ပဲခူး ဧပြီ ၂၂ ===================== ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ဧပြီလ(၂၂)ရက်နေ့၊ နံနက်(၉:၁၅)မိနစ်အချိန်က ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့၊ အမှတ်(၁) ရပ်ကွက်ရှိ ရွှေပြည်အေးကံထူးကျောင်းတိုက်၌ ဖွင့်လှစ်သင်ကြားနေသည့် ဗုဒ္ဓဘာသာ ယဉ်ကျေး လိမ္မာသင်တန်းသို့ သွားရောက်ကြည့်ရှုအားပေးခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းနှင့် အဖွဲ့သည် ရွှေပြည်အေးကံထူးကျောင်းတိုက် ကျောင်းထိုင်ဆရာတော်သို့ ဆန်၊ ဆီနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်လက်လှူဒါန်းခဲ့ပြီး ဖွင့်လှစ်သင်ကြားနေသည့် ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာသင်တန်း ဖွင့်လှစ်သင်ကြားနေမှုအား ကြည့်ရှုအားပေးကာ သင်တန်းတက်ရောက်နေသည့် ကလေးများအတွက် အဟာရမုန့်များ ပေးအပ်ခဲ့သည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းနှင့် အဖွဲ့သည် ပဲခူးတိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာနရုံးရှိ ငါးသားပေါက်စခန်းသို့ ရောက်ရှိခဲ့ပြီး စခန်းတာဝန်ခံ ဦးသူရမိုးမှ ငါးမြစ်ချင်း၊ ငါးခုံးမ၊ ခေါင်းပွငါးကြင်း၊ ငါးကြင်းဖြူ၊ တီလားပီးယား၊ ငွေရောင်ငါးကြင်း၊ ရွှေဝါငါးကြင်း၊ တောင်ပေါ် ငါးသလောက်များအား မြစ်ချောင်းများတွင် ဒေသငါးမျိုးများ စိုက်ထည့်မည့် အစီအမံ အား …
Read More »တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ပြောကြားခဲ့သည့် လမ်းညွှန်ချက်များ ရှင်းလင်းခြင်း အခမ်းအနား ကျင်းပပြုလုပ်
ပဲခူး ဧပြီ ၂၀ ===================== ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း ဦးဆောင်၍ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းဝေးခန်းမ၌ ဧပြီလ(၂၀)ရက်နေ့၊ မွန်းလွဲ(၂)နာရီအချိန်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ပြောကြားခဲ့သည့် လမ်းညွှန်ချက်များ ရှင်းလင်းခြင်းအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ပြောကြားခဲ့သည့် လမ်းညွှန်ချက်များနှင့် ပတ်သက်၍ ဌာနဆိုင်ရာများ သိရှိလိုက်နာ ဆောင်ရွက်သွားရန်နိုင်ရေး ရှင်းလင်း ပြောကြားခဲ့သည်။ ဆက်လက်၍ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း က မိမိတို့တိုင်းဒေသကြီးအတွင်း COVID-19 ရောဂါ ကူးစက်ပြန့်နှံမှု လျော့နည်းလာ သော်လည်း ကာကွယ်ထိန်းချုပ်ခြင်းလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆက်လက် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ စက်ရုံ/အလုပ်ရုံများ ပြန်လည်ဖွင့်လှစ်နိုင်ရေး စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ Social Media (Facebook) ပေါ်တွင် အမျိုးမျိုးသော အကြမ်းဖက်လှုံ့ဆော်မှုများကိုလည်း သတင်းပေးတိုင်ကြားရန်နှင့် ထိရောက်စွာလည်း အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဌာနဆိုင်ရာရုံးများ မီးဘေးအန္တရာယ် အထူးဂရုစိုက်ရမည်ဖြစ်ကြောင်း၊ …
Read More »ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း ဦးဆောင်၍ ပဲခူးမြို့၌ သက်ကြီးဘိုးဘွားများ ပူဇော်ကန်တော့ပွဲ ကျင်းပပြုလုပ်
