Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ၂၀၂၆-၂၀၂၇ ပညာသင်နှစ် နိုင်ငံတော်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံရေးဆိုင်ရာ မြေစိုက်ပိုစတာ ဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်

၂၀၂၆-၂၀၂၇ ပညာသင်နှစ် နိုင်ငံတော်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံရေးဆိုင်ရာ မြေစိုက်ပိုစတာ ဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်

ပဲခူး မေ ၂၁

၂၀၂၆-၂၀၂၇ ပညာသင်နှစ် နိုင်ငံတော်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ်ကလေး အားလုံး ကျောင်းအပ်နှံရေးဆိုင်ရာ မြေစိုက်ပိုစတာ ဖွင့်ပွဲအခမ်းအနားအား မေလ(၂၁)ရက်နေ့၊ နံနက် ပိုင်းက ပဲခူးမြို့၊ တောင်ငူလမ်းနှင့် ဆေးရုံလမ်းထောင့်ရှိမြေနေရာ၌ ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ဆိုင်းဘုတ်စိုက်ထူပွဲ အခမ်း အနားသို့  ရောက်ရှိလာခဲ့ရာ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား/သူလေးများက ဘင်ခရာတီးခတ်ခြင်းနှင့် ပန်းပွားအက ကပြခြင်း တို့ဖြင့် ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ညီလန်းချိုနှင့် လူမှုရေးရာဝန်ကြီး ဒေါက်တာထူးခြားအောင်တို့က ၂၀၂၆-၂၀၂၇ ပညာသင်နှစ် နိုင်ငံတော်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံရေးဆိုင်ရာ မြေစိုက်ပိုစတာဖွင့်ပွဲအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြသည်။ ၎င်းနောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ၂၀၂၆-၂၀၂၇ ပညာသင်နှစ် နိုင်ငံတော်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေ အရွယ်ကလေးအားလုံး ကျောင်းအပ်နှံရေးဆိုင်ရာ မြေစိုက်ပိုစတာအား စက်ခလုပ်နှိပ်၍ ဖွင့်လှစ်ပေးခဲ့ပြီး ဖျော်ဖြေတင်ဆက်ခဲ့ကြသည့် ဘင်ခရာအဖွဲ့၊ ပန်းပွားအဖွဲ့နှင့် သီးခြားတက်ရောက်လာသည့် တိုင်းရင်းသား အဖွဲ့များ၊ ကင်းထောက်လူငယ်အဖွဲ့နှင့် လူရည်ချွန်မောင်/မယ်တို့အား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ ကြောင်း သတင်းရရှိသည်။