ဒိုက်ဦး ဇွန် ၁၀

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဇွန်လ ၁၀ ရက်နေ့၊ နံနက်ပိုင်းက ဒိုက်ဦး မြို့နယ်နှင့် ပဲခူးမြို့နယ်အတွင်း စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၊ ပျဉ်းမလွင် ကျေးရွာအုပ်စု၌ မွေးမြူရေးလုပ်ငန်းရှင် ဦးဥက္ကာမှ နိုင်ငံ့စီးပွါးမြှင့်တင်ရေးရန်ပုံငွေဖြင့် ဥစားဘဲ ကောင်ရေ(၆၅၀၀) ထပ်မံတိုးချဲ့မွေးမြူထားရှိမှုအား ကွင်းဆင်းကြည့်ရှုအားပေးခဲ့သည်။ ၎င်းနောက် ရှမ်းစုကျေးရွာ အုပ်စု၌မြေဆီလွှာဖွံ့ဖြိုးတိုးတက်စေရေး သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) ထည့်သွင်း မြေမြှုပ်နေမှုနှင့် မွေးမြူရေးလုပ်ငန်းရှင် ဒေါ်မေစိုးသူ၏ ကိုယ်တိုင်သားဖောက်၍ ဒေသကြက်ကောင် ရေ (၃၅၀၀)အောင်မြင်စွာ မွေးမြူထားရှိမှုအား ကွင်းဆင်းကြည့်ရှုအားပေးခဲ့ပြီး တိရစ္ဆာန်ဆေးပစ္စည်းပေး အပ်ခဲ့သည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများသည် ဒိုက်ဦး မြို့နယ်၊ ဒိုးတန်းကျေးရွာအုပ်စု၌ စိုက်ပျိုးရေးဦးစီးဌာနမှ မိုးသီးနှံစိုက်ဧကများအတွက် ဓါတ်မြေဩဇာ လျော့ချသုံးစွဲနိုင်ရေး စပါးခွံမီးသွေး(Biochar)နှင့် သဘာဝပိုးသတ်ဆေး စပါးခွံပေါင်းခံရည် ထုတ်လုပ် သရုပ်ပြသမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ မြေချဉ်ငန်ဓါတ် ပါရှိမှုအား လက်တွေ့စမ်းသပ် တိုင်းတာပြသပေးခဲ့သည်။
ဆက်လက်၍ ဝမ်းဘဲအင်းကျေးရွာအုပ်စုရှိ ရှေးဟောင်းသမိုင်းဝင် ဆံတော်ရှင်ဒေးစွန်ပါ စေတီတော်မြတ်ကြီး၌ ဓါတ်လှေကားအသစ်တပ်ဆင်နိုင်ရေးနှင့် တောင်ပတ်လမ်းအသစ်ဖောက်လုပ်မှု ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website