ပဲခူး ဧပြီ ၁၇ ============= ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း ဦးဆောင်၍ ပဲခူးမြို့၌ သက်ကြီးဘိုးဘွားများ ပူဇော်ကန်တော့ပွဲ ဧပြီလ(၁၇)ရက်၊ မြန်မာနှစ်ဆန်း (၁)ရက်နေ့၊ နံနက်(၉)နာရီ အချိန်က ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေး ကောင်စီရုံး၌ ကျင်းပပြုလုပ်သည့် အသက်(၈၅)နှစ် အထက် ဘိုးဘွားပူဇော်ကန်တော့ပွဲ ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းနှင့် အဖွဲ့ဝင်များက နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားအား ဖွင့်လှစ်ပေးခဲ့ပြီး၊ ပဲခူးတိုင်း ဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက နှုတ်ခွန်းဆက်စကားပြောကြားခဲ့သည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းနှင့် အဖွဲ့ဝင်များက ကန်တော့ခံ အဘိုးအဘွား (၃၀)ဦးအား တစ်ဦးလျှင်(၃)သောင်းနှုန်း ဖြင့် ပူဇော်ကန်တော့ခဲ့ပြီး ကန်တော့ခံ ဘိုးဘွားများကိုယ်စား သပြေကုန်းဘိုးဘွားရိပ်သာမှ အဘိုး ဦးသိန်းဟန်က ဆုပေးစကား ပြောကြားခဲ့ကြောင်း သိရှိရသည်။ ပဲခူးတိုင်းဒေသကြီးအတွင်း အသက်(၈၅)နှစ်အထက် အဘိုး(၁၀၇၄၉)ဦးနှင့် အဘွား(၁၆၁၅) စုစုပေါင်း(၂၆၉၀၅)ဦးအား …
Read More »ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း ဦးဆောင်၍ ပဲခူးမြို့၌ ဇီဝိတဒါနငါးလွှတ်ပွဲ ကျင်းပပြုလုပ်
ပဲခူး ဧပြီ ၁၇ ==================== ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း ဦးဆောင်၍ ဇီဝိတဒါနငါးလွှတ်ပွဲ အခမ်းအနားအား ဧပြီလ(၁၇)ရက်၊ မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ်၊ နှစ်ဆန်းတစ်ရက်နေ့၊ နံနက်(၇:၄၅)အချိန်က ပဲခူးမြို့၊ အရှေ့ဘက်မြို့ရှောင်လမ်းပေါ်ရှိ ပဲခူးမြစ်ကူးတံတား(မြို့ဦးကင်း)အနီး၌ ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းနှင့် အဖွဲ့ဝင်များက ငါးမြစ်ချင်း၊ ငါးခုံးမနှင့် ရွှေဝါငါးကြင်း ကောင်ရေ(၂၅၀၀၀၀)တို့အား ပဲခူးမြစ်အတွင်းသို့ ဇီဝိတဒါန ဘေးမဲ့လွှတ်ပေးခဲ့ကြကြောင်း သိရှိရသည်။
Read More »ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ပဲခူးမြို့ ကျက်သရေဆောင် ရှေးဟောင်းသမိုင်းဝင် ရွှေမော်ဓောစေတီတော်မြတ်ကြီးအား ဖူမြော်ကြည်ညိုကာ စေတီတော်မြတ်ကြီး ရင်ပြင်တော် သန့်ရှင်းရေးဆောင်ရွက်ခြင်း ကို ကြည်ရှု့အားပေး
ပဲခူး ဧပြီ ၁၆ ============= ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းနှင့် အဖွဲ့ဝင်များသည် နှစ်သစ်ကူး အတာသင်္ကြန်အတတ်နေ့ ဧပြီလ (၁၆) ရက် နံနက် (၈)နာရီအချိန်က ပဲခူးမြို့ ကျက်သရေဆောင် ရှေးဟောင်းသမိုင်းဝင် ရွှေမော်ဓော စေတီတော်မြတ်ကြီးအား သွားရောက်ဖူးမြော်ကြည်ညို၍ စေတီတော်မြတ်ကြီး ရင်ပြင်တော် သန့်ရှင်းရေးဆောင် ရွက်နေကြသည်ကို ကြည့်ရှု့ အားပေးခဲ့ကြောင်း သိရသည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ သည် ရွှေမော်ဓောစေတီတော်မြတ်ကြီး မြောက်ဘက်မုဒ် တန်ဆောင်းအတွင်းရှိ ဗုဒ္ဓမြတ်စွာဘုရားများအား ပန်း၊ ဆီမီး၊ သောက်တော်ရေချမ်းများ ကပ်လှူပူဇော်ခြင်း၊ ဗုဒ္ဓမြတ်စွာဘုရားများအား ရွှေသင်္ကန်းများ ဆပ်ကပ်လှူဒါန်း ကုသိုလ်ယူခဲ့ကြသည်။ ထို့နောက် မြန်မာလူမျိုးတို့၏ ထုံးတမ်းအစဉ်အလာတစ်ရပ်နှင့်အညီ ရွှေမော်ဓော စေတီမြတ်ကြီးရှိ စေတီပုထိုးများအား ရေသပ္ပာယ်ခြင်း၊ ရင်ပြင်တော်အတွင်း သန့်ရှင်းရေးဆောင်ရွက်နေသည့် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များ၊ …
Read More »ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီမှ ဦးဆောင်၍ မြန်မာသက္ကရာဇ် ၁၃၈၂ခုနှစ်၊ ရုံးတွင်း မြန်မာ့ရိုးရာသင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်
