ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန် ရည်ရွယ်၍ ဒေသထွက်ကုန် များအပေါ်အခြေခံပြီး ယခုလို အသက်မွေးပညာသင်တန်းများ ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း၊ သင်တန်းသူ/ သင်တန်းသားအနေဖြင့် ဒေသထွက်ကုန်ဖြစ်သော ငှက်ပျောပင်မှ ထွက်ရှိလာသည့် ကုန်ကြမ်းပစ္စည်းများနှင့် တန်ဘိုးမြှင့်ထုတ်ကုန်ပစ္စည်း ရရှိအောင် ဆောင်ရွက်ရန် ပြောကြားခဲ့သည်။ ထို့နောက် …
Read More »ပဲခူးမြို့၌ ၂၀၂၂ ခုနှစ်၊ ကမ္ဘာ့ခုခံအားကျဆင်းမှုကူးစက်ရောဂါတိုက်ဖျက်ရေးနေ့ (World AIDS Day) အထိမ်း အမှတ် အခမ်းအနား ကျင်းပပြုလုပ်
ပဲခူး ဒီဇင်ဘာ ၆ ================== ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ဒီဇင်ဘာလ(၅)ရက်နေ့၊ နံနက်ပိုင်းက ၂၀၂၂ ခုနှစ်၊ ကမ္ဘာ့ခုခံအား ကျဆင်းမှုကူးစက်ရောဂါတိုက်ဖျက်ရေးနေ့ (World AIDS Day) အထိမ်းအမှတ် အခမ်းအနား ကျင်းပပြုလုပ် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အဖွင့်အမှာစကား ပြောကြားရာတွင် မိမိတို့ တိုင်းဒေသကြီးအတွင်း HIV/AIDS ဆိုင်ရာ ကျန်းမာရေးအသိပညာများမြှင့်တင်ပေးရန်နှင့် ပြည်သူလူထု တစ်ရပ်လုံး နိုးကြားတက်ကြွစွာ ပူးပေါင်းပါဝင်ပြီး HIV ပိုးရှိသူများ လုံးဝကင်းစင်ပပျောက်သွားသည်အထိ ကြိုးပမ်းဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ HIV ပိုးရှိလူနာများအား ပြုစုကုသစောင့်ရှောက်ခြင်းအား ပြည်တွင်း နှင့် အပြည်ပြည်ဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားကြရမှာဖြစ်ကြောင်း၊ ကျန်းမာရေးဝန်ထမ်းများအနေဖြင့် ပြည်သူလူထုနှင့်ပူးပေါင်း၍ ခုခံအားကျဆင်းမှု ကူးစက်ရောဂါဆိုင်ရာ စောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ တိကျခိုင်မာသော သတင်းအချက်အလက်များ …
Read More »
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website