Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် သာယာဝတီခရိုင်အတွင်း မွေးမြူရေးလုပ်ငန်းများ အဆင့်မြှင့်တင်နိုင်ရေး ကွင်းဆင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် သာယာဝတီခရိုင်အတွင်း မွေးမြူရေးလုပ်ငန်းများ အဆင့်မြှင့်တင်နိုင်ရေး ကွင်းဆင်းဆောင်ရွက်

မင်းလှ ဇူလိုင် ၂၀

====================

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဇူလိုင်လ(၂၀)ရက်နေ့၊ မွန်းလွဲပိုင်းက အစိုးရအဖွဲ့ရုံး တာဝန်ရှိသူများလိုက်ပါလျက် သာယာဝတီခရိုင်အတွင်း မွေးမြူရေးလုပ်ငန်းများ အဆင့် မြှင့်တင်နိုင်ရေး ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

                 ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် မင်းလှမြို့နယ်၊ ထန်းပင်ကုန်း ကျေးရွာအုပ်စု၌ ရေကြီးရေနက်ကွင်းအတွင်း သိန်းရွှေကုမ္ပဏီ၏ ငါးမွေးမြူရေးကန်နှင့် ဥစားကြက် မွေးမြူရေးခြံများသို့ သွားရောက်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရးအဖွဲ့ ဥက္ကဋ္ဌက မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု၊ နေဗီယာမြက် စိုက်ပျိုးထားရှိမှုနှင့် မြေယာအသုံးချမှု အခြေ အနေတို့အား ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ လမ်းညွှန်မှာကြား ခဲ့သည်။

          ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့ ငါးမွေးမြူရေးကန်များနှင့် ဥစားကြက် မွေးမြူရေးခြံများသို့ လှည့်လည် ကြည့်ရှုခဲ့ပြီး တိရစ္ဆာန် အမျိုးအစားအလိုက် ကျွေးမွေးရမည့် မြက်မျိုးများ ရှာဖွေသုတေသနပြုရေး၊ ကုန်ကြမ်းပစ္စည်း ပြတ်လပ်မှုမရှိစေရေး၊ ဒေသထွက် ကုန်ကြမ်းပစ္စည်းများဖြင့် တိရစ္ဆာန်အစာ ကိုယ်တိုင် ထုတ်လုပ်သုံးစွဲရေး အသိပညာပေးရန်၊ ဆိတ်မွေးမြူရေးလုပ်ငန်း တိုးချဲ့ဆောင်ရွက်ရန်နှင့် ဒေသတွငါး စားရေရိက္ခာဖူလုံစေရေး ကိုယ်တိုင်စိုက်ပျိုးမွေးမြူသူတာဝန်ရှိသူများနှင့် ချိတ်ဆက်၍ စျေးနှုန်းသက်သာစွာ ဝယ်ယူ/ရောငါးချနိုင်ရေး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

           ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မိုးညိုမြို့နယ်၊ ညောင်ဝိုင်းကျေးရွာအုပ်စု၊ ဦးတင်စိုး၏ အသားတိုးကြက် (၃၇၀၀)ကောင် မွေးမြူထားသည့်ခြံသို့ သွားရောက်ကြည့်ရှု တိရစ္ဆာန်ရောဂါ ကျရောက်မှုမရှိစေရေး၊ ဒေသတွင်း အသားစားသုံးမှု ဖူလုံပိုလျှံစေရေး အသားတိုးကြက်/ဝက်/ဆိတ်များ တိုးချဲ့မွေးမြူရန်၊ တိရစ္ဆာန်မွေးမြူသူများ ပိုမိုထိရောက်သော ပံ့ပိုးမှုရရှိစေရေး သမဝါယမအစုအဖွဲ့ဖြင့် ဆောင်ရွက်ရန် တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။ ၎င်းနောက် မင်းလှမြို့၊ လမ်းမတော်ရပ်ကွက်၌ နိုင်ငံ့စီးပွါးမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်ထားသော ဦးသန်းစိုးဦး၏ အသားတိုးဝက် DY မျိုး (၆၁)ကောင်၊ မျိုးဝက်မ(၉)ကောင် မွေးမြူထားရှိမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး သဘာဝပတ်ဝန်းကျင်ထိခိုက်မှုမရှိစေရေး၊ တိရစ္ဆာန်စွန့်ပစ် ပစ္စည်းများဖြင့် သဘာဝမြေဩဇာ ထုတ်လုပ်နိုင်ရေးနှင့် မျိုးကောင်းမျိုးသန့် ရရှိနိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။