ပဲခူး ဧပြီ ၁၃ ==================== ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီရုံးဝန်း မြက်ခင်းပြင်၌ ဧပြီလ(၁၃) ရက်နေ့၊ ညနေ(၄)နာရီအချိန်က မြန်မာသက္ကရာဇ် ၁၃၈၂ခုနှစ်၊ ရုံးတွင်း မြန်မာ့ရိုးရာ သင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း၊ ကောင်စီဝင်များနှင့် အတွင်းရေးမှူးတို့က မြန်မာသက္ကရာဇ် ၁၃၈၂ခုနှစ်၊ ရုံးတွင်း မြန်မာ့ရိုးရာသင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်းအနားအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး၊ အတာသင်္ကြန်ရေ ပက်ဖျန်းကာ ကြွရောက်လာကြသော ဧည့်ပရိတ်သတ်များကို မုန့်လုံးရေပေါ်ဖြင့် ဧည့်ခံကျွေးမွေးခဲ့သည်။ အဆိုပါ မြန်မာသက္ကရာဇ် ၁၃၈၂ခုနှစ်၊ ရုံးတွင်း မြန်မာ့ရိုးရာ သင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း၊ တရားသူကြီးချုပ်၊ ကောင်စီဝင်များ၊ အတွင်းရေးမှူး၊ ဥပဒေချုပ် အမှတ်(၇၇)ခြေမြန် တပ်မဌာနချုပ်၊ ဒုတိယတပ်မမှူး ဗိုလ်မှူးကြီး မိုးမင်းနိုင်နှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ …
Read More »ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း ဦးဆောင်စီစဉ်မှုဖြင့် တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများအား ဒုတိယအကြိမ် COVID-19ရောဂါ ကာကွယ်ဆေးထိုးနှံပေး
ပဲခူး ဧပြီ ၉ ================ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း ဦးဆောင်စီစဉ်မှုဖြင့် တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများအား ဒုတိယအကြိမ် COVID-19 ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းအား ဧပြီလ(၉) ရက်နေ့၊ နံနက်(၉:၀၀)အချိန်က ပဲခူးတိုင်း ဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီရုံး၊ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းနှင့် ကောင်စီ အဖွဲ့ဝင်များ၊တိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဝန်ထမ်းများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအား ပဲခူးတိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေးဝန်ထမ်းများက COVID-19ရောဂါ ကာကွယ်ဆေးနှင့်ပတ်သက်၍ သိကောင်းစရာများအား ရှင်းလင်းပြောကြားခဲ့ပြီး ဒုတိယအကြိမ် COVID-19ရောဂါ ကာကွယ်ဆေးအား ထိုးနှံပေးခဲ့ပြီး ကာကွယ်ဆေး(၂)ကြိမ် ထိုးနှံပြီးစီးမှု မှတ်တမ်းအား တစ်ဦးချင်းပေးအပ်ခဲ့ကြောင်း သိရှိရသည်။ ပထမအကြိမ် COVID-19ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းအား မတ်လ(၈)ရက်နေ့မှ မတ်လ(၁၂)ရက်နေ့အထိ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများကို လည်းကောင်း၊ ဒုတိယအကြိမ် …
Read More »ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း Bel Ga Myanmar Co., Ltd ၏ မျိုးကြက်ဥထုတ်လုပ်စက်ရုံတည်ဆောက်နေမှုအား သွားရောက်ကြည့်ရှု
ပဲခူး ဧပြီ ၈ ================ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းသည် ကောင်စီအဖွဲ့ဝင်များ၊ အတွင်းရေးမှူးနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများလိုက်ပါလျက် ဧပြီလ(၈)ရက်နေ့၊ နံနက်(၁၁:၄၅)အချိန်က ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့၊ ရန်ကုန်-မန္တလေးအမြန်လမ်း၊ (၃၅)မိုင်(၅)ဖာလုံ အနီး ဘယ်ဂျီယံနိုင်ငံမှ လာရောက်ရင်းနှီးမြှုပ်နှံနေသည့် Bel Ga Myanmar Co., Ltd ၏ မျိုးကြက်ဥထုတ်လုပ်သည့်စက်ရုံတည်ဆောက်နေမှုအား သွားရောက်ကြည့်ရှု အားပေးခဲ့သည်။ ရှေးဦးစွာ Bel Ga Myanmar Co., Ltd ၏ Farm(2) တည်ဆောက်ရေး ရှင်းလင်းဆောင်၌ မန်နေဂျင်းဒါရိုက်တာ Mr. Ben Cliteur က Farm(1) စက်ရုံလည်ပတ်နေမှုအခြေအနေ၊ Farm(2) စက်ရုံတည်ဆောက်နေမှုအခြေအနေ၊ ရင်းနှီးမြှုပ်နှံမှုအခြေအနေ၊ လျှပ်စစ်မီးရရှိရေးနှင့် ကုန်ထုတ်လမ်း လိုအပ်ချက်များအား Power Point ဖြင့် အသေးစိတ် ရှင်းလင်းတင်ပြခဲ့သည်။ …
