Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးမြို့၌ ၂၀၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မီနီမာရသွန် ပြိုင်ပွဲ ကျင်းပပြုလုပ်

ပဲခူးမြို့၌ ၂၀၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မီနီမာရသွန် ပြိုင်ပွဲ ကျင်းပပြုလုပ်

ပဲခူး ဩဂုတ် ၉

          ပဲခူးမြို့၌ ၂၀၂၆ခုနှစ်၊ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မီနီမာရသွန်ပြိုင်ပွဲကို ဩဂုတ်လ(၉)ရက်နေ့၊ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်အားပေး ချီးမြှင့်ပေးခဲ့သည်။

        အဆိုပါ မီနီမာရသွန်ပြိုင်ပွဲတွင် အကြီးတန်းမီနီမာရသွန်ပြိုင်ပွဲနှင့် အငယ်တန်းမီနီမာရသွန်ပြိုင်ပွဲဟူ၍ နှစ်မျိုးပါဝင်ခွဲခြားထားပြီး အကြီးတန်းမီနီမာရသွန်ပြိုင်ပွဲမှ ပြိုင်ပွဲဝင်(၁၉၀)ဦးတို့သည် တိုင်းဒေသကြီး လူငယ် စင်တာခန်းမရှေ့မှ ရန်ကုန်-မန္တလေးလမ်း၊ ဆည်မြောင်းလမ်းဆုံအထိ (၅.၅)မိုင်အားလည်းကောင်း၊ အငယ်တန်းမီနီမာရသွန်ပြိုင်ပွဲမှ ပြိုင်ပွဲဝင်(၃၆၀)ဦးတို့သည် တိုင်းဒေသကြီးလူငယ်စင်တာရှေ့မှ ရန်ကုန်-မန္တလေးကားလမ်း၊ မဟာမြိုင်လမ်းဆုံအထိ (၄)မိုင်အားလည်းကောင်း ပါဝင်ယှဉ်ပြိုင်ကြရာ ပဲခူးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးတရားလွှတ်တော် တရာသူကြီးချုပ်၊ လွှတ်တော်ဒုတိယ ဥက္ကဋ္ဌနှင့် အစိုးရအဖွဲ့တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများက ကြိုဆိုအားပေးခဲ့ကြပြီး အားဖြည့်အချိုရည်နှင့်မုန့်များ ပေးဝေခဲ့ကြသည်။

        ဆက်လက်၍ ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အကြီးတန်း(အမျိုးသား) ပထမ၊ ဒုတိယ၊ တတိယရှိသူများအားလည်းကောင်း၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌက အကြီးတန်း(အမျိုးသမီး) ပထမ၊ ဒုတိယ၊ တတိယရရှိသူများအား လည်းကောင်း၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်က အငယ်တန်း(အမျိုးသား) ပထမ၊ ဒုတိယ၊ တတိယရရှိသူများအားလည်းကောင်း၊ လွှတ်တော်ဒုတိယဥက္ကဋ္ဌက အငယ်တန်း(အမျိုးသမီး) ပထမ၊ ဒုတိယ၊ တတိယရရှိသူများအားလည်းကောင်း၊ အစိုးရအဖွဲ့တာဝန်ရှိသူများက နှစ်သိမ့်ဆုရရှိသူများ အားလည်းကောင်း ဆုများအသီးသီး ပေးအပ်ချီးမြှင့်ကြပြီး ပန်းဝင်လာသူတိုင်းအား သီးခြားချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။