Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / တပ်မတော်(ကြည်း၊ရေ၊လေ) မိသားစုများနှင့် ပြည်တောင်တန်းတောရကျောင်းများဆန်လှူအသင်းတို့မှ (၄၅)ကြိမ်မြောက် ဆွမ်းဆန်တော်လောင်းလှူပွဲ အခမ်းအနား ကျင်းပပြုလုပ်

တပ်မတော်(ကြည်း၊ရေ၊လေ) မိသားစုများနှင့် ပြည်တောင်တန်းတောရကျောင်းများဆန်လှူအသင်းတို့မှ (၄၅)ကြိမ်မြောက် ဆွမ်းဆန်တော်လောင်းလှူပွဲ အခမ်းအနား ကျင်းပပြုလုပ်

ပြည် အောက်တိုဘာ ၁၁

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ် အဆင့် ဌာနဆိုင်ရာများနှင့်အတူ အောက်တိုဘာလ ၁၁ ရက်နေ့၊ မွန်းလွဲပိုင်းက ပြည်မြို့၊ ရှေးဟောင်းသမိုင်းဝင် လေးဆူဓါတ်ပျော် ရွှေဆံတော်စေတီတော်မြတ်ကြီး ရှိ ပုညကရဏလေးထပ်ဓမ္မာရုံတော်ကြီး၌ ကျင်းပပြုလုပ်သော တပ်မတော်(ကြည်း၊ရေ၊လေ) မိသားစုများနှင့် ပြည်တောင်တန်းတောရကျောင်းများဆန်လှူအသင်းတို့မှ (၄၅)ကြိမ်မြောက် ဆွမ်းဆန်တော် လောင်းလှူပွဲ အခမ်းအနားသို့ တက်ရောက်လောင်းလှူခဲ့သည်။

          ရှေးဦးစွာ ကြွရောက်လာသည့် ဆရာတော်၊ သံဃာတော်များနှင့် ဧည့်ပရိတ်သတ်များက နမော တဿ (၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားအား ဖွင့်လှစ်ပေးခဲ့ပြီး ပြည်မြို့၊ မဟာသုဒဿနာရာမ ပရိယတ္တိစာသင်တိုက် ဦးစီးပဓာနနာယက နိုင်ငံတော်ဩဝါဒါစရိယ “အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တသေဋ္ဌိလအရှင်သူမြတ်ထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ် အမှူးပြုသော ဧည့်ပရိတ်သတ် အပေါင်းတို့က (၅)ပါး သီလခံယူဆောက်တည်ခဲ့ကြသည်။

          ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက သာသနာရေးဆိုင်ရာကိစ္စရပ်များ လျှောက်ထားခဲ့ပြီး ပြည်ဆန်လှူရှင်အသင်းကြီး၏ ဥက္ကဋ္ဌ ဦးသန်းစိုးက လုပ်ငန်းဆောင်ရွက်မှုများအား လျှောက်ထားခဲ့သည်။ ၎င်းနောက် ဝန်ကြီးချုပ်နှင့် ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တောင်ပိုင်းတိုင်း စစ်ဌာနချုပ်၊ ဒုတိယတိုင်းမှူး၊ နယ်မြေခံတပ်မှူးများ၊ တာဝန်ရှိသူတို့က ဩဝါဒါစရိယ ဆရာတော်ကြီးများ ထံ ဆွမ်းဆန်တော်နှင့် လှူဖွယ်ဝတ္တုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးခဲ့ကြ သည်။

          ယင်းနောက် ဖွင့်လှစ်ပေးခဲ့ပြီး ပြည်မြို့၊ မဟာသုဒဿနာရာမ ပရိယတ္တိစာသင်တိုက် ဦးစီးပဓာန နာယက နိုင်ငံတော်ဩဝါဒါစရိယ “အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တသေဋ္ဌိလ အရှင်သူမြတ်ထံမှ  လှူဒါန်းမှုအစုစုအတွက် အနုမောဒနာ တရားနာယူ၍ ရေစက်သွန်းချ အမျှပေးဝေ ခဲ့ကြပြီး ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု (၃)ကြိမ် ရွတ်ဆို၍ အခမ်းအနားအား အောင်မြင်စွာရုပ်သိမ်းခဲ့သည်။

          ဆက်လက်၍ ဆွမ်းဆန်တော်လောင်းလှူပွဲအား ဆက်လက်ကျင်းပပြုလုပ်ရာ ကြွရောက်လာကြ သည့် ဆရာတော်/သံဃာတော်များနှင့် သီလရှင်များအား တိုင်းဒေသကြီး ဝန်ကြီးချုပ် အမှူးပြုသော ဧည့်ပရိတ်သတ် များက ဆွမ်းဆန်၊ ဆီ၊ ပဲ၊ ဆားနှင့် နဝကမ္မအလှူငွေများ လောင်းလှူပူဇော်ခဲ့ကြောင်း သိရှိရသည်။

          အဆိုပါ ပြည်မြို့နယ်အတွင်းရှိ တောရဘုန်းတော်ကြီးကျောင်း(၃၆၀)ကျောင်းမှ ရဟန်း(၁၁၆၀)ပါး၊ သာမဏေ(၁၇၁)ပါး၊ သီလရှင်(၉၀၀)ပါး၊ စုစုပေါင်း(၂၂၃၁)ပါးတို့အတွက် တပ်မတော်(ကြည်း၊ရေ၊လေ) မိသားစုများ၊ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (ပြည်)၊ ဌာနဆိုင်ရာများနှင့် စေတနာရှင် ပြည်သူများမှ စုပေါင်း၍ ဆွမ်းဆန်တော်  (၁၅၅၃)အိတ်၊ ဆီ(၃၆၉၀)ပိဿာ စုစုပေါင်း လှူဒါန်းမှုတန်ဖိုး(၁၈၉၂,၄၈,၀၀၀/-)အား ဆက်ကပ်လောင်းလှူ ပူဇော်ခဲ့ ကြောင်း သတင်းရရှိသည်။