Home / ဆုတောင်းပြည့်စွယ်တော်ရှင် မဟာစေတီတော်မြတ်ကြီး

ဆုတောင်းပြည့်စွယ်တော်ရှင် မဟာစေတီတော်မြတ်ကြီး

၁။      မူလဘုရားဒါယကာ                  ဆင်ဖြူများရှင် ဘုရင့်နောင်ကျော်ထင်နော်ရထာမင်းကြီး – သက္ကရာဇ်(၉၁၄၊ ၉၄၃)

၂။      စေတီဉာဏ်တော်အမြင့်            (၃၃၃)ပေ

၃။      စေတီရံများ                              အဆူ(၆၀)

၄။      လုံးပတ်တော်                          အ၀န်းပေ(၁၅၀၀)

၅။      ဌာပနာတော်များ                      (၁)    သီဟိုဠ်ဘုရင်ဆက်သသော ဗုဒ္ဓမြတ်စွယ်တော်များ

(၂)    မြသပိတ်တော်

(၃)    ဓာတ်တော်ပေါင်း (၆၃၃၈၀)ဆူ

(၄)    သုတ်၊ ဝိနည်း၊ အဘိဓမ္မာ ရေးထိုးထားသော ရွှေပြားပုရပိုက်များ၊ ရွှေပေ၊ ငွေပေ တို့အပေါ် ရေးသားအပ်သော ပိဋကတ်များ

၆။      ဘွဲ့မည်တော်များ                      (က)  မဟာစေတီ

(ခ)    ဆုတောင်းပြည်စွယ်တော်ရှင် မဟာစေတီတော် မြတ်ကြီးပရိဘောဂစေတီ၊ ဓာတုစေတီ၊ ဓမ္မစေတီ (၃)မျိုး ထိုက်သောကြောင့် ဆုတောင်းပြည့်ပြီး လူ၊ နတ်၊ နိဗ္ဗာန်ချမ်းသာ အကျိုးပြည့်စေပါသည်။ ဘွဲ့အမည်တူ မဟာစေတီတို့ကို စစ်ကိုင်း၌လည်း ကောင်း၊ ထိုင်းနိုင်ငံ ဇင်းမယ်၌လည်းကောင်း၊ သီရိလင်္ကာနိုင်ငံ၌လည်းကောင်း လေ့လာတွေ့ရှိ ရပါသည်။

  • စစ်ကိုင်းတွင် (၈၆၃)ခု အင်း၀ရွှေနန်းကျော့ရှင် နရပတိ တည်တော်မူပြီး (၈၇၀)ပြည့်နှစ်တွင် ရွှေထီးတော်တင်လှူးခဲ့ပြီး ကျောက်စာလည်းစိုက်ထူခဲ့ပါသည်။ ဉာဏ်တော်သံတောင် (၁၃၀) ရှိ၍ မင်းရဲရန္တမိတ်လက်ထက်က တံတိုင်းကာရံ၍ ပစ္စယာမ်သုံးဆင့်သာ ပြီးခဲ့ပါသည်။
  • ဇင်းမယ်တွင် ပျက်စီးနေသော မဟာစေတီကို ဘုရင့်နောင်မင်းတရားကြီးသွားရောက်ပြီး (၉၃၅)ခု၊ နတ်တော်လတွင် အသစ်တဖန်ထပ်မံတည်ဆောက်ပြုပြင်ခဲ့ပါသည်။
  • သီရိလင်္ကာနိုင်ငံတွင် ဘုရားဒါယကာ သာသနာပြုမင်းအဖြစ် ကျော်ကြားခဲ့သော ဒုဌဂါမဏိမင်း၊ သာသနာနှစ်(၃၇၂)ခုနှစ်တွင် ဉာဏ်တော် သံတောင်(၁၈၀)မှီတည် ထောင် ခဲ့ပါသည်။ အလွန်ရှေးကျပြီး သာသနာနောက်ပိုင်းခေတ်ဓာတုပရိနိဗ္ဗာန်ပြုမည့်အချိန်တွင် သီရိလင်္ကာရှိ ဓါတ်တော်များသည် ထိုမဟာစေတီတွင် စုဝေးရောက်ရှိပြီးနောက်ဆုံးတွင် ဗောဓိပလ္လင်မှာ စုပေါင်း၍ ဓာတုပရိနိဗ္ဗာန်ပြုကြမည်ဟု အဌကထာကျမ်းများ၌ ပြဆို ထားကြောင်း လေ့လာတွေ့ရှိရပါသည်။

