Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်

ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်

ပဲခူး ဇွန် ၅

၂၀၂၆ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားအား ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ဇွန်လ ၅ ရက်နေ့၊ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ခဲ့သည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ၂၀၂၆ ခုနှစ်မှာ ကျရောက်သည့် ကမ္ဘာ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ ဆောင်ပုဒ်ဖြစ်သည့်”ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ဖို့ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်စို့” ဆိုသည့်အတိုင်း ကမ္ဘာ့ရာသီဥတုပြောင်းလဲလာမှုကို လမ်းညွှန်ချက်များအတိုင်း ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်ကြရန်နှင့် ကမ္ဘာကြီး ရေရှည်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်စေဖို့ ပစ္စုပ္ပန်နှင့် အနာဂတ် မျိုးဆက်သစ်များအတွက် ကောင်းမွန်ပြီးသန့်ရှင်းသာယာလှပသော ပတ်ဝန်းကျင်ကို လက်ဆင့်ကမ်းပေး နိုင်ဖို့ လူသားတိုင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများကို အသိစိတ်ဓာတ်ရှိရှိ တက်တက်ကြွကြွ ပူးပေါင်းပါဝင်ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းထံသို့  သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးမှ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ Poster အထိမ်းအမှတ် လက်ဆောင်အား ပေးအပ်ခဲ့သည်။ ၎င်းနောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက သန့်ရှင်း ၍ စိမ်းလန်းစိုပြေသော ပထမဆုရရှိသည့် အခြေခံပညာအထက်တန်း၊ အလယ်တန်းနှင့် မူလတန်းကျောင်း များအား ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းအား ချီးမြှင့်ပေးအပ်ခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက သန့်ရှင်း၍ စိမ်းလန်းစိုပြေသောဆုရကျောင်းများ၊ ပတ်ဝန်းကျင်စီမံခန့်ခွဲမှုကောင်းမွန်သော မြို့ပြ၊ ကျေးရွာ နှင့် စက်ရုံ/အလုပ်ရုံများအား ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ချီးမြှင့်ပေးခဲ့ကြသည်။ ၎င်းနောက် ၂၀၂၆ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် Video Clip အား ကြည့်ရှုအားပေးခဲ့ကြသည်။

ဆက်လက်၍ ပဲခူးတိုင်းဒေသကြီးပတ်ဝန်းကျင်ထိမ်းသိမ်းရေးဦးစီးဌာန၊ ဝန်ထမ်းများက ပတ်ဝန်းကျင် ထိမ်းသိမ်းရေးနှင့်ပတ်သက်သည့် အသိပညာပေးသီချင်းများ သီဆိုဖျော်ဖြေခဲ့ကြသည်။ ၎င်းနောက် ပဲခူးတိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့်ဇနီး တာဝန်ရှိသူများက ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်ပြခန်းအား လှည့်လည်ကြည့်ရှုခဲ့ ကြကြောင်း သတင်းရရှိသည်။