Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / တိုင်းဒေသကြီး ဝန်ကြီးချုပ် ရခိုင်ပြည်နယ်ရှိ သဘာဝဘေးအန္တရာယ်ကျရောက်ခဲ့သည့် ဒေသများသို့ ကူညီ ရေးနှင့် ပြန်လည်ထူထောင်ရေးလု်ပငန်းများ ဆောင်ရွက်မည့် မီးသတ်တပ်ဖွဲ့ဝင်များအား တွေ့ဆုံအားပေး

တိုင်းဒေသကြီး ဝန်ကြီးချုပ် ရခိုင်ပြည်နယ်ရှိ သဘာဝဘေးအန္တရာယ်ကျရောက်ခဲ့သည့် ဒေသများသို့ ကူညီ ရေးနှင့် ပြန်လည်ထူထောင်ရေးလု်ပငန်းများ ဆောင်ရွက်မည့် မီးသတ်တပ်ဖွဲ့ဝင်များအား တွေ့ဆုံအားပေး

ပဲခူး မေ ၁၆

=================

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် မေလ(၁၆)ရက်နေ့၊ နံနက်ပိုင်းက ရခိုင်ပြည်နယ်ရှိ သဘာဝဘေးအန္တရာယ်ကျရောက်ခဲ့သည့် ဒေသများသို့ ကူညီရေးနှင့် ပြန်လည်ထူထောင်ရေး လု်ပငန်းများ ဆောင်ရွက်မည့် မီးသတ်တပ်ဖွဲ့ဝင်များအား သွားရောက်တွေ့ဆုံအားပေးခဲ့သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ရခိုင်ပြည်နယ်သို့ သွားရောက်မည့် တိုင်းဒေသကြီးကိုယ်စားပြု မီးသတ်တပ်ဖွဲ့ဝင်များ ကျန်းမာရေးကို အထူးဂရုစိုက်ရန်နှင့် ဒေသခံ တိုင်းရင်းသားများ၏ ရိုးရာ၊ ယဉ်ကျေးမှု၊ ဓလေ့စရိုက်များကို အလေးထားရန်လိုအပ်ကြောင်း၊ ကိုယ်ကျိုး စွန့်ပြီး ကူညီကယ်ဆယ် ရေးလုပ်ငန်းများကို စွမ်းစွမ်းတမံဆောင်ရွက်တတ်သည့် မီးသတ်တပ်ဖွဲ့ဝင်များ၏ ဂုဏ်သိက္ခာနှင့်ပြုမူ ပြောဆိုနေထိုင်ရန်နှင့် သဘာဝဘေးအန္တရာယ်ကျရောက်သည့် ဒေသများသို့ သွားရောက် ၍ အမြန်ဆုံး မူလအခြေအနေအတိုင်း ပြန်လည်ရောက်ရှိအောင် ကြိုးပမ်းဆောင်ရွက်ရန် လမ်းညွှန်အမှာ စကား ပြောကြားခဲ့သည်။

          ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ရခိုင်ပြည်နယ်ရှိ သဘာဝဘေးအန္တရာယ် ကျရောက်ခဲ့သည့် ဒေသများသို့ ကူညီရေးနှင့် ပြန်လည်ထူထောင်ရေး လု်ပငန်းများဆောင်ရွက်မည့် မီးသတ် တပ်ဖွဲ့ဝင်များအတွက် ထောက်ပံ့ငွေကျပ်(၁၁၆)သိန်း၊ ခေါက်ဆွဲခြောက်၊ ဆန်နှင့် တစ်ကိုယ်ရေသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့သည်။

          ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့၊ ပြည်ပစက်မှုနယ်မြေရှိ Karisma Apparel(Myanmar) Co., Ltd ၏ အထည်ချုပ်စက်ရုံသို့ သွားရောက်ခဲ့ပြီး တိုင်းဒေသကြီးအစိုးရ အဖွဲ့၏ အစီအစဉ်ဖြင့် တိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ စက်ရုံဝန်ထမ်း များအား e-ID စနစ်ဖြင့် နိုင်ငံသားစိစစ်ရေးကတ် Smart Card ဆောင်ရွက်ပေးနေမှု အခြေအနေများအား ကြည့်ရှုအားပေးခဲ့ပြီး မြို့နယ်အလိုက် စုရပ်များသတ်မှတ်၍ အမြန်ဆုံးဆောင်ရွက်ရန်နှင့် သီးခြားလိုအပ်ချက် များအား ပံ့ပိုးကူညီဆောင်ရွက်ပေးခဲ့သည်။

၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က CMP စနစ် စက်ရုံများ ထပ်မံရင်းနှီးမြှုပ်နှံနိုင်ရေး မိတ်ဖက်စီးပွားရေးလုပ်ငန်းရှင်များအား ဖိတ်ခေါ်ဆောင်ရွက်ရန်၊ စက်ရုံ လည်ပတ်ချိန်အတွင်း လျှပ်စစ်မီး အပြည့်အဝရရှိရေး ဆောင်ရွက်ရန်၊ ဆိုးဆေးသုံး ဓါတုပစ္စည်းများ စနစ် တကျသိုလှောင်ထားရှိရန်၊ မီးဘေး အန္တရာယ်မဖြစ်ပွားစေရေး တာဝန်ရှိသူများက ကြီးကြပ်စစ်ဆေးရန်နှင့် ကိုဗစ်(၁၉)ရောဂါ ကာကွယ်ရေး နည်းလမ်းများအတိုင်း စနစ်တကျဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ပြီး စက်ရုံများ အတွင်း လည့်လှည့်ကြည့်ရှုခဲ့ကြောင်း သတင်းရရှိသည်။