Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးခရိုင်အတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ အရှိန်အဟုန်မပြတ် ဆက်လက်ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဖြည့်ဆည်းဆောင်ရွက်ပေး

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးခရိုင်အတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ အရှိန်အဟုန်မပြတ် ဆက်လက်ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဖြည့်ဆည်းဆောင်ရွက်ပေး

ပဲခူး ဇွန် ၉

          ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ယမန်နေ့၊ နံနက်ပိုင်းက ပဲခူးခရိုင်အတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ အရှိန်အဟုန်မပြတ် ဆက်လက်ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

          ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးခရိုင်၊ ကဝမြို့၊ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံး၌ ဒေသခံပြည်သူများ နိုင်ငံသားစိစစ်ရေးကဒ်နှင့် အိမ်ထောင်စုစာရင်းများ လာရောက်ပြုလုပ်နေမှုအား ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီး အားပေးစကား ပြောကြားခဲ့သည်။

          ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ကဝမြို့နယ်၊ (၁)ရပ်ကွက် ကွင်းအတွင်းရှိ မိုးစပါးစိုက်လယ်မြေများ စုပေါင်းထွန်ယက်နေမှုအား ကွင်းဆင်းကြည့်ရှုအားပေးခဲ့ပြီး ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ သဘာဝ မြေဩဇာနှင့် ရွက်ဖျန်းမြေဩဇာ ကိုယ်တိုင်ထုတ်လုပ်သုံးစွဲနိုင်ရေး အသိပညာပေးပြောကြားခဲ့သည်။ ၎င်းနောက်  အုန်းနှဲစံပြကျေးရွာရှိ အစိုးရစက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး အထက်တန်းကျောင်းသို့ ရောက်ရှိခဲ့ပြီး‌ ကျောင်းသား/သူများ စိတ်အေး ချမ်းသာစွာ ပညာသင်ကြားနေမှုအား သွားရောက်ကြည့်ရှု အားပေးခဲ့သည်။

          ယင်းနောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများသည် ကဝမြို့နယ်၊ မုဒုကျေးရွာအုပ်စု၌ မွေးမြူရေးလုပ်ငန်းရှင် ဒေါ်အေးရင်၏ ဥစားကြက်ကောင်ရေ(၅၀၀၀၀) မွေးမြူထားရှိ မှုအား ကွင်းဆင်းကြည့်ရှုအားပေးခဲ့ပြီး ဇီဝလုံခြုံရေးနှင့် တိရစ္ဆာန်အစာအား ဒေသထွက်ကုန်ကြမ်း ပစ္စည်းများဖြင့် ကိုယ်တိုင်ထုတ်လုပ်မွေးမြူနိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

          ဆက်လက်၍ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် သနပ်ပင်မြို့နယ်၊ စက်ကုန်းပိုင်း ရပ်ကွက်ရှိ ဦးခင်ဇော်၏ “ထက်ခိုင်” သဘာဝဘဲသားဖောက်လုပ်ငန်းသို့ ရောက်ရှိခဲ့ပြီး သဘာဝအတိုင်း ဘဲလေးသားဖောက်လုပ်ငန်း ဆောင်ရွက်နေမှုအား လှည့်လည်ကြည့်ရှုခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။