Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ကျောင်းဖွင့်ရာသီအမီ စာသင်ကျောင်းများ သန့်ရှင်း သာယာလှပစေရေး စုပေါင်းသန့်ရှင်းရေးပြုလုပ်

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ကျောင်းဖွင့်ရာသီအမီ စာသင်ကျောင်းများ သန့်ရှင်း သာယာလှပစေရေး စုပေါင်းသန့်ရှင်းရေးပြုလုပ်

ပဲခူး မေ ၁၆

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ကျောင်းဖွင့်ရာသီအမီ စာသင်ကျောင်းများ သန့်ရှင်းသာယာလှပစေရေး စုပေါင်းသန့်ရှင်းရေးပြုလုပ်ခြင်းအား မေလ ၁၆ ရက်နေ့၊ နံနက်ပိုင်းက တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်(၂၈)မြို့နယ်၌ တစ်ပြိုင်တည်း ပြုလုပ်ခဲ့သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဥပဒေချုပ်နှင့် တာဝန်ရှိသူများလိုက်ပါလျက် ပဲခူးမြို့၊ အမှတ်(၁၀)အခြေခံပညာအထက်တန်းကျောင်း၊ အခြေခံပညာအထက်တန်းကျောင်း(စာကလေးကွင်း)နှင့် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတို့ ၌  တပ်မေတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်နေပြည်သူများ စုပေါင်းအားဖြင့် သန့်ရှင်းရေး ပြုလုပ်နေမှုအား လိုက်လံကြည့်ရှု အားပေးခဲ့ပြီး ကျောင်းဖွင့်ရာသီအမီ စာသင်ကျောင်းများ ဥပဓိရုပ်ကောင်းမွန်စေရေး၊ ကျောင်းဝန်းအတွင်း ရေစီးရေလာကောင်းမွန်စေရေးနှင့် စာသင်ခုံအဟောင်းများ ပြန်လည်ပြုပြင်ပေးနိုင်ရေး တာဝန်ရှိသူများ အား လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။