၇။      မဟာစေတီမှ-

မဟာစေတီကို ပုဒ်ခွဲလျှင် မဟာမှာ = များခြင်း၊ မြတ်ခြင် အနက်နှစ်ရပ်လုံးကို ဖွင့်ဆိုထားခြင်း ဖြစ်ပါသည်။ ဌာပနာသော ဓါတ်တော်များအရေအတွက် များပြားလှခြင်း အခြားစေတီများ ထက် သာလွန်ခြင်း ‘မြတ်သည်’ဟု အနက်ကောက်ယူထိုက်ပါသည်။

 

မဟာစေတီတော်မြတ်ကြီး၏ ထူးခြားသောဝိသေသ(၆)ချက်

(၁)     စေတီရံငယ်ခြောက်ဆယ်နှင့် မုခ်ဦးစေတီလေးဆူတည်ထားရန်အတွက် ရင်ပြင် တော်မှ တစ်ဆယ်ခြောက်ပေမြင့်သော ပစ္စယာမ်ကြီးတစ်ဆင့်သာရှိခြင်းမှာ  အခြား စေတီများကဲ့သို့ ပစ္စယာမ်သုံးဆင့်မရှိပါ။ ရှစ်မျက်နှာရှိသော အာလိန်များကို အထက်သို့ကိုးပေမြင့်တိုင်း အတွင်းသို့ကိုးပေ(လျို)ကာ

 

အဆင့်ကိုးဆင့်တည်ဆောက်ထားခြင်းသည် ပထမထူးခြားချက်

(၂)     (၈၁)ပေမြင့်သောအာလိန်ကိုးဆင့်လို ကိုးဆယ့်ကိုးထစ်ရှိသော နတ်လမ်းလှေကား များဖြင့် အထက်ကြည်း၀န်းအထိ အလွယ်တကူ တက်ရောက်ကြည်ညိုနိုင်ခြင်းသည် ဒုတိယထူးခြားချက်

(၃)     နတ်လမ်သွယ်လှေကားအ၀န်းတွင် မုခ်ထောက်ပြာဿဒ်ကိုးဆူစီဖြင့် လှပတင့်တယ် ရှုချင်စဖွဘ် တည်ရှိခြင်းသည် တတိယထူးခြားချက်

(၄)     စေတီတော်ကြီး၏ ခိုနန်းချိုးများတွင် စိန်တောင်များဖြင့်တန်ဆာဆင်ထားပြီး စိန်တောင်အယ်မှ သင်္ဘောဦးတွင် ဓမ္မစကြာအတိုင်းတပ်ဆင်ပြီး ယိုးဒယား သဇင်ခွေ များခြံရံကာ အထက်ပိုင်းတွင် နှစ်ထပ်ကြာဖတ်များအနိမ့်အမြင့်အစီအရီ တည်ဆောက်ထားခြင်းမှာ မြန်မာ့ပန်းတမော့လက်ရာ ပြောင်မြောက်စွာ တွေ့ရခြင်း သည် စတုတ္ထထူးခြားချက်

(၅)     ပစ္စယာမ်ကြီးအခြေတွင် အမြင့်(၃)ပေ အကျယ်(၈)ပေပန်းတင်ခုံပါတ်လျှက် ယင်းအပေါ်တွင် ရွှေပန်းခိုင်ဆောက်ကောက်ပန်းအိုးများ၊ ပါရမီဆယ်ပါးသရုပ်ဖော် ရုပ်လုံး၊ ရုပ်ထုများလှပဆန်းကြယ်စွာ စီမံထားခြင်းမှာ ဤစေတီတော်မြတ်၏ ထူးခြားချက် ပဉ္စမဖြစ်ပါသည်။

