ပဲခူး နိုဝင်ဘာ ၂၉ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့်အတူ နိုဝင်ဘာလ ၂၉ ရက်နေ့၊ နံနက်ပိုက်းက ပဲခူးမြို့နယ်အတွင်း စားရေရိက္ခာဖူလုံစေရေး စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက ်ပေးခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့နယ်၊ ရွှေတန်ကျေးရွာအနီး တိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် ဘက်စုံစိုက်ပျိုးမွေးမြူရေးစံပြစခန်း(ရွှေတန်)၌ စားဖိုဆောင် ဟင်းသီး ဟင်းရွက်များ စတင်စိုက်ပျိုးနေမှု၊ မွေးမြူရေးခြံများတည်ဆောက်ရန်မြေပြုပြင်နေမှုနှင့် ငါးမွေးမြူရေးကန်များ တူးဖော်နေမှုတို့အား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး တည်ဆောက်ရေး လုပ်ငန်းများ အချိန်မီပြီးစီးနိုင်ရေး၊ မျိုးကောင်းမျိုးသန့် ကြိုတင်ချိတ်ဆက် မှာယူထားရန်နှင့် တိရစ္ဆာန် အစာအတွက် နေဗီယာမြက်စိုက်ပျိုးရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။ ၎င်းနောက် ဘက်စုံစိုက်ပျိုး မွေးမြူရေးစံပြစခန်း(ရွှေတန်) တည်ဆောက်ရေးလုပ်ငန်းခွင်နှင့် ပတ်လည်ဧရိယာတစ်လျှောက် စိုက်ပျိုး ထားရှိမှုတို့အား မော်တော်ယာဉ်များဖြင့် လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့သည်။ …
Read More »Daily Archives: November 29, 2026
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ အပတ်စဉ် စနေနေ့တိုင်း မြို့/ရွာသန့်ရှင်းသာယာလှပစေရေး စုပေါင်းသန့်ရှင်းရေးပြုလုပ်
ပဲခူး နိုဝင်ဘာ ၂၇ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ အပတ်စဉ် စနေနေ့တိုင်း မြို့/ရွာသန့်ရှင်းသာယာ လှပစေရေး စုပေါင်းသန့်ရှင်းရေးပြုလုပ်ခြင်းအား နိုဝင်ဘာလ(၂၇)ရက်နေ့၊ နံနက်ပိုင်းက တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်(၂၈)မြို့နယ်၌ တစ်ပြိုင်တည်း ပြုလုပ်ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများလိုက်ပါလျက် ပဲခူးမြို့၊ ဥဿာမြို့သစ်၊ တိုင်းရင်းဆေးရုံနေရာ၌ စုပေါင်းသန့်ရှင်းရေး ပြုလုပ်နေမှုအား လှည့်လည်ကြည့်ရှုအားပေးခဲ့ပြီး ခြောက်သွေ့ရာသီဖြစ်၍ မီးဘေးကြိုတင်ကာကွယ် နိုင်ရေး ခြံနွယ်နှင့်အမှိုက်များ ရပ်ကွက်များအလိုက် ရှင်းလင်းသွားရန်၊ လမ်းဘေးဝဲယာ စိုက်ပျိုးပြီး အရိပ်ရသစ်ပင်များ ရှင်သန်စေရေး ဆောင်ရွက်ရန်၊ ရေကြီးရေလျှံမှုလျော့နည်းသက်သာစေရေး မိုးရာသီ မတိုင်မီ ခြောက်သွေ့ရာသီကတည်းက ရေထုတ်မြောင်းများ ကြိုတင်ရှင်းလင်းထားကြရန် တာဝန်ရှိသူများ အား လမ်းညွှန်မှာကြားခဲ့သည်။ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ တိုင်းဒေသကြီးအတွင်း မြို့နယ်(၂၈)မြို့နယ်ရှိ တက္ကသိုလ်များ၊ ဒီဂရီကောလိပ်များ၊ စာသင်ကျောင်းများ၊ …
Read More »
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website