Read More »တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ပဲခူးတိုင်းဒေသကြီးစီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းတက်ရောက်
ပဲခူး ဧပြီ ၂ =================== ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ အစည်းအဝေးခန်းမ၌ ဧပြီလ(၂) ရက်နေ့၊ မွန်းလွဲ(၂)နာရီအချိန်က ဌာနဆိုင်ရာလုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်ရာ ပဲခူးတိုင်း ဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း တက်ရောက်ခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက CDM လုပ်သည့် ဌာနဆိုင်ရာ ဝန်ထမ်းများအား မိမိတို့၏ သားသမီးများသဖွယ် နောက်ဆုံးအချိန်အထိ ရုံးတက်ရောက်စေရန် စည်းရုံးဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ၂၀၂၀-၂၀၂၁ခု ဘဏ္ဍာရေးနှစ် တစ်ဝက်ရောက်ပြီဖြစ်၍ တည်ဆောက်ရေးလုပ်ငန်းများ အရှိန်အဟုန်မပြတ် ဆက်လက်ဆောင်ရွက် သွားရန် လိုအပ်ကြောင်း၊ ဌာနဆိုင်ရာ နိုင်ငံ့ဝန်ထမ်းများ အနေဖြင့် နိုင်ငံတော်၏ လျှို့ဝှက်ချက် အက်ဥပဒေကို အထူးလေးစားလိုက်နာရန် မိမိတို့၏ ဝန်ထမ်းများအား အသိပေးပြောထားရန်နှင့် ရုံးပိတ်ရက်များပြားသည့်အတွက် ရုံးဌာနများမီးဘေးလုံခြုံရေးအား ဂရုစိုက်ရန် လမ်းညွန်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာသည့် တိုင်းဒေသကြီးအဆင့် …
Read More »ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း ပဲခူးတိုင်းဒေသကြီးအတွင်း အကျိုးတူပူးပေါင်း လယ်ယာစိုက်ပျိုးရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံ
ပဲခူး မတ် ၃၀ =================== ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ မတ်လ(၃၀) ရက်နေ့၊ မွန်းလွဲ(၂)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအတွင်း အကျိုးတူပူးပေါင်း လယ်ယာစိုက်ပျိုးရေး လုပ်ငန်းရှင်များနှင့်တွေ့ဆုံပွဲသို့ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း တက်ရောက်ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက စိုက်ပျိုးရေးကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းကို ခေတ်မီနည်းစနစ်များဖြင့် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက် ရာတွင် နိုင်ငံတော်အစိုးရနှင့် ဝန်ထမ်းများ၊ တောင်သူလယ်သမားများနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များ (Public,Private,Partnership) တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်မှသာလျှင် အချိန်တိုအတွင်း လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊ ယင်းသို့ ပူးပေါင်းဆောင်ရွက်ရာတွင် အကျိုးတူ ပူးပေါင်းလယ်ယာစိုက်ပျိုးရေးလုပ်ငန်း(Contract Farming System)သည် အထိရောက်ဆုံးနှင့် အကျိုးအရှိဆုံး လုပ်ငန်းစဉ်တစ်ရပ်ဖြစ်ကြောင်း၊ သမားရိုးကျ စိုက်ပျိုးထုတ်လုပ်မှုမှ စီးပွားဖြစ် စိုက်ပျိုးထုတ်လုပ်နိုင်သော ပုဂ္ဂလိက လယ်ယာလုပ်ငန်းကြီးများ ပေါ်ပေါက်လာစေရန်နှင့် အရည် အသွေးပြည့် …
Read More »