(၆)     တံခွန်တိုင်ကြီးများကိုလည်း “ဟင်း၊ လင်း၊ ကြက်၊ ကျေး၊ ငှက်မြတ်လေးကောင် ထည့်ဆောင်လုပ်ထား ငှက်မြတ်နား” ဟူသော ရှေးစကားရပ်နှင့် အညီ ဟင်္သာရုပ်၊ ကြက်ရုပ်နှင့် ကြက်တူရွေးရုပ်များနားစေလျက် ဆွဲလည်းရွဲ၊ တံခွန်လုံး၊ တံခွန်ပြားများဖြင့် တန်ဆာဆင်ထားခြင်းသည် ဆဌမမြောက်ထူးခြားချက်ပင်ဖြစ် ပါသည်။

၈။      ဘဒ္ဒကမ္ဘာမြတ်ဘုရားငါးဆူကို ရည်ဆူးပြီး စိန်ဖူးတော်ငါးဆူပူဇော်ထားသည်မှာလည်း နေရောင်၊ လရောင်၊ မီးရောင်ခြည်တွင် တလျှပ်လျှပ်တောက်ပြောင်နေသည်မှာ ကြည်ညို စရာပင်ဖြစ်ပါသည်။

၉။      စေတီတော်မြတ်ကြီး ဝတ္ထုကံမြေမျာ အ၀န်းပေ(၁၅၀၀)ရှိပြီး ညီညာပြန့်ပြူး၍ စတုရန်းပုံ တံတိုင်း၀န်းရံလျှက် ဧကခြောက်ဆယ် ကျယ်၀န်းသော မြေအလယ်တွင် စံပယ်လျှက် ရှိပါသည်။

၁၀။    များပြားလှသော ဌာပနာ၊ ဓါတ်တော်များထဲတွင် ထူးခြားမှုများ ဆင်ဖြူများရှင် ဘုရင့်နောင် မင်းတရားကြီး၏ရုပ်ထုကို မင်းဆောင်မင်းယောင်နှင့်တကွ တန်ဆောင်တိုင်ရှိခိုးတော် မူဟန် ရွှေသားအတိဖြင့် သွန်းလုပ်ထည့်လှူခဲ့သည့်အပြင်ဖော်ပြပါ ကိုယ်ပွားရုပ်ထုတော်များ ကိုလည်း ရွှေသားအတိဖြင့် ထုလုပ်ထည့်သွင်းခဲ့ပါသည်။

(၁)     မင်းတရားကြီး၏ ခမည်းတော်ရုပ်

(၂)     မင်းတရားကြီး၏မယ်တော်ရုပ်

(၃)     အတုလသီရိမဟာရာဇဒေဝီရှင် မိဖုရားရုပ်

(၄)     သမီးတော်အင်း၀မိဖုရားရုပ်

(၅)     မြေးတော်နတ်ရှင်မယ်တော်ရုပ်

(၆)     သားတော်မဟာဉပရာဇာရုပ်

(၇)     မြေးတော်မင်းကြီးစွာရုပ်

(၈)     ရာဇဒေဝီရှင်မိဖုရားကြီးရုပ်

(၉)     သားတော်မင်းသားစစ်အရုပ်

(၁၀)   သမီးတော်ရာဇဓာတုကလျာအရုပ်

(၁၁)   စန္ဒာဒေဝီရုပ် မိဖုရားအရုပ်

(၁၂)   သမီးတော်ခင်စောအရုပ်တို့ဖြစ်ပါသည်။

အိမ်နိမ့်တွင်မြင်သော သားတော်၊ သမီးတော်အရုပ်၊ ညီတော်သတိုးဓမ္မရာဇာအရုပ်၊ မိဖုရားအရုပ်၊ သမီးတော်နှစ်ပါးအရုပ်၊ ညီတော်မင်းခေါင်အရုပ်၊ သားတော်နှစ်ပါး၊ သမီးတော်သုံးပါး အရုပ်၊ ညီတော်သတိုးမင်းစောအရုပ်၊ မှူးကြီး၊ မတ်ကြီးအရုပ်တို့ကို ငွေသားသွန်း၍ တန်ဆောင်ကိုင် ထိုင်ရှိခိုးနေဟန် ထုလုပ်၍ ထည့်သွင်းပူဇော်တော်မူခဲ့ပါသည်။

MAHASIDE2   MAHASIDE
English Version